What's new

×

Warning

JUser: :_load: Unable to load user with ID: 845


နယူူးေယာက္မွ ေဘထုပ္ဆုိင္

(Zaw+Uni)New York Fashion Week မွာ ထူးထူးကဲကဲ ဖက္ရွင္၀တ္စုံေတြ ျပသေနတယ္။

နယူးေယာက္ၿမိဳ႕ မန္ဟက္တန္မွာ ဖက္ရွင္ ေလွ်ာက္ျပေနၾကတယ္။ ထူးကဲေနတာ ဒီဇုိင္းေတြသာမက ေဈးႏႈန္းေတြကလည္း ေျမာက္တယ္။ ေတာ္႐ုံတန္႐ုံနဲ႔ေတာ့ ၀ယ္ဖုိ႔ မတတ္ႏုိင္ၾကဘူး။

ဒါေပမဲ့ အဲဒီဖက္ရွင္ထည္ေတြ ခ်ဳပ္လုပ္တဲ့အခါ သုံးတဲ့ အထည္သားေတြမွာ
အေတာ္မ်ားမ်ားကုိေတာ့ ထူးထူးကဲကဲ ေဈးခ်ဳိခ်ဳိသာသာနဲ႔ ၀ယ္ဖုိ႔ ရႏုိင္မယ္။ 
အဲဒီလုိ ေဈးေပါေပါနဲ႔ ျပန္ေရာင္းေပးတဲ့ ေဘထုပ္ဆုိင္က နယူးေယာက္ ေျမေအာက္မီးရတထား F လုိင္းကုိ စီးရင္ ေနာက္ဆုံးဘူတာနားမွာ ရွိ္တဲ့ ေလးထပ္ သုိေလွာင္႐ုံႀကီးတစ္ခုမွာ ဖြင့္ထားတယ္။ အဲဒီမွာ အတြင္းခံေတြ ခ်ဳပ္တဲ့ အထည္ခ်ဳပ္ လုပ္ငန္းတစ္ခုလည္း ရွိတယ္။ အေမရိကန္ျပည္တြင္းျဖစ္ အတြင္းခံထည္ေတြမွာ နာမည္ႀကီးတဲ့ Hanky Panky ရဲ႕ ခ်ဳပ္ထည္လုပ္ငန္းခြဲတစ္ခု ျဖစ္တယ္။ 
အဲဒီ အထည္ခ်ဳပ္စက္႐ုံအလြန္မွာ ေဘထုပ္ဆုိင္ ရွိတယ္။ နာမည္က Fabscrap.

အဲဒီမွာ ဒီဇုိင္းနာေတြ သုံးတဲ့ ပုိးထည္စ၊ ကပ္ပန္း အပၸလစ္ေကး၊ နီနီရဲ ၾကက္ေသြးေရာင္ ဖဲထည္၊ ေရေလွ်ာ္ရင္ အသားက်ဳံ႕တာမုိ႔ မခ်ဳပ္ခင္ ႀကိဳၿပီး ေရေလွ်ာ္ေပးၿပီး အသားက်ဳံ႕ထားၿပီးသား ဂ်င္းစ အဲဒီလုိ အစေတြကုိ ၅ ေဒၚလာေလာက္နဲ႔ ရႏုိင္တယ္။

Fabscrap ကုိ ၂၀၁၅ ခုႏွစ္မွာ စတင္ခဲ့တယ္။ အက်ဳိးအျမတ္မရွာတဲ့ ေစတနာလုပ္ငန္းသက္သက္။ ဒီဇုိင္းနာေတြ လႊင့္ပစ္တဲ့ အစေတြကုိ လုိက္ယူၿပီး အခုလုိ ေဈးေပါေပါနဲ႔ ေရာင္းခ်ေပးတယ္။ ရည္ရြယ္ခ်က္က လႊင့္ပစ္မယ့္အစား ျပန္သုံးႏိုင္ေအာင္ လုပ္ေပးဖုိ႔ ျဖစ္ပါတယ္။

အခုလုိ ဖက္ရွင္႐ႈိးပြဲႀကီး က်င္းပတဲ့ကာလဆုိရင္ လႊင့္ပစ္တဲ့ အစေတြ တစ္ပုံတစ္ေခါင္း ထြက္တယ္။ ေဘထုပ္ေတြ ပုံထာညးတာ ၁၂ ေပေက်ာ္ ျမင့္တဲ့အထိ ထြက္တယ္လုိ႔ Fabscrap ထူေထာင္သူ Jessica Schreiber က ေျပာျပတယ္။

