What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Automatic Spreading Machine Guide

(Zaw+Uni)အေျမာက္အျမား ခ်ဳပ္လုပ္မယ့္ အဝတ္အစားေတြအတြက္ ခ်ဳပ္ဖုိ႔ အပုိင္းေတြ ျဖတ္ေတာက္ဖုိ႔ အထည္အလိပ္ကုိ အလိပ္ေျဖၿပီး လုိသလုိ အပုိင္းေတြ ျဖတ္ေတာက္မယ့္ စားပြဲရွည္ေပၚမွာ ျဖန္႔ခင္းၾကရတယ္။

အလႊာလႊာအထပ္ထပ္ ျဖန္႔ခင္းၾကတယ္။ ယခုအခါမွာ စက္ကုိ အသုံးျပဳၿပီး ျဖန္႔ခင္းၾကတယ္။ ဒီေတာ့ ျမန္ဆန္တယ္။ လူသက္သာတယ္။ အက်ဳိးထိေရာက္မႈ ပုိေကာင္းတယ္။
အထည္သားျဖန္႔စက္ကုိ စားပြဲရွည္ရဲ႕ အစြန္းတစ္ဖက္မွာ ထားရွိၿပီး အထည္အလိပ္ကုိ စက္မွာ ေနရာခ်တယ္။ စက္ကုိ စခင္းခုိင္းလုိက္တဲ့အခါ စားပြဲရွည္တစ္ေလွ်ာက္ ေရြ႕လ်ားၿပီး ေခါက္တု႔ံေခါက္ျပန္ သြားလာကာ တစ္လႊာၿပီး တစ္လႊာ ခင္းေပးသြားပါတယ္။ တစ္လႊာကုိ ခင္းတာ သတ္မွတ္အလ်ား ျပည့္တဲ့အခါ ရပ္လုိက္ၿပီး အစကုိ ျဖတ္ေတာက္လုိက္တယ္။ ၿပီးရင္ ေနာက္တစ္လႊာကုိ အျပန္ခရီးမွာ ထပ္ခင္းေပးတယ္။ အဲဒီလုိ စားပြဲရွည္မွာ ေခါက္တုံ႔ေခါက္ျပန္ သြားလာၿပီး တစ္လႊာၿပီးတစ္လႊာ အထပ္ထပ္ ျဖန္႔ခင္းေပးတယ္။ ေနာက္ဆုံးမွာ အနည္းငယ္ပုိေနတဲ့ အစသာ က်န္ရွိေတာ့တဲ့အခါ ျဖန္႔ခင္းတာ ၿပီးဆုံးသြားတယ္။ ဘယ္ႏွလႊာ ထပ္ခင္းမယ္။ ဘယ္ေလာက္အလ်ားအထိ ခင္းမယ္ဆုိတာေတြကုိ တြက္ခ်က္သတ္မွတ္ေပးထားတဲ့အတုိင္း အထပ္ထပ္လႊာလႊာ ခင္းၿပီးၿပီမုိ႔ ျဖတ္စက္ျဖင့္ ျဖတ္ဖုိ႔ အဆင့္ကုိ ေရာက္ရွိၿပီ ျဖစ္ပါတယ္။ တခ်ဳိ႕စက္ေတြမွာ မျပန္႔တဲ့ေနရာေတြ လူက တုတ္ရွည္ျဖင့္ လုိက္ျဖန္႔ေပးရတာ၊ အနားေတြမွာ ၾကြတက္ေနတာေတြ လုိက္ဖိျဖန္႔ေပးရတာေတြ လူႏွစ္ေယာက္က စားပြဲရွည္ရဲ႕ တစ္ဖက္တစ္ခ်က္စီမွာ ေနရာယူၿပီး လုိက္လုပ္ေပးရပါတယ္။ ပုိေခတ္မီတဲ့ ျဖန္႔ခင္းစက္ေတြမွာေတာ့ အနားစြန္ ၾကြတက္တာကုိပါ စက္က ဖိေပးသြားပါတယ္။ လူက လုိက္ၾကည့္ေပးေန႐ုံပါပဲ။
