What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Cutting Machines: Fully automatic cutting machine

zaw+uni အထည္သားေတြကုိ အလႊာအလႊာထပ္ၿပီး အထပ္လုိက္ စက္နဲ႔ ျဖတ္ေတာက္ၾကတာမွာ သုံးစြဲၾကတဲ့ စက္နဲ႔ ကိရိယာေတြကုိ ေယဘုယ်အားျဖင့္ သုံးမ်ဳိးခြဲျခားသတ္မွတ္ပါတယ္။

၁။ Manual cutting လက္ျဖင့္ ျဖတ္ျခင္း
၂။ Semi-automatic cutting machine ဆီမီး ေအာ္တုိမက္တစ္ျဖတ္စက္
၃။ Fully automatic cutting machine အျပည့္အ၀ ေအာ္တုိမက္တစ္ ျဖတ္စက္

ယခင္ေဆာင္းပါး ဖတ္႐ႈရန္လင့္ခ္
Semi-automatic cutting machine ဆီမီး ေအာ္တုိမက္တစ္ျဖတ္စက္

Fully automatic cutting machine အျပည့္အ၀ ေအာ္တုိမက္တစ္ ျဖတ္စက္
အထည္သားအထပ္လုိက္ကုိ အလုိအေလ်ာက္ ျဖတ္ေပးတဲ့စက္ေတြ အမ်ဳိးမ်ဳိး အဖုံဖုံ ဆန္းသစ္တီထြင္ၿပီး ထုတ္လုပ္ထားၾကတယ္။ အသုံးမ်ားတဲ့ စက္အမ်ဳိးအစားတစ္ခ်ဳိ႕ကုိ ေရြးခ်ယ္ တင္ျပလုိက္ပါတယ္။

Computerized cutting machine: ကြန္ပ်ဴတာသုံး ျဖတ္စက္
ဒီျဖတ္စက္မ်ဳိးကုိ ခ်ဳပ္ထည္ေတြ အေျမာက္အျမား ထုတ္လုပ္တဲ့အခါ သုံးစြဲၾကတယ္။ ကြန္ပ်ဴတာစနစ္မွာ အရင္ဆုံး ျဖတ္ေတာက္ခ်င္တာေတြကုိ အခ်က္အလက္ထည့္သြင္း ေပးတယ္။ ၿပီးရင္ အဲဒီအခ်က္အလက္ေတြအရ ျဖတ္စက္က ျဖတ္ေပးေအာင္ ကြန္ပ်ဴတာက တာ၀န္ယူ လုပ္ေဆာင္သြားတယ္။ အဲဒီ ျဖတ္စက္မ်ဳိးေတြကို စီအင္စီစက္ CNC machine လုိ႔လည္း ေခၚၾကတယ္။ CNC က Computer Numerical Control ကုိ ဆုိလုိပါတယ္။
အလုိအေလ်ာက္ အထည္သားျဖတ္ခန္းထဲမွာ အထည္သားကုိ အထည္သားျဖန္႔စက္က အလုိအေလ်ာက္ ျဖန္႔ၿပီး သတ္မွတ္ထားတဲ့ အလႊာအေရအတြက္ အတုိင္း ေခါက္ထပ္ေပးသြားတယ္။ ေနရာတက် ေသေသသပ္သပ္ က်က်နန လုပ္ေပးသြားတယ္။ ၿပီးတဲ့အခါမွာ ျဖတ္စက္က ၫႊန္ၾကားထားတဲ့အတုိင္း အထည္သားကုိ လုိခ်င္တဲ့ အပုိင္းေတြရေအာင္ ျဖတ္ေပးတယ္။

