What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အာရှတိုက်မှမျက်နှာဖုံးအလန်းဇယားများ

အခုအချိန်မှာဆိုရင်တော့ကိုရိုနာ ဗိုင်းရစ်ဖြစ်ပွားမှု့ အနေအထား ခပ်အေးအေးဖြစ်လာတဲ့ အခါမှာ ကမ္ဘာ တစ်လွှားမှာ Lockdown တွေဖြေလျော့ခဲ့ပါတယ် ဒီတော့ ရောဂါကာကွယ်မှု့ကိုလည်းပေးတဲ့ အပြင် ဖက်ရှင်အမြင်လည်းတင့်စေတဲ့ အသုံးအဆောင်တွေဖြစ်တဲ့ မျက်နှာဖုံးများ ကို မလေးရှား နဲ့ အင်ဒိုနီးရှားမှ လူတွေအတွက် ခပ်ဆန်းဆန်းလဲဖြစ်သလို ကျန်းမာရေးအတွက် ထုတ်လုပ်နေတာတွေ့ရပါတယ်။

 

အဆိုပါ မျက်နှာဖုံးများဟာ အင်ဒိုနီးရှားမှာ ဝယ်ယူသူတွေအနေနဲ့ သူတို့ရဲ့ မျက်နှာနဲ့ အဝတ်ပေါ် ပန်းချီဆွဲခိုင်းပြီး တချို့တွေက အပြုံးပုံ ဆွဲခိုင်းသလို , အနီရောင်နှုတ်ခမ်းထူထူကြီးတွေလည်း ဆွဲကြတာ ရှိသတဲ့။အခု အသက် ၄၆ နှစ်အရွယ် Heni Kusmijati ဝတ်ဆင်ထားသလို မျက်နှာဖုံးမျိုးပေါ့။

 

 

ထို့အပြင်သူပြောပြခဲ့တာကတော့ " လူတွေက ငါတို့ကို မြင်တဲ့အခါမှာ လူတွေအနေနဲ့ ငါတို့ဘာလို့ရယ်နေတယ် , ငါတို့ဘာလို့ပြုံးနေတယ်ဆိုတာကို အံသြနေကြမယ်လို့ပြောပါတယ်။ဂျာကာတာမှာဆို မျက်နှာဖုံးကို ကွန်ပြုတာဖြင့် သင့်မျက်နှာ ပန်းချီဆွဲတဲ့ဆိုင်ပါရှိပြီး ကိုရိုနာ ရောဂါ အနေအထားအေးသွားတဲ့ အခါမှာ ရောင်းအားတော့ ကျနေတယ်သိရပါတယ် အင်ဒိုနီးရှန်း ၅ သောင်း ရောဂါကူးစက်ခံရပြီး ၂၆၂၀ ထိ သေဆုံးခဲ့တယ်သိရပါတယ်။

 

တချို့ အသုံးပြုသူတွေဟာ အော်ဒါတင်ကာ Online မှာ ပုံတင်ကြတာတွေ့ရပါတယ် ထို့အပြင် ၎င်း မျက်နှာဖုံးတစ်ခုကို ထုတ်လုပ်ချိန် ၃၀ မိနစ်ကြာပြီး တန်ဖိုးအားဖြင့် ၃. ၅ ကျပ်ပါဝင်တယ်သိရပါတယ်။ထုတ်လုပ်သူ Nicholas Septian Sugandi အနေနဲ့ စီးပွားရေး တည်မြဲနေတယ်သိရပါတယ်။

 

" ပထမ စစတုန်းကတော့ ကျွန်တော်တို့ အနေနဲ့ သံသယ ဖြစ်ခဲ့တယ် ရောင်းမှ ရောင်းထွက်ပါ့မလားလို့ , နောက်ပိုင်းတော့ တဖြည်းဖြည်းရောင်းအားတက်လာတယ် အရင်းကို ပြန်ရသွားတယ် လို့ပြောရမယ် " Nicholas ကပြောကြားခဲ့ပါတယ်။

 

