What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပိတ်စအမျိုးအစားပေါင်းများစွာ ပြသမည့် ကုန်စည်ပြပွဲကို ပြည်တွင်း၌ပထမဆုံးကျင်းပမည်

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှစက်ရုံပေါင်း၁၅၀ကျော်က ပိတ်စအမျိုးအစားပေါင်း တစ်သိန်းကျော်ပါဝင်ပြသမည့် 2017Myanmar International Textile Expo ကုန်စည်ပြပွဲကြီးကို ပထမဆုံးအကြိမ်ပြုလုပ်သွားမည် ဖြစ်ကြောင်းနီုဝင်ဘာလကသိရပါတယ်။

အဆိုပါပြပွဲကို ရန်ကုန်မြို့ဦးဝိစာရလမ်းရှိတပ်မတော်ခန်းမတွင် ဒီဇင်ဘာလ၈ရက်မှ၁၀ရက်အထိသုံးရက် တိုင်တိုင်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ ယင်းကုန်စည်ပြပွဲကို နံနက်၉နာရီမှညနေ၆နာရီအထိ ပြသသွားမည်ဖြစ်ပြီး ဖက်ရှင်ရှိုးများကိုလည်းနေ့စဉ် ပြုလုပ်မည်ဖြစ်ကြောင်းသိရပါတယ်။ ထိုပွဲနှင့် ပတ်သတ် Creation Strength ကုမ္ပဏီလီမီတက်မှမန်နေဂျင်းဒါရိုက်တာကိုစိုးလှိုင်ဦးက “ကျွန်တော်တို့အနေနဲ့ ဒီပွဲလုပ်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိကြတဲ့ ဖက်ရှင်ဒီဇိုင်နာတွေ လက်လီလက်ကား ရောင်းချနေတဲ့ အထည်အလိပ်လုပ်ငန်းရှင်တွေမြန်မာနိုင်ငံက  အထည်အလိပ်လုပ်ငန်းရှင် ကြီးတွေ သူတို့လိုအပ်တဲ့ပိတ်စတွေကိုခက်ခက်ခဲခဲနဲ့ ရှာဖွေဝယ်ယူနေကြရတာကြောင့် တရုတ်ပြည်အထိသွားဝယ်ရင် လည်းစက်ရုံတစ်ရုံနှစ်ရုံလောက်ဘဲ ချိတ်ဆက်နိုင်မှာပါ။ ဒါကြောင့်အအချိန်ကုန်သက်သာပြီး တနေရာတည်းမှာပိတ်စအမျိုးအစားပေါင်းတစ်သိန်းကျော်ကို အလွယ်အကူရွေးချယ်ဝယ်ယူနိုင်ဖို့ အခုလိုကျင်းပရတာဖြစ်ပါတယ်။”ဟုပြောပါတယ်။

အဆိုပါကုန်စည်ပြပွဲတွင် business to business system အဖြစ် ပြုလုပ်သွားမည်ဖြစ်ပြီး ပြပွဲကြီးအတွင်းလာရောက်လေ့လာဝယ်ယူသူများတွက် တန်ဖိုးကြီးလက်ဆောင်များကိုလည်းကံစမ်းမဲဖွင့် ဖောက်ခြင်းများပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။ 

Read 1052 times
Rate this item
(0 votes)