rib cutting machine garments

Rib cutting machine:
ေသးေသးသြယ္သြယ္ အပုိင္းအစေတြကုိ ျဖတ္တဲ့အခါ သုံးတယ္။ တီရွပ္ခ်ဳပ္ဖုိ႔ ဇာထုိးအထည္သားကုိ ျဖတ္ဖုိ႔ သုံးၾကတယ္။ တီရွပ္လည္ပင္းေပါက္အသား ျဖတ္ဖုိ႔ သုံးၾကတယ္။
Rib ဆုိတဲ့ အသုံးအႏႈန္းက ဇာထုိးအထည္သားတစ္မ်ဳိးကုိ ေျပာဆုိတာ ျဖစ္ပါတယ္။ အဲဒီ ေသးသြယ္တဲ့ အပုိင္းအစကုိ လည္းပင္းေပါက္ေနရာ၊ အက်ႌလက္ထိပ္ အနားသတ္ေနရာ၊ ေအာက္အနားသတ္ေနရာေတြမွာ တြဲခ်ဳပ္ဖုိ႔ အပုိင္းအစ ျဖစ္ပါတယ္။ အရည္အေသြးေကာင္းတဲ့ ခ်ဳပ္ထည္ျဖစ္ဖုိ႔ Rib ေတြရဲ႕ အက်ယ္(အနံ) တစ္ေျပးညီ ျဖစ္ဖုိ႔ အလြန္အေရးႀကီးတယ္။ ခ်ဳပ္ထည္ အျမင္ေကာင္းဖုိ႔ လည္ပင္းေနရာမွာ ဘယ္လုိ အၿပီးသတ္ေပးထားသလဲဆုိတာက ဆုံးျဖတ္တယ္။
Rib ေတြကုိ straight knife cutting machine နဲ႔လည္း ျဖတ္ၾကတယ္။ ဒါေပမဲ့ ေတာက္ေလွ်ာက္ အရွည္လုိက္ႀကီး ျဖတ္လုိ႔ မရဘူး။ အပုိင္းပုိင္းေတြပဲ ရတယ္။ Rib cutting machine ကေတာ့ ေတာက္ေလွ်ာက္ျဖတ္ေပးသြားတာမုိ႔ ဖဲႀကိဳးတစ္ခုလုိ အရွည္လုိက္ႀကီးရၿပီး ရလာတဲ့အပုိ္င္း အရွည္လုိက္ႀကီးကုိ အလုိအေလ်ာက္ လိပ္ေပးတယ္။ ဒီေတာ့ အက်ယ္က တစ္ေျပးညီျဖစ္တဲ့အျပင္ အလိပ္ကေန လုိသေလာက္အတိအက် ယူယူၿပီး အႀကိမ္ႀကိမ္ ျဖတ္သုံးလုိ႔ရတယ္။ ဒီေတာ့ တြဲခ်ဳပ္တဲ့အခါ လုပ္ရကုိင္ရတာ ပုိသြက္တယ္။ ပုိအဆင္ေျပတယ္။
စြပ္က်ယ္သားလုိ ဇာထုိးထည္ေတြကုိ ျဖတ္ၾကတာမ်ားေပမဲ့ ရက္ထည္ေတြကိုလည္း ျဖတ္လုိ႔ ရပါတယ္။ ျဖတ္တဲ့အခါ အလုိအေလ်ာက္ ျဖတ္တယ္ဆုိေပမဲ့ အထည္သား စက္ထဲ ေကၽြးတာကုိ လူနဲ႔ ထိန္းေက်ာင္းေပးဖုိ႔ေတာ့ လုိအပ္ပါတယ္။

laser cutting machine

Laser cutting machine:
ဓားသြား မသုံးဘဲ ေလဆာေရာင္ျခည္နဲ႔ အထည္သားကုိ ျဖတ္ေပးတယ္။ ေလဆာသုံးတဲ့စက္မွန္သမွ် ကြန္ပ်ဴတာနဲ႔ပဲ ထိန္းေက်ာင္းေစခုိင္းပါတယ္။

ဒီလုိေခတ္မီစက္ေတြကုိ အျပင္္မွာ လက္ေတြ႕ၾကည့္ခ်င္တယ္ဆုိရင္ေတာ့ တစ္ႏွစ္တစ္ခါ ႏွွစ္စဥ္ ျပသတဲ့ MTG (Myanmar International Textile & Garment Industry Exhibition)ျပပြဲမွာ ၾကည့္႐ႈႏုိင္ပါတယ္။ တစ္ေခတ္ ေနာက္က် က်န္မေနရစ္ဘဲ ေခတ္နဲ႔အမီ ဗဟုသုတေတြ ရရွိမွာ ျဖစ္ပါတယ္။
အထည္အလိပ္မွ ခ်ဳပ္လုပ္ၿပီးစီးသည့္ ခ်ဳပ္ထည္တင္ပုိ႔သည္အထိ လုပ္ကုိင္ပုံ အဆင့္ဆင့္မွာ လုပ္ငန္းစဥ္တစ္ေလွ်ာက္လုံးရဲ႕ အစပုိင္းအဆင့္ေတြကုိ ေန႔စဥ္တင္ျပေပးခဲ့ပါတယ္။ Facebook မွာ ပြတ္ၿပီး လင့္ခ္ ရွာေဖြကာ ဖတ္႐ႈေလ့လာႏုိင္ပါတယ္။
Facebook လင့္ခ္
https://goo.gl/rg9BBg