အခုလုိ စက္ကုိ သံုးတဲ့အတြက္ ျဖန္႔ခင္းၿပီးခ်ိန္မွာ မ်က္ႏွာျပင္တင္းအား တစ္ေျပညီ ျဖစ္ေနၿပီး လႈိင္းထတာ၊ တြန္႔တာ၊ အလႊာအထပ္ေတြအၾကား ပြတာက်စ္တာကြဲလြဲမႈ ကင္းပါတယ္။
ျဖန္႔ခင္းတဲ့ အျမန္ႏႈန္းကုိ အထည္လိပ္ ေျဖေပးတဲ့ႏႈန္းနဲ႔ အခ်ိန္ကုိက္ေအာင္ ကြန္ပ်ဴတာမွ ထိန္းေက်ာင္းေပးျခင္းျဖင့္ အထည္သား အတင္းအေလ်ာ့ တင္းလြန္းျခင္း၊ ေလ်ာ့လြန္းျခင္း ကင္းေစပါတယ္။
မ်ားေသာအားျဖင့္ အနံ ၂ မီတာအထိ ျဖန္႔ခင္းစက္ေတြက လုပ္ကုိင္ေပးႏုိင္ၾကပါတယ္။ အနံပုိက်ယ္တာအတြက္ ၃ မီတာအထိ လုပ္ကုိင္ေပးႏုိင္တဲ့ စက္ေတြလည္း ရွိပါတယ္။ အထည္အလိပ္ရဲ႕ အေလးခ်ိန္ လုပ္ကုိင္ေပးႏုိင္ပုံကလည္း စက္အႀကီးအေသးအရ ကြာျခားပါတယ္။ စက္အႀကီးေတြဟာ ၁၂ဝ ကီလုိဂရမ္အထိ လုပ္ကုိင္ေပးႏုိင္ပါတယ္။ အလႊာလႊာ ျဖန္႔ခင္းၿပီး ထပ္တဲ့ ဒုအျမင့္က မ်ားေသာအားျဖင့္ ၂၈ စင္တီမီတာအထိ ရပါတယ္။
ျဖန္႔ခင္းတဲ့အခါ အထည္သားရဲ႕ ေရွ႕ဘက္နဲ႔ ေက်ာဘက္ မ်က္ႏွာခ်င္းဆုိင္ ထပ္ၿပီး ခင္းတာရွိသလုိ တစ္ဘက္တည္းကုိပဲ ခင္းတာလည္း ရွိပါတယ္။ တစ္ဘက္တည္းကုိပဲ အေပၚဘက္မွာ ထားၿပီး ခင္းမယ္ဆုိရင္ေတာ့ တစ္ေၾကာင္းေျပးၿပီးသြားရင္ အျပန္မွာ ခင္းတာကုိ ရပ္ေပးထားမွာ ျဖစ္ပါတယ္။ အဆုံးအထိ ျပန္ေရာက္ၿပီး ေနာက္တစ္ေၾကာင္း စေျပးေတာ့မွ စတင္ျဖန္႔ခင္းေပးမွာ ျဖစ္ပါတယ္။ မ်က္ႏွာခ်င္းဆုိင္ ခင္းတယ္ဆုိရင္ေတာ့ အသြားေရာ အျပန္ေရာ ေတာက္ေလွ်ာက္ ခင္းေပးေနမွာ ျဖစ္ပါတယ္။

