What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သဘာဝဆိုးဆေးတွေသုံးစွဲခြင်း၊ ဝတ်ဆင်ခြင်းအကျိုးကျေးဇူးတွေနဲ့ ကောင်းမွန်တဲ့အချက်တွေ

သဘာဝဆိုးဆေးတွေသုံးစွဲခြင်း၊ ဝတ်ဆင်ခြင်းအကျိုးကျေးဇူးတွေနဲ့ ကောင်းမွန်တဲ့အချက်တွေ amara khit

သဘာဝဆိုးဆေးတွေသုံးစွဲခြင်း၊ ဝတ်ဆင်ခြင်းအကျိုးကျေးဇူးတွေနဲ့ ကောင်းမွန်တဲ့အချက်တွေကို  အများသိရှိအောင် စေတနာဖြင့်ပြောပြပါရစေရှင်။ သဘာဝဆိုးဆေးနဲ့ပတ်သတ်လို့ အကြိုမိတ်ဆက်ပေးပါရစေဦး။

သဘာဝဆိုးဆေးဆိုတာ သဘာဝကရရှိသည့်အပင်များရဲ့ အမြစ်၊ အစေ့၊ အခေါက်၊ ပင်စည်၊ အသီး၊ အရွက်၊ အစေးတို့ကို ဓာတုဗေဒဆိုးဆေးများ လုံးဝအသုံးမပြုဘဲ သဘာဝဆိုးဆေးအဖြစ် အရောင်အမျိုးမျိုးရရှိအောင် သုံးစွဲခြင်းဖြစ်ပါတယ်။ သဘာဝဆိုးဆေးဟာ အပင်တို့ရဲ့ အခေါက်၊ အရွက်၊ အသီး၊ အပွင့်တို့ကို သူတို့ရဲ့ သဘာဝအရောင်ရအောင်ပြုလုပ်ပြီး မိမိလိုချင်တဲ့အရောင်အနုရတဲ့အထိ အကြိမ်ကြိမ် ထပ်ခါတလဲလဲ ဆိုးရတဲ့နည်းဖြစ်လို့ အချိန်များစွာကုန်တဲ့ ဆေးဆိုးနည်းဖြစ်ပါတယ်။ 



ဓါတုဗေဒဓာတ်ဆိုးဆေးတွေကတော့ အချိန်တိုအတွင်း စက်ဖြင့်အများကြီး လျင်မြန်အောင်ဆေးဆိုးနိုင်တဲ့အတွက်... အချိန်ကုန်ပြီး ပင်ပန်းသော သဘာဝဆိုးဆေး နည်းပညာကို အသုံးပြုမှုမရှိသလောက်ကို နည်းပါးလာပါတယ်။

ဟိုးအရင် မြတ်စွာဘုရားရှိစဉ်အခါကတည်းက သံဃာတော်များအတွက် သင်္ကန်းရောင်ရအောင် နွားချေး၊ မြေနီတို့နဲ့ အရောင်စိုးခဲ့ကြတယ်။ သီတင်းစေ့ကထွက်ရှိတဲ့ အရောင်တွေဟာဆိုရင် သင်္ကန်းဆိုးဖို့သင့်တော်သလိုမျိုး ယောနယ်ထွက်လုံချည်တို့၏ အနက်ရောင်အတွက် သဘာဝမဲပင်ရဲ့ အရွက်ကိုအသုံးပြုကြပါတယ်။ အရောင်အနုအရင့်ကိုလိုက်ပြီး အကြိမ်ကြိမ်ထပ်ဆိုးခြင်းဖြင့် ကိုယ်လိုချင်တဲ့အရောင်ရဖို့ ခန့်မှန်းဆိုးကြရပါတယ်။

ဆေးဆိုးပြီးတဲ့နောက် ဆေးရောင်ခိုင်ခံ့အောင် ပိုကြာရှည်ခံအောင် ဓါတုဗေဒချုပ်ဆေးအစား သဘာဝချုပ်ဆေးအဖြစ် ပြာရည်၊ ဆားရည်၊ ကျောက်ချည်ရည်၊ မန်ကျည်းသီးမှည့်ရည်၊ ထုံးရည်၊ သံချေးရည်၊ ရွှံဗွက်တို့ကိုသဘာဝချုပ်ဆေးအနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ ရရှိလိုတဲ့ သဘာဝဆိုးဆေးအရောင်ပေါ်မူတည်ပြီး အပေါ်မှာဖော်ပြလိုက်တဲ့ ချုပ်ဆေးတွေကို အလျဉ်းသင့်သလို အသုံးပြုရပါတယ်။

ဓါတုဆိုးဆေးတွေဟာ အရေပြားယားယံခြင်း (ဓာတ်မတည့်ရင်) ဖြစ်တတ်ပါတယ်။ သဘာဝဆိုးဆေးတွေကတော့ ဘယ်အရေပြားမျိုးနဲ့မဆိုသင့်တော်ပြီး ကျန်းမာရေးရှုထောင့်ကကြည့်ရင် လူကိုဘေးဥပါဒ်ဖြစ်စေတတ်တဲ့ပစည်းများလုံးဝမပါဝင်တဲ့အတွက်ကြောင့် သဘာဝဆိုးဆေးအသုံးပြုထားတဲ့ ချည်ထည်များဝတ်ဆင်တဲ့အခါ နွေရာသီမှာ အေးမြစေပြီး ဆောင်းရာသီမှာ နွေးထွေးတဲ့ အရသာကိုခံစားရစေပါတယ်။ 
source: amara khit

Read 1780 times
Rate this item
(2 votes)