 

Uni

Cutting Machines: Fully automatic cutting machine
အထည်သားတွေကို အလွှာအလွှာထပ်ပြီး အထပ်လိုက် စက်နဲ့ ဖြတ်တောက်ကြတာမှာ သုံးစွဲကြတဲ့ စက်နဲ့ ကိရိယာတွေကို ယေဘုယျအားဖြင့် သုံးမျိုးခွဲခြားသတ်မှတ်ပါတယ်။
၁။ Manual cutting လက်ဖြင့် ဖြတ်ခြင်း
၂။ Semi-automatic cutting machine ဆီမီး အော်တိုမက်တစ်ဖြတ်စက်
၃။ Fully automatic cutting machine အပြည့်အဝ အော်တိုမက်တစ် ဖြတ်စက်

ယခင်ဆောင်းပါး ဖတ်ရှုရန်လင့်ခ်
Semi-automatic cutting machine ဆီမီး အော်တိုမက်တစ်ဖြတ်စက်

Fully automatic cutting machine အပြည့်အဝ အော်တိုမက်တစ် ဖြတ်စက်
အထည်သားအထပ်လိုက်ကို အလိုအလျောက် ဖြတ်ပေးတဲ့စက်တွေ အမျိုးမျိုး အဖုံဖုံ ဆန်းသစ်တီထွင်ပြီး ထုတ်လုပ်ထားကြတယ်။ အသုံးများတဲ့ စက်အမျိုးအစားတစ်ချို့ကို ရွေးချယ် တင်ပြလိုက်ပါတယ်။

Computerized cutting machine: ကွန်ပျူတာသုံး ဖြတ်စက်
ဒီဖြတ်စက်မျိုးကို ချုပ်ထည်တွေ အမြောက်အမြား ထုတ်လုပ်တဲ့အခါ သုံးစွဲကြတယ်။ ကွန်ပျူတာစနစ်မှာ အရင်ဆုံး ဖြတ်တောက်ချင်တာတွေကို အချက်အလက်ထည့်သွင်း ပေးတယ်။ ပြီးရင် အဲဒီအချက်အလက်တွေအရ ဖြတ်စက်က ဖြတ်ပေးအောင် ကွန်ပျူတာက တာဝန်ယူ လုပ်ဆောင်သွားတယ်။ အဲဒီ ဖြတ်စက်မျိုးတွေကို စီအင်စီစက် CNC machine လို့လည်း ခေါ်ကြတယ်။ CNC က Computer Numerical Control ကို ဆိုလိုပါတယ်။
အလိုအလျောက် အထည်သားဖြတ်ခန်းထဲမှာ အထည်သားကို အထည်သားဖြန့်စက်က အလိုအလျောက် ဖြန့်ပြီး သတ်မှတ်ထားတဲ့ အလွှာအရေအတွက် အတိုင်း ခေါက်ထပ်ပေးသွားတယ်။ နေရာတကျ သေသေသပ်သပ် ကျကျနန လုပ်ပေးသွားတယ်။ ပြီးတဲ့အခါမှာ ဖြတ်စက်က ညွှန်ကြားထားတဲ့အတိုင်း အထည်သားကို လိုချင်တဲ့ အပိုင်းတွေရအောင် ဖြတ်ပေးတယ်။

rib cutting machine garments

 