ျဖန္႔ခင္းစက္ automatic spreading machine ကုိ သုံးမလား မသုံးဘူးလားဆုိတာကေတာ့ အဓိကအားျဖင့္ အထည္ခ်ဳပ္စက္႐ုံရဲ႕ ခ်ဳပ္အားအေပၚမွာ မူတည္ပါတယ္။ ျဖတ္တာက ျမန္ဆန္ေနၿပီး အထည္ခ်ဳပ္သမ အင္အားက အမီလုိက္ၿပီး မခ်ဳပ္ႏုိင္ရင္ စက္အတြက္ ရင္းရက်ဳိး ႏွပ္မွာ မဟုတ္ဘူး။ ဒီေတာ့ ကုန္က်စရိတ္နဲ႔ အက်ဳိးရွိမႈ cost-effectiveness ကုိ ခ်ိန္ဆၿပီး စက္ကုိ ဝယ္သင့္မဝယ္သင့္ ဆုံးျဖတ္ၾကေလ့ရွိပါတယ္။ ေနာက္တစ္ခ်က္က ခ်ဳပ္ထည္ေအာ္ဒါ ရရွိတဲ့ ပမာဏကလည္း အခ်ီႀကီးေတြ ျဖစ္ေနမွ စက္ကုိ သုံးရက်ဳိး နပ္မွာ ျဖစ္ပါတယ္။
စြပ္က်ယ္သားလုိ ဇာထုိးထည္ျဖစ္ျဖစ္ ရက္ထည္ျဖစ္ျဖစ္ ျဖန္႔ခင္းစက္နဲ႔ လုပ္ကုိင္လုိ႔ ရမယ္ဆုိတာ မေသခ်ာပါဘူး။ ဒီေတာ့ စက္ကုိ ဝယ္ယူဖုိ႔ စုံစမ္းတဲ့အခါ ဘယ္လုိ အထည္သားေတြအတြက္ အဆင္ေျပသလဲဆုိတာ ဆန္းစစ္ေမးျမန္းဖုိ႔ လုိပါတယ္။ တခ်ဳိ႕ စက္ေတြက တစ္မ်ဳိးကုိပဲ လုပ္ကုိင္ေပးႏုိင္ပါတယ္။
ေနာက္တစ္ခ်က္ ထည့္စဥ္းစားၾကတာ ျဖတ္တဲ့စားပြဲရွည္ အမ်ဳိးအစားျဖစ္ပါတယ္။ အထည္သား အထပ္ထပ္ကုိ သမား႐ုိးက် နည္းလမ္းျဖင့္ ျဖတ္ေတာက္ရင္ အပုိင္းေတြအၾကား ျဖတ္သားအတြက္ ေပးရတဲ့အက်ယ္က ေလလြင့္မႈ မ်ားပါတယ္။ ေလလြင့္မႈသက္သာေအာင္ ပင္ေထာင္ထိန္းတာ၊ ေလဖိအားျဖင့္ ဖိေပးတာ စတဲ့ နည္းလမ္းေတြကုိ သုံးၾကပါတယ္။ အဲဒီနည္းလမ္းနဲ႔ ျဖန္႔ခင္းစက္ ကုိက္ညီမႈ ရွိမရွိဆုိတာကုိ စဥ္းစားတာ ျဖစ္ပါတယ္။