အရှေ့တောင်အာရှနိုင်ငံတွေအချင်းချင်းရဲ့ တွေးခေါ်ပုံက တူနေတယ်လို့ပြောရမယ် အခုဆို ဖိလစ်ပိုင်က မျက်နှာ မိတ်ကပ်ပြင်သူ တစ်ဦးက ကြောက်မက်ဖွယ်ကောင်းတဲ့ မျက်နှာဖုံးတွေကို ထုတ်လုပ်တော့မယ်သိရပါတယ်။ထို့အပြင် ယိုးဒယားမှ Single Mother တစ်ဦးဟာ မျက်နှာဖုံးတွေကို ကာတွန်းရုပ်တွေနဲ့ ရုပ်ရှင်ကာရိုက်တာ တွေပုံစံထုတ်လုပ်ဖို့ ဒီဇိုင်းဆွဲခဲ့တယ်သိရပါတယ်။

 

ထို့အပြင် ပါတိတ် ဒီဇိုင်းတွေနဲ့ မျက်နှာဖုံးတွေဟာ မလေးရှားမှာ ခေတ်စားနေပြီး မလေးရှားမှာ ၈၆၀၀ ကိုဗစ်ကူးသူနဲ့ ၁၂၁ သေဆုံးသူ ရှိတယ်သိရပါတယ်။ထို့အပြင် Hafiz Drahman က ချည်သား အပြော့နဲ့ ဖိုင်ဘာအမျှင်ပါ ထည့်သွင်း ချုပ်လုပ်ထားတဲ့ မျက်နှာဖုံးက ခေတ်စားနေပြီး ရှေးရိုးရာ ဆန်ဆန် ဖယောင်းနဲ့ အရောင်ချွတ်ထားတဲ့ မျက်နှာ ဖုံးက နာမည်ကြီးနေတယ်သိရပါတယ်။

 

ဆက်အလန် မြို့မှ ဒီဇိုင်နာ Hafiz ပြောကြားချက်က သူတို့ အနေနဲ့ ပါတိတ် မျက်နှာ အစ တွေကို စလုပ်တာ သူတို့ရဲ့ တစ်ကိုယ်ရေ ကျန်းမာရေး လုံခြုံဖို့ အတွက်ပါဆိုကာပြောကြားခဲ့ပါတယ်။

 

<<< Zawgyi >>>

 

အာရွတိုက္မွမ်က္နွာဖုံးအလန္းဇယားမ်ား

-----------------------------------------------

 

အခုအခ်ိ္န္မွာဆိုရင္ေတာ့ကိုရိုနာ ဗိုင္းရစ္ျဖစ္ပြားမႈ႕ အေနအထား ခပ္ေအးေအးျဖစ္လာတဲ့ အခါမွာ ကမၻာ တစ္လႊားမွာ Lockdown ေတြေျဖေလ်ာ့ခဲ့ပါတယ္ ဒီေတာ့ ေရာဂါကာကြယ္မႈ႕ကိုလည္းေပးတဲ့ အျပင္ ဖက္ရွင္အျမင္လည္းတင့္ေစတဲ့ အသံုးအေဆာင္ေတြျဖစ္တဲ့ မ်က္နွာဖုံးမ်ား ကို မေလးရွား နဲ႕ အင္ဒိုနီးရွားမွ လူေတြအတြက္ ခပ္ဆန္းဆန္းလဲျဖစ္သလို က်န္းမာေရးအတြက္ ထုတ္လုပ္ေနတာေတြ႕ရပါတယ္။

 

အဆုိပါ မ်က္နွာဖုံးမ်ားဟာ အင္ဒိုနီးရွားမွာ ၀ယ္ယူသူေတြအေနနဲ႕ သူတို႕ရဲ႕ မ်က္နွာနဲ႕ အ၀တ္ေပၚ ပန္းခ်ီဆြဲခိုင္းျပီး တခ်ိဳ႕ေတြက အျပံုးပုံ ဆြဲခိုင္းသလို , အနီေရာင္နႈတ္ခမ္းထူထူၾကီးေတြလည္း ဆြဲၾကတာ ရွိသတဲ့။အခု အသက္ ၄၆ နွစ္အရြယ္ Heni Kusmijati ၀တ္ဆင္ထားသလို မ်က္နွာဖုံးမ်ိဳးေပါ့။ထို႕အျပင္သူေျပာျပခဲ့တာကေတာ့ " လူေတြက ငါတ္ို႕ကို ျမင္တဲ့အခါမွာ လူေတြအေနနဲ႕ ငါတို႕ဘာလို႕ရယ္ေနတယ္ , ငါတို႕ဘာလို႕ျပံဳးေနတယ္ဆိုတာကို အံၾသေနၾကမယ္လို႕ေျပာပါတယ္။

 

 

