What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Brand Finance အဝတ္အစား Top 10 Brand Finance အဝတ်အစား Top 10

(Zaw+Uni) 

Brand Finance က ၂ဝ၁၇ ခုႏွစ္အတြက္ အဝတ္အစား brand ေတြရဲ႕ တန္ဖုိးရွိပုံကုိ တြက္ခ်က္ၿပီး အစီရင္ခံစာ ထုတ္ျပန္တာမွာ Nike ဟာ ကမၻာ့တန္ဖုိးအရွိဆုံး အဝတ္အစား brand လုိ႔ ေဖာ္ျပထားပါတယ္။

တန္ဖုိးရွိပုံပမာဏ ကန္ေဒၚလာ ၃၂ ဘီလ်ံ ျဖစ္တယ္လုိ႔ ေဖာ္ျပထားတယ္။ Nike ဟာ အဝတ္အစားလုပ္ငန္းက႑မွာ စြမ္းပကားအႀကီးမားဆုံး ျဖစ္ေနပါတယ္။ အဲဒီစြမ္းပကားကုိ ေနာက္ဆုံးေပၚ နည္းပညာသုံး ထုတ္ကုန္မ်ားကုိ လူအမ်ဳိးမ်ဳိးအေထြေထြတုိ႔အတြက္ ထုတ္လုပ္ေရာင္းခ်ေပးႏုိင္ျခင္း၊ ဆန္းသစ္တီထြင္ျခင္းတုိ႔ျဖင့္ ရယူထားတာ ျဖစ္တယ္။
Nike ဟာ နာမည္ႀကီး brand ေတြထဲမွာ အားကစားဝတ္စုံကုိ plus size ျဖင့္ အဦးဆုံးထုတ္လုပ္ခဲ့တယ္။ အားကစားဖိနပ္ အထူးအဆန္းေတြ ထုတ္လုပ္တယ္။
အေရာင္းျမႇင့္တင္ေရး စည္း႐ုံးလႈံ႔ေဆာ္မႈေတြမွာလည္း brand ကုိ တန္ဖုိးပုိရွိေအာင္ လုပ္တယ္။ ခြန္အားတုိးေအာင္ လုပ္တယ္။
Nike က မူဆလင္ဘာသာဝင္ အမ်ဳိးသမီးအားကစားသမားေတြအတြက္ ေခါင္းၿခံဳ အားကစားဝတ္စုံေတြ ႀကံဆ ထုတ္လုပ္တယ္။

 

top10

H&M က တန္ဖုိးအရွိဆုံး ဒုတိယေနရာမွာ ေရာက္ေနတယ္။ တန္ဖုိးရွိတဲ့ ပမာဏက ကန္ ၁၉ ဘီလ်ံ ရွိတယ္။ ဆြီဒင္ကုမၸဏီ H&M က စတုိးဆုိင္ေတြ တုိးခ်ဲ႕ဖြင့္ၿပီး ကြန္ရက္ကုိ ခ်ဲ႕ထြင္တယ္။ ၂ဝ၁၆ ခုႏွစ္မွာ ဆုိင္သစ္ ၄၄၂ ခု ဖြင့္လွစ္ခဲ့တယ္။ အျခား တစ္ဖက္မွာေတာ့ ႀကိဳးစားအားထုတ္မႈကုိ အြန္လုိင္းမွာ လုပ္ကုိင္တယ္။ အီးေကာ္မတ္စ္ကုိ တုိးခ်ဲ႕တယ္။ အြန္လုိင္းေဈးဝယ္ဓေလ့ ႀကီးထြားလာေနတာကုိ အမီလုိက္တယ္။ အဲဒီအတြက္ IT အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ လုပ္တယ္။ အာရွေဈးကြက္ကို အြန္လုိင္းမွာလည္း ေျခကုပ္ယူထားတယ္။

