What's new
×
Warning
JUser: :_load: Unable to load user with ID: 845
မြန်မာနိုင်ငံမှ ချုပ်ထည်တွေ အများဆုံး တင်ပို့ခဲ့တာ ယခင်က ဂျပန် ဖြစ်ခဲ့ပြီး ယခုအခါ အီးယူဟာ
အဲဒီပမာဏထဲမှာ အပိုင်းအကန့်တွေ ပိုင်းကန့်ထားတာ အမြောက်အမြား ရှိနေပြီး အထည်ချုပ်လုပ်ငန်းတစ်ခုအနေဖြင့် မိမိနဲ့ အဆီလျော်ဆုံးဖြစ်မယ့် အပိုင်းအကန့်ကို ရွေးချယ်လုပ်ကိုင်ရင် ဝေစုတစ်ခု အနည်းနဲ့အများ ရရှိနိုင်တယ်။
ရောင်းအားဝေစု
အ၀တ်အစား ၀ယ်ယူခြင်း
Unicode
ဥရောပ အဝတ်အစားဈေးကွက်
မြန်မာနို်င်ငံမှ ချုပ်ထည်တွေ အများဆုံး တင်ပို့ခဲ့တာ ယခင်က ဂျပန် ဖြစ်ခဲ့ပြီး ယခုအခါ အီးယူဟာ အများဆုံးတင်ပို့တဲ့ ဈေးကွက် ဖြစ်ပါတယ်။
ဥရောပ အဝတ်အစား ဈေးကွက်က အလွန်ခေတ်မီတယ်။ အလွန်ဆန်းပြားတယ်။ အလွန်သွက်တယ်။ ပြီးတော့ အပိုင်းပိုင်း အကန့်ကန့်တွေ ပိုင်းကန့်ထားတယ်။
ဖွံ့ဖြိုးဆဲ နိုင်ငံမှ အထည်ချုပ်လုပ်ငန်းတစ်ခုအနဖြေင့် ကြားခံလုပ်ငန်းမထားဘဲ တိုက်ရိုက်ဝင်ရောက်လုပ်ကိုင်ဖို့ အတော်မလွယ်ဘူး။ ဒီတော့ တစ်ဆင့်ခံလုပ်ငန်းဖြင့် ဈေးကွက်ကို ဝင်ရောက်ကြတယ်။
ဥရောပဟာ ဆွဲဆောင်မှု ကြီးမားတဲ့ ဈေးကွက် ဖြစ်နေတယ်။ အရည်အသွေးမြင့်တဲ့ အဝတ်အစားမျိုးတွေကိုသာ လိုချင်ကြတဲ့ လူဦးရေက သန်း ၅ဝဝ ကျော်တယ်။
အဝတ်အစားတွေကို ဈေးနှုန်း အနိမ့်အမြင့်အရ ဝယ်ဝတ်ဖို့ တတ်နိုင်တာကို စဉ်းစားရင် ပထဝီအရ နှစ်ပိုင်းကွဲနေတယ်။ အရှေ့ဥရောပနိုင်ငံတွေက အနောက်ဥရောပနိုင်ငံတွေထက် နိမ့်ကျတယ်။
လစာဝင်ငွေအနေအထားမှာ အရှေ့ဥရောပက အနောက်ဥရောပထက် ပိုနည်းတာကြောင့် အဝတ်အစားအတွက် အကုန်ခံနိုင်တာမှာ အနောက်ဥရောပက သာတယ်။
ဥရောပတစ်ခုလုံးကို ခြုံငုံကြည့်ရင် အဝတ်အစားအတွက် သုံးစွဲမှုက ၂ဝ၁၆ ခုနှစ်မှာ ယူရို ၃၅ဝ လီလျံ ရှိခဲ့ပြီး ၂ဝ၁၇ ခုနှစ်မှာ ယူရို ၃၇၅ ဘီလျံ ဖြစ်လာတယ်။ ၂ဝ၂ဝ ခုနှစ်မှာ ယူရို ၃၇၉ ဘီလျံကျော်ရှိမယ်လို့ ခန့်မှန်းထားတယ်။
အဲဒီပမာဏထဲမှာ အပိုင်းအကန့်တွေ ပိုင်းကန့်ထားတာ အမြောက်အမြား ရှိနပြေီး အထည်ချုပ်လုပ်ငန်းတစ်ခုအနဖြေင့် မိမိနဲ့ အဆီလျော်ဆုံးဖြစ်မယ့် အပိုင်းအကန့်ကို ရွေးချယ်လုပ်ကိုင်ရင် ဝေစုတစ်ခု အနည်းနဲ့အများ ရရှိနိုင်တယ်။
ရောင်းအားဝေစု