Rib cutting machine:
သေးသေးသွယ်သွယ် အပိုင်းအစတွေကို ဖြတ်တဲ့အခါ သုံးတယ်။ တီရှပ်ချုပ်ဖို့ ဇာထိုးအထည်သားကို ဖြတ်ဖို့ သုံးကြတယ်။ တီရှပ်လည်ပင်းပေါက်အသား ဖြတ်ဖို့ သုံးကြတယ်။
Rib ဆိုတဲ့ အသုံးအနှုန်းက ဇာထိုးအထည်သားတစ်မျိုးကို ပြောဆိုတာ ဖြစ်ပါတယ်။ အဲဒီ သေးသွယ်တဲ့ အပိုင်းအစကို လည်းပင်းပေါက်နေရာ၊ အင်္ကျီလက်ထိပ် အနားသတ်နေရာ၊ အောက်အနားသတ်နေရာတွေမှာ တွဲချုပ်ဖို့ အပိုင်းအစ ဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့ ချုပ်ထည်ဖြစ်ဖို့ Rib တွေရဲ့ အကျယ်(အနံ) တစ်ပြေးညီ ဖြစ်ဖို့ အလွန်အရေးကြီးတယ်။ ချုပ်ထည် အမြင်ကောင်းဖို့ လည်ပင်းနေရာမှာ ဘယ်လို အပြီးသတ်ပေးထားသလဲဆိုတာက ဆုံးဖြတ်တယ်။
Rib တွေကို straight knife cutting machine နဲ့လည်း ဖြတ်ကြတယ်။ ဒါပေမဲ့ တောက်လျှောက် အရှည်လိုက်ကြီး ဖြတ်လို့ မရဘူး။ အပိုင်းပိုင်းတွေပဲ ရတယ်။ Rib cutting machine ကတော့ တောက်လျှောက်ဖြတ်ပေးသွားတာမို့ ဖဲကြိုးတစ်ခုလို အရှည်လိုက်ကြီးရပြီး ရလာတဲ့အပို်င်း အရှည်လိုက်ကြီးကို အလိုအလျောက် လိပ်ပေးတယ်။ ဒီတော့ အကျယ်က တစ်ပြေးညီဖြစ်တဲ့အပြင် အလိပ်ကနေ လိုသလောက်အတိအကျ ယူယူပြီး အကြိမ်ကြိမ် ဖြတ်သုံးလို့ရတယ်။ ဒီတော့ တွဲချုပ်တဲ့အခါ လုပ်ရကိုင်ရတာ ပိုသွက်တယ်။ ပိုအဆင်ပြေတယ်။
စွပ်ကျယ်သားလို ဇာထိုးထည်တွေကို ဖြတ်ကြတာများပေမဲ့ ရက်ထည်တွေကိုလည်း ဖြတ်လို့ ရပါတယ်။ ဖြတ်တဲ့အခါ အလိုအလျောက် ဖြတ်တယ်ဆိုပေမဲ့ အထည်သား စက်ထဲ ကျွေးတာကို လူနဲ့ ထိန်းကျောင်းပေးဖို့တော့ လိုအပ်ပါတယ်။

laser cutting machine

 

Laser cutting machine:
ဓားသွား မသုံးဘဲ လေဆာရောင်ခြည်နဲ့ အထည်သားကို ဖြတ်ပေးတယ်။ လေဆာသုံးတဲ့စက်မှန်သမျှ ကွန်ပျူတာနဲ့ပဲ ထိန်းကျောင်းစေခိုင်းပါတယ်။

ဒီလိုခေတ်မီစက်တွေကို အပြင်မှာ လက်တွေ့ကြည့်ချင်တယ်ဆိုရင်တော့ တစ်နှစ်တစ်ခါ နှစ်စဉ် ပြသတဲ့ MTG (Myanmar International Textile & Garment Industry Exhibition)ပြပွဲမှာ ကြည့်ရှုနိုင်ပါတယ်။ တစ်ခေတ် နောက်ကျ ကျန်မနေရစ်ဘဲ ခေတ်နဲ့အမီ ဗဟုသုတတွေ ရရှိမှာ ဖြစ်ပါတယ်။
အထည်အလိပ်မှ ချုပ်လုပ်ပြီးစီးသည့် ချုပ်ထည်တင်ပို့သည်အထိ လုပ်ကိုင်ပုံ အဆင့်ဆင့်မှာ လုပ်ငန်းစဉ်တစ်လျှောက်လုံးရဲ့ အစပိုင်းအဆင့်တွေကို နေ့စဉ်တင်ပြပေးခဲ့ပါတယ်။ Facebook မှာ ပွတ်ပြီး လင့်ခ် ရှာဖွေကာ ဖတ်ရှုလေ့လာနိုင်ပါတယ်။
Facebook လင့်ခ်
https://goo.gl/rg9BBg

Read 1255 times
Rate this item
(0 votes)