 

ဖန္႔ခင္းၿပီးသား အထည္သားအထပ္ထပ္ကုိ ျဖတ္ေတာက္သည့္ စက္ ၃မ်ဳိးအေၾကာင္း ဖတ္႐ႈရန္လင့္ခ္

fully-automatic-cutting-machine



 

Unicode

Automatic Spreading Machine Guide
အမြောက်အမြား ချုပ်လုပ်မယ့် အဝတ်အစားတွေအတွက် ချုပ်ဖို့ အပိုင်းတွေ ဖြတ်တောက်ဖို့ အထည်အလိပ်ကို အလိပ်ဖြပြေီး လိုသလို အပိုင်းတွေ ဖြတ်တောက်မယ့် စားပွဲရှည်ပေါ်မှာ ဖြန့်ခင်းကြရတယ်။ အလွှာလွှာအထပ်ထပ် ဖြန့်ခင်းကြတယ်။ ယခုအခါမှာ စက်ကို အသုံးပြုပြီး ဖြန့်ခင်းကြတယ်။ ဒီတော့ မြန်ဆန်တယ်။ လူသက်သာတယ်။ အကျိုးထိရောက်မှု ပိုကောင်းတယ်။
အထည်သားဖြန့်စက်ကို စားပွဲရှည်ရဲ့ အစွန်းတစ်ဖက်မှာ ထားရှိပြီး အထည်အလိပ်ကို စက်မှာ နေရာချတယ်။ စက်ကို စခင်းခိုင်းလိုက်တဲ့အခါ စားပွဲရှည်တစ်လျှောက် ရွေ့လျားပြီး ခေါက်တုံ့ခေါက်ပြန် သွားလာကာ တစ်လွှာပြီး တစ်လွှာ ခင်းပေးသွားပါတယ်။ တစ်လွှာကို ခင်းတာ သတ်မှတ်အလျား ပြည့်တဲ့အခါ ရပ်လိုက်ပြီး အစကို ဖြတ်တောက်လိုက်တယ်။ ပြီးရင် နောက်တစ်လွှာကို အပြန်ခရီးမှာ ထပ်ခင်းပေးတယ်။ အဲဒီလို စားပွဲရှည်မှာ ခေါက်တုံ့ခေါက်ပြန် သွားလာပြီး တစ်လွှာပြီးတစ်လွှာ အထပ်ထပ် ဖြန့်ခင်းပေးတယ်။ နောက်ဆုံးမှာ အနည်းငယ်ပိုနေတဲ့ အစသာ ကျန်ရှိတော့တဲ့အခါ ဖြန့်ခင်းတာ ပြီးဆုံးသွားတယ်။ ဘယ်နှလွှာ ထပ်ခင်းမယ်။ ဘယ်လောက်အလျားအထိ ခင်းမယ်ဆိုတာတွေကို တွက်ချက်သတ်မှတ်ပေးထားတဲ့အတိုင်း အထပ်ထပ်လွှာလွှာ ခင်းပြီးပြီမို့ ဖြတ်စက်ဖြင့် ဖြတ်ဖို့ အဆင့်ကို ရောက်ရှိပြီ ဖြစ်ပါတယ်။ တချို့စက်တွေမှာ မပြန့်တဲ့နေရာတွေ လူက တုတ်ရှည်ဖြင့် လိုက်ဖြန့်ပေးရတာ၊ အနားတွေမှာ ကြွတက်နေတာတွေ လိုက်ဖိဖြန့်ပေးရတာတွေ လူနှစ်ယောက်က စားပွဲရှည်ရဲ့ တစ်ဖက်တစ်ချက်စီမှာ နေရာယူပြီး လိုက်လုပ်ပေးရပါတယ်။ ပိုခေတ်မီတဲ့ ဖြန့်ခင်းစက်တွေမှာတော့ အနားစွန် ကြွတက်တာကိုပါ စက်က ဖိပေးသွားပါတယ်။ လူက လိုက်ကြည့်ပေးနေရုံပါပဲ။
အခုလို စက်ကို သုံးတဲ့အတွက် ဖြန့်ခင်းပြီးချိန်မှာ မျက်နှာပြင်တင်းအား တစ်ပြေညီ ဖြစ်နပြေီး လှိုင်းထတာ၊ တွန့်တာ၊ အလွှာအထပ်တွေအကြား ပွတာကျစ်တာကွဲလွဲမှု ကင်းပါတယ်။
ဖြန့်ခင်းတဲ့ အမြန်နှုန်းကို အထည်လိပ် ဖြေပေးတဲ့နှုန်းနဲ့ အချိန်ကိုက်အောင် ကွန်ပျူတာမှ ထိန်းကျောင်းပေးခြင်းဖြင့် အထည်သား အတင်းအလျော့ တင်းလွန်းခြင်း၊ လျော့လွန်းခြင်း ကင်းစေပါတယ်။
များသောအားဖြင့် အနံ ၂ မီတာအထိ ဖြန့်ခင်းစက်တွေက လုပ်ကိုင်ပေးနိုင်ကြပါတယ်။ အနံပိုကျယ်တာအတွက် ၃ မီတာအထိ လုပ်ကိုင်ပေးနိုင်တဲ့ စက်တွေလည်း ရှိပါတယ်။ အထည်အလိပ်ရဲ့ အလေးချိန် လုပ်ကိုင်ပေးနိုင်ပုံကလည်း စက်အကြီးအသေးအရ ကွာခြားပါတယ်။ စက်အကြီးတွေဟာ ၁၂ဝ ကီလိုဂရမ်အထိ လုပ်ကိုင်ပေးနိုင်ပါတယ်။ အလွှာလွှာ ဖြန့်ခင်းပြီး ထပ်တဲ့ ဒုအမြင့်က များသောအားဖြင့် ၂၈ စင်တီမီတာအထိ ရပါတယ်။
ဖြန့်ခင်းတဲ့အခါ အထည်သားရဲ့ ရှေ့ဘက်နဲ့ ကျောဘက် မျက်နှာချင်းဆိုင် ထပ်ပြီး ခင်းတာရှိသလို တစ်ဘက်တည်းကိုပဲ ခင်းတာလည်း ရှိပါတယ်။ တစ်ဘက်တည်းကိုပဲ အပေါ်ဘက်မှာ ထားပြီး ခင်းမယ်ဆိုရင်တော့ တစ်ကြောင်းပြေးပြီးသွားရင် အပြန်မှာ ခင်းတာကို ရပ်ပေးထားမှာ ဖြစ်ပါတယ်။ အဆုံးအထိ ပြန်ရောက်ပြီး နောက်တစ်ကြောင်း စပြေးတော့မှ စတင်ဖြန့်ခင်းပေးမှာ ဖြစ်ပါတယ်။ မျက်နှာချင်းဆိုင် ခင်းတယ်ဆိုရင်တော့ အသွားရော အပြန်ရော တောက်လျှောက် ခင်းပေးနေမှာ ဖြစ်ပါတယ်။

