What's new
×
Warning
JUser: :_load: Unable to load user with ID: 845
Captureknit
ဘယ်လိုကနေ ဘယ်လိုလုပ်ပြီး သိုးမွေးထိုးစားဖြစ်တာလဲ။ နည်းနည်းတော့ ထူးဆန်းပါတယ်။
တစ်ရက်မှာ သူ အိပ်မက် မြင်မက်နေရာမှ နိုးတော့ သူ့လက်တွေက သိုးမွေးထိုးသလိုမျိုး လုပ်ကိုင်နေတာကို သူတွေ့တယ်။ အိပ်မက်က ဘာကို ဘယ်လိုမက်သလဲ သူ မမှတ်မိဘူး။ သူ့လက်တွေ သိုးမွေးထို်းနေတာပဲ သူသိတယ်တဲ့။
၂ဝ၁၇ ခုနှစ် နိုဝင်ဘာလမှာ လူဝစ်ဘိုရီယာက စီးနေကျ ရထားကို စီးတယ်။ ရထားပေါ်မှာ သူလုပ်နေကျဖြစ်တဲ့ သိုးမွေးထည် ထိုးတာကို လုပ်တယ်။ သူ့နားမှာ ဘရော့ဝေးမှ သရုပ်ဆောင် အမျိုးသမီး ဖရန်ချီ ဒေးဗစ် လာထိုင်တယ်။ လူဝစ်ဘိုရာ သိုးမွေးထိုးနေတာကို သဘောကျလို့ ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာမှာ တင်လိုက်တယ်။
ဘိုရီယာက သူ့အလုပ်ကို အာရုံအပြည့်ထည့်ပြီး လုပ်နေတော့ ဓာတ်ပုံရိုက်တာကို မသိဘူး။ လောကနဲ့ အဆက်ပြတ်နေတယ်။ ဖရန်ချီ ဒေးဗစ်က ဖေ့စ်ဘုတ်မှာ ပုံတင်လိုက်တယ်။ စတေးတပ်စ်မှာ ဒီအစ်ကိုတော်ဟာ ကျွန်မရဲ့ ဒီနေ့အတွက် ဟီးရိုးပဲ #SelfCareOnTheSubway လို့ ရေးလိုက်တယ်။
Captureknit
သိုးမွေးထိုးတာ မဆန်းပါဘူး။ ရထားစောင့်ရင်း ရထားစီးရင်း ထိုးနကြေတာပဲ။ ဒါပေမဲ့ ဖရန်ချီ ဒေးဗစ် တင်လိုက်တဲ့ပုံကို လူအများက စိတ်ဝင်တစား ဖြစ်ကုန်ကြတယ်။ မန့်တွေပေးကြ ရှယ်ကြ လှုပ်လှုပ်ရွရွ ဖြစ်ကြတယ်။ နောက်တစ်နေ့မှာ ဘိုရီယာရဲ့ အသိတစ်ယောက်က တွေ့သွားပြီး ဘိုရီယာကို အကျိုးအကြောင်း ပြောပြတယ်။ ဘိုရီယာက ဖရန်ချီ ဒေးဗစ်ကို ကျေးဇူးတင်ကြောင်း မန့်လို်က်တယ်။
Thank you, Thank you, Thank you for this! This just made my year!
ဘာလို့ ကျေးဇူးတွေ လွှတ်တင်ရတာလဲ။ ဘိုရီယာရဲ့ အသိက ဘိုရီယာဟာ ဘရွတ်ကလင်းမှ သိုးမွေးထိုး ချာတိတ် Brooklyn Boy Knits လို့ မန့်လိုက်တယ်။
အဲဒီမန့်ကို ဖတ်မိကြပြီး ဘိုရီယာကို သိုးမွေးထည်တွေ ထိုးပေးဖို့ မှာကြတယ်။ အဲဒီလို အကျိုးထူးတာအတွက် ကျေးဇူးတွေ အရမ်းတင်နေတာပါ။
‘‘ဒီလိုပဲ သူများလိုချင်တာကို ထိုးပေးနေတာ ဆယ်နှစ်ရှိပြီ။ အခုတော့ မှာတာတွေ များလို့ စောင့်ခိုင်းထားရတယ်။ ဒီလို စောင့်ခိုင်းထားရအောင် အမှာများတာ ဒါ ပထမဆုံး ကြုံဖူးတာပဲ’’ လို့ ဘိုရီယာက ပြောတယ်။
သူက Brooklyn Boy Knits ကို တစ်ကိုယ်တော် လုပ်ကိုင်နေတာ ၂ဝဝ၉ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ အခုတော့ မှာတာတွေ များနေလို့ သိုးမွေးထိုးတဲ့သူ နှစ်ဦး ငှါးရမ်းပြီး အလုပ်ခန့်ထားကာ လုပ်ကိုင်နေပါတယ်တဲ့။ သူက ဝက်ဘ်ဆိုက်လည်း ထောင်ထားတယ်။ https://www.brooklynboyknits.com/ ဟာ သူ့ဝက်ဘ်ဆိုက်ပါ။
ဘယ်လိုကနေ ဘယ်လိုလုပ်ပြီး သိုးမွေးထိုးစားဖြစ်တာလဲ။ နည်းနည်းတော့ ထူးဆန်းပါတယ်။ တစ်ရက်မှာ သူ အိပ်မက် မြင်မက်နေရာမှ နိုးတော့ သူ့လက်တွေက သိုးမွေးထိုးသလိုမျိုး လုပ်ကိုင်နေတာကို သူတွေ့တယ်။ အိပ်မက်က ဘာကို ဘယ်လိုမက်သလဲ သူ မမှတ်မိဘူး။ သူ့လက်တွေ သိုးမွေးထို်းနေတာပဲ သူသိတယ်တဲ့။
‘‘ကျွန်တော် အူကြောင်ကြောင် ဖြစ်နေတာ တော်တော်ကြာတယ်။ သိုးမွေး ဘယ်လိုထိုးသလဲ ကျွန်တော်မှ မသိတာ။ ဒါပေမဲ့ အဲဒါ လုပ်သင့်လို့ အခုလို နိမိတ်ပြတာလို့ ယူဆလိုက်တယ်’’
သိုးမွေးထိုးနည်း စာအုပ်တချို့ ဝယ်ဖတ်ပြီး လေ့လာတယ်။ မရဘူး။ ဒါနဲ့ ယူကျု့မှာ ဗီဒီယိုတွကြေည့်ပြီး သိုးမွေး ဘယ်လို ထိုးရသလဲ လေ့လာသင်ယူတယ်။
ဓာတ်ပုံထဲမှာ သူက လည်စည်းတစ်ထည်ကို ထိုးနေတာ ဖြစ်ပါတယ်။ ထိုးလို့ပြီးသွားရင် ဖရန်ချီ ဒေးဗစ်ကို လက်ဆောင်ပေးဖို့ သူရည်ရွယ်ထားကြောင်း ပြောပြပါတယ်
Captureknit
Read 1619 times
Rate this item
(0 votes)