What's new

×

Warning

JUser: :_load: Unable to load user with ID: 845


UV Wise မှ နေရောင်ခြည် ကာကွယ်သည့်အဝတ်အစားများ ထုတ်လုပ်နိုင်ရန် ကူညီရှာဖွေလျက်ရှိ

UV Wise မှ နေရောင်ခြည် ကာကွယ်သည့်အဝတ်အစားများ ထုတ်လုပ်နိုင်ရန် ကူညီရှာဖွေလျက်ရှိ Fibre2Fashion

ကနေဒါနိုင်ငံရှိ UV Wise ကုမ္ပဏီကနေ လူအများစု အိမ်ပြင်ထွက်တဲ့အခါ စိုးရိမ်ပူပန်ရတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် နေရောင်ခြည် ကာကွယ်သည့် အဝတ်အထည်များနှင့် ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်နိုင်ရန် ကြိုးစားနေပါတယ်။

 

အလျင်အမြန်တိုးတက်လာတဲ့ အသုံးပြုရလည်း လွယ်ကူတဲ့ အွန်လိုင်းစတိုးတွေမှာဆိုရင် အမျိုးသား ၊ အမျိုးသမီးနှင့် ကလေးသူငယ်များရဲ့ အပြင်ပိုင်းလိုအပ်ချက်များအတွက် ကျယ်ပြန့်သော UPF (Ultraviolet Protection Factor) အဝတ်အထည်များကိုပါ ထောက်ပံ့နေတယ်လို့လည်း သိရပါတယ်။

 

မြောက်အမေရိကရှိ melanoma ရောဂါသည် တစ်နာရီလျှင် လူတစ်ဦး သေစေနိုင်ပြီး နေ၏ခရမ်းလွန်ရောင်ခြည်များမှာ တိမ်တိုက်များ၊ မြူများနှင့်ရေထဲသို့ ဝင်ရောက်နိုင်လို့ လူ ၁၅ယောက်ကနေ အများဆုံး ၂၉ ယောက်ထိ ကင်ဆာရောဂါအမျိုးအစားများလည်း ဖြစ်စေနိုင်ပါတယ်။

 

UV Wise အွန်လိုင်းစတိုးသည် melanoma ရောဂါရှိသူများနှင့်အခြားအရေပြားနှင့်ဆက်စပ်သောရောဂါများမှ ကာကွယ်ရန် မှန်ကန်သောကာကွယ်မှုကို ကူညီနိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။

 

UV Wise Collection တွင် အပြင်သွားတဲ့အခါ ဥပမာ တောင်ပေါ် (သို့) ကမ်းခြေ၊ ရေကူးကန်နှင့်ဂေါက်ကွင်းတို့နဲ့ လိုက်ဖက်အဆင်ပြေမယ့် အဝတ်အထည်များလည်း ပါဝင်ပါတယ်။

 

အွန်လိုင်းစတိုးတွင် ဖက်ရှင်ဒီဇိုင်းများဖြစ်တဲ့ အမျိုးသားနှင့်အမျိုးသမီးများအတွက် တီရှပ်များနှင့် ဘောင်းဘီများ၊ ဦးထုပ်၊ နေကာမျက်မှန်နှင့် အခြားကုန်ပစ္စည်းများစသည့် စတိုင်ကျလှပသောပစ္စည်းများလည်း ရှိပါတယ်။

 

UV Wise တွင် UPF အဝတ်အထည်များနှင့်ကလေးများအတွက် အသုံးအဆောင်များလည်း ပါဝင်တယ်ဟု သိရပါတယ်။

Ref:Fibre2Fashion

Read 699 times
Rate this item
(0 votes)