ရလာတဲ့ အစေတြကုိ အေသးအႀကီး အရြယ္အစားေတြအရ ခြဲျခားတယ္။ ေသးတာေတြကုိ ေစာင္လုပ္ဖုိ႔ ေပးပုိ႔တယ္။ ဂြမ္းေစာင္္မွာ ဂြမ္းသားအစား အစေတြကုိ အပုိင္းအစေလးေတြ ျဖစ္ေအာင္ ခုတ္စက္ထဲထည့္ခုတ္ပစ္ၿပီး သုံးစြဲၾကတယ္။ အစႀကီးႀကီးေတြကုိေတာ့ အစအတုိင္း ျပန္ေရာင္းခ်ေပးတယ္။

BAY HTOTE ONE

ဒီဇုိင္းနာေတြက လႊင့္ပစ္မယ့္ အစေတြကုိ အိတ္ထဲ စုထည့္ထားၿပီးရင္ Fabscrap ကုိ အေၾကာင္းၾကားလုိက္ရင္ Fabscrap က ကားနဲ႔ လာယူေပးတယ္။ အမႈိက္ပစ္တဲ့ကရိကထကုိ Fabscrap က ၀င္ရွင္းေပးသြားတာမုိ႔ ဒီဇုိင္းနာေတြအတြက္ အဆင္ေျပတယ္။
ၿပီးေတာ့ နယူးေယာက္မွာ ဥပေဒ ျပ႒ာန္းထားတာ တစ္ခု ရွိတယ္။ အထည္အလိပ္ေတြ လႊင့္ပစ္တဲ့ပမာဏက ၁၀ ရာခုိင္ႏႈန္းနဲ႔ အထက္ ျဖစ္ေနရင္ လႊင့္ပစ္ခြင့္ မရွိဘူး။ တစ္ဖန္ျပန္လည္ သုံးစြဲရမယ္လုိ႔ ျပ႒ာန္းထားတယ္။

ေဘထုပ္ထည္ကုိ သုံးစြဲတာ ဂုဏ္သိမ္ငယ္စရာ မဟုတ္ဘူး။ တစ္ဖန္ျပန္လည္သုံးစြဲေပးတာျဖစ္လုိ႔ Fabscrap မွာ ေစတနာ့၀န္ထမ္း လုပ္အားေပးသူေတြ မ်ားလာေနတယ္။ သက္တမ္း ႏွစ္ႏွစ္ ေက်ာ္မွာ ေဘထုပ္ေတြကုိ ကုိယ့္စရိတ္နဲ႔ကုိယ္ လုိက္သိမ္းေပးသူ ၆၀၀ ဦးေက်ာ္ ရွိေနၿပီ ျဖစ္တယ္

 

Unicode

New York Fashion Week မှာ ထူးထူးကဲကဲ ဖက်ရှင်ဝတ်စုံတွေ ပြသနေတယ်။ နယူယောက်မြို့ မန်ဟက်တန်မှာ ဖက်ရှင် လျှောက်ပြနကြေတယ်။ ထူးကဲနေတာ ဒီဇိုင်းတွေသာမက ဈေးနှုန်းတွေကလည်း မြောက်တယ်။ တော်ရုံတန်ရုံနဲ့တော့ ဝယ်ဖို့ မတတ်နိုင်ကြဘူး။

ဒါပေမဲ့ အဲဒီဖက်ရှင်ထည်တွေ ချုပ်လုပ်တဲ့အခါ သုံးတဲ့ အထည်သားတွေမှာ
အတော်များများကိုတော့ ထူးထူးကဲကဲ ဈေးချိုချိုသာသာနဲ့ ဝယ်ဖို့ ရနိုင်မယ်။
အဲဒီလို ဈေးပေါပေါနဲ့ ပြန်ရောင်းပေးတဲ့ ဘေထုပ်ဆိုင်က နယူးယောက် မြေအောက်မီးရတထား F လိုင်းကို စီးရင် နောက်ဆုံးဘူတာနားမှာ ရှိ်တဲ့ လေးထပ် သိုလှောင်ရုံကြီးတစ်ခုမှာ ဖွင့်ထားတယ်။ အဲဒီမှာ အတွင်းခံတွေ ချုပ်တဲ့ အထည်ချုပ် လုပ်ငန်းတစ်ခုလည်း ရှိတယ်။ အမေရိကန်ပြည်တွင်းဖြစ် အတွင်းခံထည်တွေမှာ နာမည်ကြီးတဲ့ Hanky Panky ရဲ့ ချုပ်ထည်လုပ်ငန်းခွဲတစ်ခု ဖြစ်တယ်။
အဲဒီ အထည်ချုပ်စက်ရုံအလွန်မှာ ဘေထုပ်ဆိုင် ရှိတယ်။ နာမည်က Fabscrap.

