What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂျာမနီမှ BASF သည် တရုတ်နိုင်ငံတွင် CIIF New Materials Award ဆု ရရှိခဲ့

ဂျာမန် နိုင်ငံတကာ ဓာတုဗေဒကုမ္ပဏီ BASF သည် တီထွင်မှုဆိုင်ရာ ၂၀၂၀ 'CIIF New Materials Award' ကို ရရှိခဲ့ပါတယ်။ ထိုဆုကို စက်တင်ဘာလတွင် ရှန်ဟိုင်းရှိ အမျိုးသားပြပွဲနှင့်ကွန်ဗင်းရှင်းစင်တာ၌ တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ (CIIF) မှ ချီးမြှင့်ခြင်းခံရပြီး elastic spandex အထည်အလိပ် အမျှင်များနှင့်သားရေထုတ်လုပ်ရန် အသုံးပြုသည့် PolyTHF ၏ အသစ်ပြုပြင်ထားသော ပြောင်းလဲမှုအတွက် တရားစီရင်ရေးအဖွဲ့မှ BASF ကို ချီးကျူးခဲ့တယ်လို့ ဆိုပါတယ်။

 

ယခုနှစ် ဆု(၁၀)ခုအတွက် ကုမ္ပဏီပေါင်း ၂၀ က ‘new materials’ အမျိုးအစား၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ BASF သည် "အထည်အလိပ်ကဏ္ဍအတွက် ဆုချီးမြှင့်ခြင်းခံရသော တစ်ခုတည်းသော ကုမ္ပဏီဖြစ်တယ်"လို့ BASF သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားတာ တွေ့ရပါတယ်။

 

BASF နဲ့ Chinese producer ဖြစ်တဲ့ Hangzhou Banglian Spandex (Banglian)တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပထမဆုံးအောင်မြင်မှုကတော့ m-PolyTHF အမှတ်တံဆိပ်ထုတ်ကုန်ကို denim အဝတ်အထည်များအတွက် ပျော့ပျောင်းသော spandex အမျှင်များ ထုတ်လုပ်ခဲ့ခြင်း ဖြစ်တယ်။

 

စက်ရုံများသည် စက်တင်ဘာ ၂၃ မှ ၂၅ ရက်အထိ ရှန်ဟိုင်းရှိ Intertextile Shanghai Apparel Fabrics ပြပွဲတွင် surgical masks များအတွက် ခြေအိတ်နှင့် နားကြပ်များကဲ့သို့ ပျော့ပျောင်းသော spandex-based ထုတ်ကုန်များကို မိတ်ဆက်ခဲ့ပါတယ်။

 

m-PolyTHF ရဲ့ ဂုဏ်သတ္တိသည် အခန်းအပူချိန်တွင် အရည်ဖြစ်ခြင်းကြောင့် သမားရိုးကျ PolyTHF နှင့် နှိုင်းယှဉ်လျှင် ပိုမိုကောင်းမွန်သည့်စွမ်းဆောင်ရည်ကို ပေးစွမ်းပြီး lower strain induced ကဲ့သို့ အလွန်ကောင်းမွန်သော ဂုဏ်သတ္တိများ ရှိနေပါတယ်။

 

၎င်းသည် PolyTHF ထက် ပိုမိုနိမ့်ကျသော အပူချိန်အတိုင်းအတာကို ပြသနိုင်ပြီး ကုန်ပစ္စည်းများကို ပိုမိုပျော့ပျောင်းကာ အေးခဲသောအပူချိန်အောက်တွင် ခံစားမှုစွမ်းရည် ပိုမိုကောင်းမွန်စေတာ တွေ့ရပါတယ်။

 

CIIF ကို စက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ အမျိုးသားဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ တရုတ်သိပ္ပံအကယ်ဒမီ၊ တရုတ်အင်ဂျင်နီယာအကယ်ဒမီ၊ ကုန်သွယ်ရေး၊ ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးမှုအဖွဲ့နှင့် ရှန်ဟိုင်းမြူနီစီပယ်ပြည်သူ့အစိုးရတို့က ပူးပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

 

By htikehtike (Myanmar Textile & Garment Guide)
Ref: fibre2fashion.com

Read 656 times
Rate this item
(0 votes)