What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Cutting Machines: Semi-automatic cutting machine

အထည္ခ်ဳပ္ ထုတ္လုပ္မႈမွာ အထည္သား ျဖတ္ေတာက္ျခင္းဟာ လုပ္ငန္းစဥ္တစ္ခု ျဖစ္ပါတယ္။ ခ်ဳပ္ထည္ေတြ အမ်ားအျပား

ခ်ဳပ္လုပ္တဲ့အခါ အထည္သားကုိ အလႊာလႊာ အထပ္ထပ္ ထပ္ၿပီး လုိအပ္တဲ့ပုံေတြအတုိင္း လုိအပ္တဲ့အပုိင္းအစေတြကုိ ျဖတ္ေတာက္ၾကတာမွာ စက္ေတြကုိ သုံးစြဲၾကတယ္။ အဲဒီအတြက္ ျဖတ္စက္ အမ်ဳိးမ်ဳိး ရွိေနတယ္။ လုိအပ္ခ်က္ သေဘာသဘာ အမ်ဳိးမ်ဳိး ရွိေနတာမွာ ကုိက္ညီမယ့္စက္ကုိ ေရြးခ်ယ္သုံးစြဲၾကတယ္။ ဆီမီး ေအာ္တုိမက္တစ္နဲ႔ အျပည့္အ၀ ေအာ္တုိမက္တစ္ စက္ေတြ သုံးစြဲျခင္းျဖင့္ ထုတ္လုပ္မႈစြမ္းပကားကုိ တုိးေစတယ္။ ျဖတ္ေတာက္တာမွာ တိက်မွန္ကန္မႈကုိ တုိးတက္ေကာင္းမြန္ေစပါတယ္။
ျဖတ္ေတာက္တဲ့ စက္နဲ႔ ကိရိယာေတြကုိ ေယဘုယ်အားျဖင့္ သုံးမ်ဳိးခြဲျခားသတ္မွတ္ပါတယ္။
၁။ Manual cutting လက္ျဖင့္ ျဖတ္ျခင္း
၂။ Semi-automatic cutting machine ဆီမီး ေအာ္တုိမက္တစ္ျဖတ္စက္
၃။ Fully automatic cutting machine အျပည့္အ၀ ေအာ္တုိမက္တစ္ ျဖတ္စက္

၁။ Manual cutting လက္ျဖင့္ ျဖတ္ျခင္း
ဒီအမ်ဳိးအစားက ေရွး႐ုိးစဥ္ဘာ အ၀တ္စ ျဖတ္ေတာက္တဲ့နည္းပါ။ ကက္ေၾကးျဖင့္ ကုိက္ျဖတ္တာျဖစ္ပါတယ္။ စက္ေတြ ဘယ္လုိသုံးသုံး၊ စက္ေတြ ဘယ္လုိေကာင္းေကာင္း အထည္ခ်ဳပ္တဲ့အခါ ကက္ေၾကးကေတာ့ ပစ္ပယ္လုိ္႔ မရပါဘူး။

၂။ Semi-automatic cutting machine ဆီမီး ေအာ္တုိမက္တစ္ျဖတ္စက္

ဒီေခါင္းစဥ္ေအာက္မွာ စက္ေတြ အမ်ဳိးမ်ဳိး ရွိေနတယ္။ လုိအပ္ခ်က္ေတြကုိ ျဖည့္ဆည္းေပးႏုိင္ဖုိ႔ ႀကံဆတီထြင္ ထုတ္လုပ္ထားၾကတယ္။ စက္ကုိ လူက တစ္ခ်ိန္လုံး အဆက္မျပတ္ ထိန္းေက်ာင္းေပးေနၿပီး စက္က အလုိအေလ်ာက္ ျဖတ္သြားလုိ႔ တစ္စိတ္တစ္ပုိင္း အလုိအေလ်ာက္ Semi-automatic လုိ႔ ေျပာၾကရတာ ျဖစ္ပါတယ္။