စပိန္မွာ အဝတ္အစား မဟာလုပ္ငန္းႀကီး Zara က brand တန္ဖုိးရွိပုံမွာ တတိယေနရာ ရထားတယ္။ တန္ဖုိးရွိတဲ့ ပမာဏက ကန္ေဒၚလာ ၁၄.၄ ဘီလ်ံ ျဖစ္ပါတယ္။ Zara ဟာ အျမန္ဖက္ရွင္ fast fashion လုပ္ငန္းႀကီးျဖစ္ၿပီး လုပ္ထုံးလုပ္နည္းေတြကုိ ပုံေသကားက် မထားဘဲ လုိသလုိ မီးစင္ၾကည့္ကတယ္။ ဥပမာ ရာသီဥတု ေဖာက္ျပန္လုိ႔ ခ်မ္းေအးရမယ့္ ရက္ေတြ ေရာက္မလာခဲ့ရင္ ေဆာင္းဖက္ရွင္ေတြ မထုတ္ေသးဘဲ ေစာင့္ဆုိင္းတယ္။ အဲဒါဟာ ၿပိဳင္ဘက္ေတြထက္ အားသာခ်က္ျဖစ္ေနေစတယ္။

ထိပ္တန္း(၁ဝ) ဇယားမွာ Marc Jacobs ဟာ brand တန္ဖုိးရွိပုံ ႀကီးထြားမႈ အျမန္ဆုံး brand ျဖစ္တယ္။ တစ္ႏွစ္အတြင္းမွာ ၈၄% ႀကီးထြားခဲ့တာ ေတြ႕ရတယ္။ ထုတ္ကုန္ေတြ ခြဲျဖာပုံကုိ ျပဳျပင္ေျပာင္းလဲၿပီး brand ေအာက္မွာ စုစုစည္းစည္း ျဖစ္ေစခဲ့တဲ့အျပင္ ေဈးႀကီးတဲ့ အဝတ္အစား အဆင့္အတန္းကုိ လွမ္းတက္တယ္။
အခုလုိ ေအာင္ျမင္မႈေတြ ရေနတာကုိ ဆက္ထိန္းထားၿပီး ဆက္လက္ျမင့္တက္သြားမွာ ျဖစ္ပါတယ္။

တ႐ုတ္ႏုိင္ငံမွ အားကစားနဲ႔ ေျခစီး brand ျဖစ္တဲ့ Anta က brand တန္ဖုိးရွိပုံ ႀကီးထြားႏႈန္းမွာ ထိပ္တန္း(၁ဝ)ဇယားမွာ ဒုတိယ ျဖစ္ပါတယ္။ ၿပီးခဲ့ႏွစ္မွာ ၆၇% ျမင့္တက္ခဲ့ၿပီး ကန္ေဒၚလာ ၂ ဘီလ်ံ ျဖစ္သြားခဲ့ပါတယ္။ ဒါေပမဲ့ တ႐ုတ္ျပည္တြင္း ေဈးကြက္ထဲမွာပဲ တြင္က်ယ္ေနတာျဖစ္ၿပီး တျခားႏုိင္ငံေတြရဲ႕ ေဈးကြက္ေတြမွာ လူသိနည္းတဲ့ brand ျဖစ္ပါတယ္။ ေလာေလာဆယ္မွာ ျပည္တြင္းေဈးကြက္ကုိ ဦးစားေပးၿပီး လုပ္ကုိင္ေနေပမဲ့ ပင္လယ္ရပ္ျခား ေဈးကြက္ေတြကုိလည္း အာ႐ုံစုိက္ၿပီး လုပ္ကုိင္လာမွာ ျဖစ္ပါတယ္။ တကယ္လုိ႔ ႏုိင္ငံတကာ ေဈးကြက္မွာ ေပါက္သြားရင္ brand ရဲ႕ တန္ဖုိးရွိပုံ ဆက္လက္ျမင့္တက္သြားမွာ ျဖစ္ပါတယ္။