အဲဒီမှာ ဒီဇိုင်းနာတွေ သုံးတဲ့ ပိုးထည်စ၊ ကပ်ပန်း အပ္ပလစ်ကေး၊ နီနီရဲ ကြက်သွေးရောင် ဖဲထည်၊ ရေလျှော်ရင် အသားကျုံ့တာမို့ မချုပ်ခင် ကြိုပြီး ရေလျှော်ပေးပြီး အသားကျုံ့ထားပြီးသား ဂျင်းစ အဲဒီလို အစတွေကို ၅ ဒေါ်လာလောက်နဲ့ ရနိုင်တယ်။

Fabscrap ကို ၂ဝ၁၅ ခုနှစ်မှာ စတင်ခဲ့တယ်။ အကျိုးအမြတ်မရှာတဲ့ စေတနာလုပ်ငန်းသက်သက်။ ဒီဇိုင်းနာတွေ လွှင့်ပစ်တဲ့ အစတွေကို လိုက်ယူပြီး အခုလို ဈေးပေါပေါနဲ့ ရောင်းချပေးတယ်။ ရည်ရွယ်ချက်က လွှင့်ပစ်မယ့်အစား ပြန်သုံးနိုင်အောင် လုပ်ပေးဖို့ ဖြစ်ပါတယ်။

အခုလို ဖက်ရှင်ရှိုးပွဲကြီး ကျင်းပတဲ့ကာလဆိုရင် လွှင့်ပစ်တဲ့ အစတွေ တစ်ပုံတစ်ခေါင်း ထွက်တယ်။

ဘေထုပ်တွေ ပုံထားတာ

၁၂ ပေကျော် မြင့်တဲ့အထိ ထွက်တယ်လို့

Fabscrap ထူထောင်သူ Jessica Schreiber က ပြောပြတယ်။

ရလာတဲ့ အစတွေကို အသေးအကြီး အရွယ်အစားတွေအရ ခွဲခြားတယ်။ သေးတာတွေကို စောင်လုပ်ဖို့ ပေးပို့တယ်။ ဂွမ်းစောင်မှာ ဂွမ်းသားအစား အစတွေကို အပိုင်းအစလေးတွေ ဖြစ်အောင် ခုတ်စက်ထဲထည့်ခုတ်ပစ်ပြီး သုံးစွဲကြတယ်။ အစကြီးကြီးတွေကိုတော့ အစအတိုင်း ပြန်ရောင်းချပေးတယ်။

ဒီဇိုင်းနာတွေက လွှင့်ပစ်မယ့် အစတွေကို အိတ်ထဲ စုထည့်ထားပြီးရင် Fabscrap ကို အကြောင်းကြားလိုက်ရင် Fabscrap က ကားနဲ့ လာယူပေးတယ်။ အမှိုက်ပစ်တဲ့ကရိကထကို Fabscrap က ဝင်ရှင်းပေးသွားတာမို့ ဒီဇိုင်းနာတွေအတွက် အဆင်ပြေတယ်။
ပြီးတော့ နယူးယောက်မှာ ဥပဒေ ပြဋ္ဌာန်းထားတာ တစ်ခု ရှိတယ်။ အထည်အလိပ်တွေ လွှင့်ပစ်တဲ့ပမာဏက ၁ဝ ရာခိုင်နှုန်းနဲ့ အထက် ဖြစ်နေရင် လွှင့်ပစ်ခွင့် မရှိဘူး။ တစ်ဖန်ပြန်လည် သုံးစွဲရမယ်လို့ ပြဋ္ဌာန်းထားတယ်။

ဘေထုပ်ထည်ကို သုံးစွဲတာ ဂုဏ်သိမ်ငယ်စရာ မဟုတ်ဘူး။ တစ်ဖန်ပြန်လည်သုံးစွဲပေးတာဖြစ်လို့ Fabscrap မှာ စေတနာ့ဝန်ထမ်း လုပ်အားပေးသူတွေ များလာနေတယ်။ သက်တမ်း နှစ်နှစ် ကျော်မှာ ဘေထုပ်တွေကို ကိုယ့်စရိတ်နဲ့ကိုယ် လိုက်သိမ်းပေးသူ ၆ဝဝ ဦးကျော် ရှိနပြေီ ဖြစ်တယ်

BAY HTOTE ONE

Read 6808 times
Rate this item
(1 Vote)