ဂ်ာကာတာမွာဆို မ်က္နွာဖုံးကို ကြန္ျပဳတာျဖင့္ သင့္မ်က္နွာ ပန္းခ်ီဆြဲတဲ့ဆိုင္ပါရွိျပီး ကိုရိုနာ ေရာဂါ အေနအထားေအးသြားတဲ့ အခါမွာ ေရာင္းအားေတာ့ က်ေနတယ္သိရပါတယ္ အင္ဒိုနီးရွန္း ၅ ေသာင္း ေရာဂါကူးစက္ခံရျပီး ၂၆၂၀ ထိ ေသဆုံးခဲ့တယ္သိရပါတယ္။

 

တခ်ိဳ႕ အသံုးျပဳသူေတြဟာ ေအာ္ဒါတင္ကာ Online မွာ ပုံတင္ၾကတာေတြ႕ရပါတယ္ ထို႕အျပင္ ၎ မ်က္နွာဖုံးတစ္ခုကို ထုတ္လုပ္ခ်ိန္ ၃၀ မိနစ္ၾကာျပီး တန္ဖိုးအားျဖင့္ ၃. ၅ က်ပ္ပါ၀င္တယ္သိရပါတယ္။ထုတ္လုပ္သူ Nicholas Septian Sugandi အေနနဲ႕ စီးပြားေရး တည္ျမဲေနတယ္သိရပါတယ္။

 

" ပထမ စစတုန္းကေတာ့ က်ြန္ေတာ္တို႕ အေနနဲ႕ သံသယ ျဖစ္ခဲ့တယ္ ေရာင္းမွ ေရာင္းထြက္ပါ့မလားလို႕ , ေနာက္ပိုင္းေတာ့ တျဖည္းျဖည္းေရာင္းအားတက္လာတယ္ အရင္းကို ျပန္ရသြားတယ္ လို႕ေျပာရမယ္ " Nicholas ကေျပာၾကားခဲ့ပါတယ္။

 

အေရွ႕ေတာင္အာရွနို္င္ငံေတြအခ်င္းခ်င္းရဲ႕ ေတြးေခၚပုံက တူေနတယ္လို႕ေျပာရမယ္ အခုဆို ဖိလစ္ပိုင္က မ်က္နွာ မိတ္ကပ္ျပင္သူ တစ္ဦးက ေၾကာက္မက္ဖြယ္ေကာင္းတဲ့ မ်က္နွာဖုံးေတြကို ထုတ္လုပ္ေတာ့မယ္သိရပါတယ္။ထို႕အျပင္ ယိုးဒယားမွ Single Mother တစ္ဦးဟာ မ်က္နွာဖုံးေတြကုိ ကာတြန္းရုပ္ေတြနဲ႕ ရုပ္ရွင္ကာရိုက္တာ ေတြပုံစံထုတ္လုပ္ဖို႕ ဒီဇိုင္းဆြဲခဲ့တယ္သိရပါတယ္။

 

ထို႕အျပင္ ပါတိတ္ ဒီဇိုင္းေတြနဲ႕ မ်က္နွာဖုံးေတြဟာ မေလးရွားမွာ ေခတ္စားေနျပီး မေလးရွားမွာ ၈၆၀၀ ကိုဗစ္ကူးသူနဲ႕ ၁၂၁ ေသဆုံးသူ ရွိတယ္သိရပါတယ္။ထို႕အျပင္ Hafiz Drahman က ခ်ည္သား အေျပာ့နဲ႕ ဖိုင္ဘာအမ်ွင္ပါ ထည့္သြင္း ခ်ဳပ္လုပ္ထားတဲ့ မ်က္နွာဖုံးက ေခတ္စားေနျပီး ေရွးရိုးရာ ဆန္ဆန္ ဖေယာင္းနဲ႕ အေရာင္ခ်ြတ္ထားတဲ့ မ်က္နွာ ဖုံးက နာမည္ၾကီးေနတယ္သိရပါတယ္။ဆက္အလန္ ျမိဳ႕မွ ဒီဇိုင္နာ Hafiz ေျပာၾကားခ်က္က သူတို႕ အေနနဲ႕ ပါတိတ္ မ်က္နွာ အစ ေတြကို စလုပ္တာ သူတို႕ရဲ႕ တစ္ကိုယ္ေရ က်န္းမာေရး လုံျခံဳဖို႕ အတြက္ပါဆိုကာေျပာၾကားခဲ့ပါတယ္။

 

Ref : Reuters 

 

Read 8810 times
Rate this item
(1 Vote)