brand တစ္ခုရဲ႕ တန္ဖုိးရွိပုံကုိ စဥ္းစားတြက္ခ်က္ပုံ မူေတြ အမ်ဳိးမ်ဳိး ရွိတာမွာ Brand Finance ရဲ႕ တြက္ခ်က္ပုံမွာ ေအာက္ပါပုံအတုိင္း ျဖစ္ပါတယ္။

brand calculation

UNICODE

Brand Finance အဝတ်အစား Top 10

=================

Brand Finance က ၂ဝ၁၇ ခုနှစ်အတွက် အဝတ်အစား brand တွေရဲ့ တန်ဖိုးရှိပုံကို တွက်ချက်ပြီး အစီရင်ခံစာ ထုတ်ပြန်တာမှာ Nike ဟာ ကမ္ဘာ့တန်ဖိုးအရှိဆုံး အဝတ်အစား brand လို့ ဖော်ပြထားပါတယ်။ တန်ဖိုးရှိပုံပမာဏ ကန်ဒေါ်လာ ၃၂ ဘီလျံ ဖြစ်တယ်လို့ ဖော်ပြထားတယ်။ Nike ဟာ အဝတ်အစားလုပ်ငန်းကဏ္ဍမှာ စွမ်းပကားအကြီးမားဆုံး ဖြစ်နေပါတယ်။ အဲဒီစွမ်းပကားကို နောက်ဆုံးပေါ် နည်းပညာသုံး ထုတ်ကုန်များကို လူအမျိုးမျိုးအထွေထွေတို့အတွက် ထုတ်လုပ်ရောင်းချပေးနိုင်ခြင်း၊ ဆန်းသစ်တီထွင်ခြင်းတို့ဖြင့် ရယူထားတာ ဖြစ်တယ်။
Nike ဟာ နာမည်ကြီး brand တွေထဲမှာ အားကစားဝတ်စုံကို plus size ဖြင့် အဦးဆုံးထုတ်လုပ်ခဲ့တယ်။ အားကစားဖိနပ် အထူးအဆန်းတွေ ထုတ်လုပ်တယ်။
အရောင်းမြှင့်တင်ရေး စည်းရုံးလှုံ့ဆော်မှုတွေမှာလည်း brand ကို တန်ဖိုးပိုရှိအောင် လုပ်တယ်။ ခွန်အားတိုးအောင် လုပ်တယ်။
Nike က မူဆလင်ဘာသာဝင် အမျိုးသမီးအားကစားသမားတွေအတွက် ခေါင်းခြုံ အားကစားဝတ်စုံတွေ ကြံဆ ထုတ်လုပ်တယ်။

 

top10

H&M က တန်ဖိုးအရှိဆုံး ဒုတိယနေရာမှာ ရောက်နေတယ်။ တန်ဖိုးရှိတဲ့ ပမာဏက ကန် ၁၉ ဘီလျံ ရှိတယ်။ ဆွီဒင်ကုမ္ပဏီ H&M က စတိုးဆိုင်တွေ တိုးချဲ့ဖွင့်ပြီး ကွန်ရက်ကို ချဲ့ထွင်တယ်။ ၂ဝ၁၆ ခုနှစ်မှာ ဆိုင်သစ် ၄၄၂ ခု ဖွင့်လှစ်ခဲ့တယ်။ အခြား တစ်ဖက်မှာတော့ ကြိုးစားအားထုတ်မှုကို အွန်လိုင်းမှာ လုပ်ကိုင်တယ်။ အီးကော်မတ်စ်ကို တိုးချဲ့တယ်။ အွန်လိုင်းဈေးဝယ်ဓလေ့ ကြီးထွားလာနေတာကို အမီလိုက်တယ်။ အဲဒီအတွက် IT အတွက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တယ်။ အာရှဈေးကွက်ကို အွန်လိုင်းမှာလည်း ခြေကုပ်ယူထားတယ်။