Straight knife cutting machine 1thone

Straight Knife cutting machine:
Straight Knife ျဖတ္စက္ေတြကုိ အသုံးမ်ားၾကတယ္။ အထည္သား အလႊာလႊာ ထပ္ထားတာကုိ သမား႐ုိးက် ျဖတ္ေတာက္ခန္းထဲ ျဖစ္တဲ့အခါ ဓားအေျဖာင့္ျဖတ္စက္က ဘက္စုံသုံးလုိ႔ရတယ္။ ကုိင္တြယ္ၿပီး ေနရာေရႊ႕လုိ႔ လြယ္တယ္။ band knife ထက္ ေဈးသက္သာတယ္။ အေကြးအေကာက္ေတြျဖတ္ေတာက္ရင္ round knife ထက္ ပုိတိက်တယ္။ အားကုိးရတယ္။ ျပဳျပင္ထိန္းသိမ္းဖုိ႔ လြယ္ကူတယ္။ band knife ကုိ အဓိကအားျဖင့္ သုံးစြဲတယ္ဆုိရင္ေတာင္ အထည္သား အလႊာအထပ္ကုိ ကုိင္ရတြယ္ရလြယ္ကူေအာင္ အပုိင္းေတြ အရင္ဆုံး ျဖတ္ေတာက္တဲ့အခါ straight knife ကုိ သုံးၾကပါတယ္။ စက္မွာ ဓားေသြးေက်ာက္ပါ ပါၿပီးသား ျဖစ္ပါတယ္။ ျဖတ္ေတာက္ေနစဥ္ ဓားသြားကုိ ေသြးေပးေနတယ္။ ကင္းဘတ္နဲ ႔ ဂ်င္းသား အသားထူထူေတြ အထပ္လုိက္ရွိေနတာကုိ ျဖတ္ေပးႏုိင္စြမ္း ရွိတယ္။

 

band knife cutting

Band Knife cutting machine:
Band Knife ကုိ တိက်မႈ ပုိေကာင္းဖုိ႔ လုိရင္ သုံးၾကတယ္။ straight knife ထက္ ပုိတိက်တယ္။ အထည္သား အပုိင္းေတြ အရင္ျဖတ္ရတယ္။ ၿပီးမွာ အပုိင္းတစ္ပုိင္းကုိ အပုံလုိက္ ေနရာေရႊ႕ၿပီး ျဖတ္ေတာက္ရတယ္။ အဲဒါေၾကာင့္ တစ္ခ်က္မွ မျဖတ္ရေသးတဲ့ အထည္သား အလႊာအလြာကုိ တန္းၿပီး Band Knife နဲ႔ ျဖတ္ဖုိ႔ မျဖစ္ႏုိင္ဘူး။ အထည္သာားအပုံကုိ လုိက္တိေပးၿပီး အတိအက် ျဖတ္ဖုိ႔ သုံးတယ္။ Band Knife က လႊနဲ႔ တုိက္ျဖတ္သလုိမ်ဳိး ျဖတ္ေပးတယ္။ လႊစက္အေသးစားေလးလုိမ်ဳိး ျဖစ္ပါတယ္။ ဓားက ေထာင္လုိက္ တက္ဆင္းေျပးေနတာကုိ အ၀တ္ပုံ ေနရာေရႊ႕ေပးၿပီး လုိက္ျဖတ္ခုိင္းတာ ျဖစ္ပါတယ္။ ေသးငယ္တဲ့အပုိင္းေတြကုိ ပုိမုိတိက်စြာျဖင့္ ျဖတ္ေတာက္ဖုိ႔ သုံးၾကတယ္။

Round knife cutting machine

Round knife cutting machine:
Round knife ကုိ အေျဖာင့္ျဖတ္ဖုိ႔အတြက္သာ သုံးလုိ႔ရတယ္။ ၿပီးေတာ့ အထည္သားေတြ ျဖတ္ဖုိ႔ ထပ္ထားတာမွာ အလႊာနည္းမွာ ျဖတ္လုိ႔ရတယ္။

die cutting machine for fabric

Die cutting machine:
အ၀တ္အစားမွာ အလွအဆင္တန္ဆာအျဖစ္ ထည့္ခ်ဳပ္ေပးမယ့္ အပုိင္းအစကေလးေတြကုိ ျဖတ္ေတာက္တာမွာ သုံးၾကတယ္။ အဲဒီအပုိင္းအစရဲ႕ ပုံပန္းသဏၭာန္အတုိင္း အတိအက် ျဖတ္ေတာက္ေပးဖုိ႔ လုိရင္ သုံးၾကတယ္။

Uni

အထည်ချုပ် ထုတ်လုပ်မှုမှာ အထည်သား ဖြတ်တောက်ခြင်းဟာ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ ချုပ်ထည်တွေ အများအပြား ချုပ်လုပ်တဲ့အခါ အထည်သားကို အလွှာလွှာ အထပ်ထပ် ထပ်ပြီး လိုအပ်တဲ့ပုံတွေအတိုင်း လိုအပ်တဲ့အပိုင်းအစတွေကို ဖြတ်တောက်ကြတာမှာ စက်တွေကို သုံးစွဲကြတယ်။ အဲဒီအတွက် ဖြတ်စက် အမျိုးမျိုး ရှိနေတယ်။ လိုအပ်ချက် သဘောသဘာ အမျိုးမျိုး ရှိနေတာမှာ ကိုက်ညီမယ့်စက်ကို ရွေးချယ်သုံးစွဲကြတယ်။ ဆီမီး အော်တိုမက်တစ်နဲ့ အပြည့်အဝ အော်တိုမက်တစ် စက်တွေ သုံးစွဲခြင်းဖြင့် ထုတ်လုပ်မှုစွမ်းပကားကို တိုးစေတယ်။ ဖြတ်တောက်တာမှာ တိကျမှန်ကန်မှုကို တိုးတက်ကောင်းမွန်စေပါတယ်။
ဖြတ်တောက်တဲ့ စက်နဲ့ ကိရိယာတွေကို ယေဘုယျအားဖြင့် သုံးမျိုးခွဲခြားသတ်မှတ်ပါတယ်။
၁။ Manual cutting လက်ဖြင့် ဖြတ်ခြင်း
၂။ Semi-automatic cutting machine ဆီမီး အော်တိုမက်တစ်ဖြတ်စက်
၃။ Fully automatic cutting machine အပြည့်အဝ အော်တိုမက်တစ် ဖြတ်စက်

၁။ Manual cutting လက်ဖြင့် ဖြတ်ခြင်း
ဒီအမျိုးအစားက ရှေးရိုးစဉ်ဘာ အဝတ်စ ဖြတ်တောက်တဲ့နည်းပါ။ ကက်ကြေးဖြင့် ကိုက်ဖြတ်တာဖြစ်ပါတယ်။ စက်တွေ ဘယ်လိုသုံးသုံး၊ စက်တွေ ဘယ်လိုကောင်းကောင်း အထည်ချုပ်တဲ့အခါ ကက်ကြေးကတော့ ပစ်ပယ်လို့် မရပါဘူး။

၂။ Semi-automatic cutting machine ဆီမီး အော်တိုမက်တစ်ဖြတ်စက်
ဒီခေါင်းစဉ်အောက်မှာ စက်တွေ အမျိုးမျိုး ရှိနေတယ်။ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြံဆတီထွင် ထုတ်လုပ်ထားကြတယ်။ စက်ကို လူက တစ်ချိန်လုံး အဆက်မပြတ် ထိန်းကျောင်းပေးနပြေီး စက်က အလိုအလျောက် ဖြတ်သွားလို့ တစ်စိတ်တစ်ပိုင်း အလိုအလျောက် Semi-automatic လို့ ပြောကြရတာ ဖြစ်ပါတယ်။