ဖြန့်ခင်းစက် automatic spreading machine ကို သုံးမလား မသုံးဘူးလားဆိုတာကတော့ အဓိကအားဖြင့် အထည်ချုပ်စက်ရုံရဲ့ ချုပ်အားအပေါ်မှာ မူတည်ပါတယ်။ ဖြတ်တာက မြန်ဆန်နပြေီး အထည်ချုပ်သမ အင်အားက အမီလိုက်ပြီး မချုပ်နိုင်ရင် စက်အတွက် ရင်းရကျိုး နှပ်မှာ မဟုတ်ဘူး။ ဒီတော့ ကုန်ကျစရိတ်နဲ့ အကျိုးရှိမှု cost-effectiveness ကို ချိန်ဆပြီး စက်ကို ဝယ်သင့်မဝယ်သင့် ဆုံးဖြတ်ကြလေ့ရှိပါတယ်။ နောက်တစ်ချက်က ချုပ်ထည်အော်ဒါ ရရှိတဲ့ ပမာဏကလည်း အချီကြီးတွေ ဖြစ်နေမှ စက်ကို သုံးရကျိုး နပ်မှာ ဖြစ်ပါတယ်။
စွပ်ကျယ်သားလို ဇာထိုးထည်ဖြစ်ဖြစ် ရက်ထည်ဖြစ်ဖြစ် ဖြန့်ခင်းစက်နဲ့ လုပ်ကိုင်လို့ ရမယ်ဆိုတာ မသေချာပါဘူး။ ဒီတော့ စက်ကို ဝယ်ယူဖို့ စုံစမ်းတဲ့အခါ ဘယ်လို အထည်သားတွေအတွက် အဆင်ပြေသလဲဆိုတာ ဆန်းစစ်မေးမြန်းဖို့ လိုပါတယ်။ တချို့ စက်တွေက တစ်မျိုးကိုပဲ လုပ်ကိုင်ပေးနိုင်ပါတယ်။
နောက်တစ်ချက် ထည့်စဉ်းစားကြတာ ဖြတ်တဲ့စားပွဲရှည် အမျိုးအစားဖြစ်ပါတယ်။ အထည်သား အထပ်ထပ်ကို သမားရိုးကျ နည်းလမ်းဖြင့် ဖြတ်တောက်ရင် အပိုင်းတွေအကြား ဖြတ်သားအတွက် ပေးရတဲ့အကျယ်က လေလွင့်မှု များပါတယ်။ လေလွင့်မှုသက်သာအောင် ပင်ထောင်ထိန်းတာ၊ လေဖိအားဖြင့် ဖိပေးတာ စတဲ့ နည်းလမ်းတွေကို သုံးကြပါတယ်။ အဲဒီနည်းလမ်းနဲ့ ဖြန့်ခင်းစက် ကိုက်ညီမှု ရှိမရှိဆိုတာကို စဉ်းစားတာ ဖြစ်ပါတယ်။

ဖြန့်ခင်းပြီးသား အထည်သားအထပ်ထပ်ကို ဖြတ်တောက်သည့် စက် ၃မျိုးအကြောင်း ဖတ်ရှုရန်လင့်ခ်

fully-automatic-cutting-machine

Read 1103 times
Rate this item
(0 votes)