Euromonitor European market ရဲ့ ထုတ်ပြန်ချက်အရ
ရောင်းအားအများဆုံးက တန်ဖိုးအရ ကြည့်ရင် အမျိုးသမီးနဲ့ မိန်းကလေးဝတ် အဝတ်အစားတွေက ထိပ်ဆုံးမှာ ရှိနေတယ်။ အကြီးမားဆုံး အပိုင်းအကန့် ဖြစ်ပြီး ၂ဝ၁၇ ခုနှစ်မှာ ယူရို ၁၃၅ ဘီလျံဖိုး ရောင်းချခဲ့ရတယ်။ ဝေစုကို ကြည့်ရင် တန်ဖိုးအားဖြင့် ၃၈ ရာခိုင်နှုန်းရှိပြီး ခုရေပမာဏအရကြည့်ရင် ၂ဝ ရာခိုင်နှုန်း ရှိတယ်။
အမျိုးသားနဲ့ ယောက်ျားလေးဝတ် အဝတ်အစားတွေကတော့ ဒုတိယ ရောင်းအားအများဆုံး ဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ်မှာ ယူရို ၉ဝ ဘီလျံဖိုး ရောင်းချခဲ့ရတယ်။ ဝေစုကို ကြည့်ရင် တန်ဖိုးအားဖြင့် ၂၅ ရာခိုင်နှုန်းရှိပြီး ခုရေပမာဏအရကြည့်ရင် ၁ဝ ရာခိုင်နှုန်း ရှိတယ်။
ရောင်းအား တတိယနေရာမှာ ရှိနေတာက အတွင်းခံ အဝတ်အစားတွဖြေစ်ပြီး ၂ဝ၁၇ ခုနှစ်မှာ ယူရို ၄၈ ဘီလျံဖိုး ရှိတယ်။ ဝေစုကို ကြည့်ရင် တန်ဖိုးအားဖြင့် ၁၆ ရာခိုင်နှုန်းရှိပြီး ခုရေပမာဏအရကြည့်ရင် ၂၅ ရာခိုင်နှုန်း ရှိတယ်။
ခြေအိတ် အတိုအရှည်၊ အထူအပါး အမျိုးမျိုးတို့က ရောင်းအား စတုတ္ထနေရာမှာ ရှိနပြေီး ၂ဝ၁၇ ခုနှစ်မှာ တန်ဖိုးအားဖြင့် ယူရို ၁၆ ဘီလျံ ရှိတယ်။ ဝေစုကို ကြည့်ရင် တန်ဖိုးအားဖြင့် ၅ ရာခိုင်နှုန်းရှိပြီး ခုရေပမာဏအရကြည့်ရင် ၂၃ ရာခိုင်နှုန်း ရှိတယ်။
အားကစားဝတ်စုံ၊ ရေကူးဝတ်စုံတွေက ပဉ္စမနေရာမှာ ရှိပြီး တန်ဖိုးအားဖြင့် ယူရို ၉ ဘီလျံရှိတယ်။ ဝေစုကို ကြည့်ရင် တန်ဖိုးအားဖြင့် ၃ ရာခိုင်နှုန်းရှိပြီး ခုရေပမာဏအရကြည့်ရင် ၂ ရာခိုင်နှုန်း ရှိတယ်။
အဝတ်အစား ဝယ်ယူခြင်း
ဥရောပသမဂ္ဂ အီးယူမှာ နိုင်ငံပေါင်း ၂၈ နိုင်ငံ ပါဝင်တယ်။ ဥရောပရဲ့ အဝတ်အစားအတွက် အသုံးစရိတ်စုစုပေါင်းရဲ့ ၇၃ ရာခိုင်နှုန်းကို နိုင်ငံ ၅ ခုက သုံးစွဲကြတယ်။ အဲဒီ ၅ နိုင်ငံက ယူကေ၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ်နဲ့ စပိန်တို့ ဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံဟာ လူဦးရေ အရွယ်အစားငယ်ပေမဲ့ ကြီးထွားနှုန်းမြင့်မားနေတာမို့ ပရီမီယံနှစ်ခြိုက်မှု ရှိနေတယ်။ ဒီတော့ ဈေးကြီးပြီး အရည်အသွေးလည်း မြင့်မားတဲ့ အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်လာကြတယ်။ ပြီးတော့ ဂေဟစနစ် ထိန်းသိမ်းမှုကို အကျိုးပြုတဲ့ အဝတ်အစားတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ခံယူချက်ဖြင့် ဦးစားပေး ရွေးချယ်ကြတယ်။ အဲဒီလို အဝတ်အစား ဝတ်ခြင်းဖြင့် ကမ္ဘာသူကမ္ဘာသားတစ်ဦးရဲ့ တာဝန် ကျေပွန်ခြင်းတစ်ရပ်လို့ သဘောထားအမြင် ရှိကြတယ်။ ဒီတော့ ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့ ဖက်ရှင်ကျကျ ဝတ်ဆင်ခြင်းတို့ကို မျှမျှတတဖြင့် စဉ်းစားရွေးချယ်ကြတယ်။
ဥရောပနိုင်ငံတွေရဲ့ သွင်းကုန်အပေါ် စည်းကြပ်တဲ့ အကောက်ခွန်နှုန်းထားတွေဟာ ကမ္ဘာပေါ်မှာ အနည်းဆုံးတွေထဲမှာ ပါဝင်ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ LCD Least Developed Countries အတွက် တံခါးအဖွင့်ပေးထားဆုံး ဈေးကွက်ကြီးတစ်ခု ဖြစ်ပါတယ်။ အကောက်ခွန် ကင်းလွတ်ခွင့် ပေးထားခြင်းဟာ အယ်လ်စီဒီနိုင်ငံများအဖို့ အားသာချက်တစ်ခု ရရှိနေစခြေင်း ဖြစ်ပါတယ်။
ဥရောပသမဂ္ဂ အီးယူမှာ နိုင်ငံပေါင်း ၂၈ နိုင်ငံ ပါဝင်တယ်။ ဥရောပရဲ့ အဝတ်အစားအတွက် အသုံးစရိတ်စုစုပေါင်းရဲ့ ၇၃ ရာခိုင်နှုန်းကို နိုင်ငံ ၅ ခုက သုံးစွဲကြတယ်။ အဲဒီ ၅ နိုင်ငံက ယူကေ၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ်နဲ့ စပိန်တို့ ဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံဟာ လူဦးရေ အရွယ်အစားငယ်ပေမဲ့ ကြီးထွားနှုန်းမြင့်မားနေတာမို့ ပရီမီယံနှစ်ခြိုက်မှု ရှိနေတယ်။ ဒီတော့ ဈေးကြီးပြီး အရည်အသွေးလည်း မြင့်မားတဲ့ အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်လာကြတယ်။ ပြီးတော့ ဂေဟစနစ် ထိန်းသိမ်းမှုကို အကျိုးပြုတဲ့ အဝတ်အစားတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ခံယူချက်ဖြင့် ဦးစားပေး ရွေးချယ်ကြတယ်။ အဲဒီလို အဝတ်အစား ဝတ်ခြင်းဖြင့် ကမ္ဘာသူကမ္ဘာသားတစ်ဦးရဲ့ တာဝန် ကျေပွန်ခြင်းတစ်ရပ်လို့ သဘောထားအမြင် ရှိကြတယ်။ ဒီတော့ ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့ ဖက်ရှင်ကျကျ ဝတ်ဆင်ခြင်းတို့ကို မျှမျှတတဖြင့် စဉ်းစားရွေးချယ်ကြတယ်။
Read 1099 times
Rate this item
(1 Vote)