Straight knife cutting machine 1thone

Straight Knife cutting machine:
Straight Knife ဖြတ်စက်တွေကို အသုံးများကြတယ်။ အထည်သား အလွှာလွှာ ထပ်ထားတာကို သမားရိုးကျ ဖြတ်တောက်ခန်းထဲ ဖြစ်တဲ့အခါ ဓားအဖြောင့်ဖြတ်စက်က ဘက်စုံသုံးလို့ရတယ်။ ကိုင်တွယ်ပြီး နေရာရွှေ့လို့ လွယ်တယ်။ band knife ထက် ဈေးသက်သာတယ်။ အကွေးအကောက်တွဖြေတ်တောက်ရင် round knife ထက် ပိုတိကျတယ်။ အားကိုးရတယ်။ ပြုပြင်ထိန်းသိမ်းဖို့ လွယ်ကူတယ်။ band knife ကို အဓိကအားဖြင့် သုံးစွဲတယ်ဆိုရင်တောင် အထည်သား အလွှာအထပ်ကို ကိုင်ရတွယ်ရလွယ်ကူအောင် အပိုင်းတွေ အရင်ဆုံး ဖြတ်တောက်တဲ့အခါ straight knife ကို သုံးကြပါတယ်။ စက်မှာ ဓားသွေးကျောက်ပါ ပါပြီးသား ဖြစ်ပါတယ်။ ဖြတ်တောက်နေစဉ် ဓားသွားကို သွေးပေးနေတယ်။ ကင်းဘတ်နဲ့ ဂျင်းသား အသားထူထူတွေ အထပ်လိုက်ရှိနေတာကို ဖြတ်ပေးနိုင်စွမ်း ရှိတယ်။

 

band knife cutting


Band Knife cutting machine:

Band Knife ကို တိကျမှု ပိုကောင်းဖို့ လိုရင် သုံးကြတယ်။ straight knife ထက် ပိုတိကျတယ်။ အထည်သား အပိုင်းတွေ အရင်ဖြတ်ရတယ်။ ပြီးမှာ အပိုင်းတစ်ပိုင်းကို အပုံလိုက် နေရာရွှေ့ပြီး ဖြတ်တောက်ရတယ်။ အဲဒါကြောင့် တစ်ချက်မှ မဖြတ်ရသေးတဲ့ အထည်သား အလွှာအလွာကို တန်းပြီး Band Knife နဲ့ ဖြတ်ဖို့ မဖြစ်နိုင်ဘူး။ အထည်သားအပုံကို လိုက်တိပေးပြီး အတိအကျ ဖြတ်ဖို့ သုံးတယ်။ Band Knife က လွှနဲ့ တိုက်ဖြတ်သလိုမျိုး ဖြတ်ပေးတယ်။ လွှစက်အသေးစားလေးလိုမျိုး ဖြစ်ပါတယ်။ ဓားက ထောင်လိုက် တက်ဆင်းပြေးနေတာကို အဝတ်ပုံ နေရာရွှေ့ပေးပြီး လိုက်ဖြတ်ခိုင်းတာ ဖြစ်ပါတယ်။ သေးငယ်တဲ့အပိုင်းတွေကို ပိုမိုတိကျစွာဖြင့် ဖြတ်တောက်ဖို့ သုံးကြတယ်။

 

 

Round knife cutting machine

Round knife cutting machine:
Round knife ကို အဖြောင့်ဖြတ်ဖို့အတွက်သာ သုံးလို့ရတယ်။ ပြီးတော့ အထည်သားတွေ ဖြတ်ဖို့ ထပ်ထားတာမှာ အလွှာနည်းမှာ ဖြတ်လို့ရတယ်။

 

die cutting machine for fabric

Die cutting machine:
အဝတ်အစားမှာ အလှအဆင်တန်ဆာအဖြစ် ထည့်ချုပ်ပေးမယ့် အပိုင်းအစကလေးတွေကို ဖြတ်တောက်တာမှာ သုံးကြတယ်။ အဲဒီအပိုင်းအစရဲ့ ပုံပန်းသဏ္ဌာန်အတိုင်း အတိအကျ ဖြတ်တောက်ပေးဖို့ လိုရင် သုံးကြတယ်။

 

Read 2052 times
Rate this item
(0 votes)