စပိန်မှာ အဝတ်အစား မဟာလုပ်ငန်းကြီး Zara က brand တန်ဖိုးရှိပုံမှာ တတိယနေရာ ရထားတယ်။ တန်ဖိုးရှိတဲ့ ပမာဏက ကန်ဒေါ်လာ ၁၄.၄ ဘီလျံ ဖြစ်ပါတယ်။ Zara ဟာ အမြန်ဖက်ရှင် fast fashion လုပ်ငန်းကြီးဖြစ်ပြီး လုပ်ထုံးလုပ်နည်းတွေကို ပုံသေကားကျ မထားဘဲ လိုသလို မီးစင်ကြည့်ကတယ်။ ဥပမာ ရာသီဥတု ဖောက်ပြန်လို့ ချမ်းအေးရမယ့် ရက်တွေ ရောက်မလာခဲ့ရင် ဆောင်းဖက်ရှင်တွေ မထုတ်သေးဘဲ စောင့်ဆိုင်းတယ်။ အဲဒါဟာ ပြိုင်ဘက်တွေထက် အားသာချက်ဖြစ်နေစေတယ်။

ထိပ်တန်း(၁ဝ) ဇယားမှာ Marc Jacobs ဟာ brand တန်ဖိုးရှိပုံ ကြီးထွားမှု အမြန်ဆုံး brand ဖြစ်တယ်။ တစ်နှစ်အတွင်းမှာ ၈၄% ကြီးထွားခဲ့တာ တွေ့ရတယ်။ ထုတ်ကုန်တွေ ခွဲဖြာပုံကို ပြုပြင်ပြောင်းလဲပြီး brand အောက်မှာ စုစုစည်းစည်း ဖြစ်စေခဲ့တဲ့အပြင် ဈေးကြီးတဲ့ အဝတ်အစား အဆင့်အတန်းကို လှမ်းတက်တယ်။
အခုလို အောင်မြင်မှုတွေ ရနေတာကို ဆက်ထိန်းထားပြီး ဆက်လက်မြင့်တက်သွားမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှ အားကစားနဲ့ ခြေစီး brand ဖြစ်တဲ့ Anta က brand တန်ဖိုးရှိပုံ ကြီးထွားနှုန်းမှာ ထိပ်တန်း(၁ဝ)ဇယားမှာ ဒုတိယ ဖြစ်ပါတယ်။ ပြီးခဲ့နှစ်မှာ ၆၇% မြင့်တက်ခဲ့ပြီး ကန်ဒေါ်လာ ၂ ဘီလျံ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ပြည်တွင်း ဈေးကွက်ထဲမှာပဲ တွင်ကျယ်နေတာဖြစ်ပြီး တခြားနိုင်ငံတွေရဲ့ ဈေးကွက်တွေမှာ လူသိနည်းတဲ့ brand ဖြစ်ပါတယ်။ လောလောဆယ်မှာ ပြည်တွင်းဈေးကွက်ကို ဦးစားပေးပြီး လုပ်ကိုင်နေပေမဲ့ ပင်လယ်ရပ်ခြား ဈေးကွက်တွေကိုလည်း အာရုံစိုက်ပြီး လုပ်ကိုင်လာမှာ ဖြစ်ပါတယ်။ တကယ်လို့ နိုင်ငံတကာ ဈေးကွက်မှာ ပေါက်သွားရင် brand ရဲ့ တန်ဖိုးရှိပုံ ဆက်လက်မြင့်တက်သွားမှာ ဖြစ်ပါတယ်။

brand တစ်ခုရဲ့ တန်ဖိုးရှိပုံကို စဉ်းစားတွက်ချက်ပုံ မူတွေ အမျိုးမျိုး ရှိတာမှာ Brand Finance ရဲ့ တွက်ချက်ပုံမှာ အောက်ပါပုံအတိုင်း ဖြစ်ပါတယ်။

brand calculation

Read 1058 times
Rate this item
(0 votes)