What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သားရေများ ထုတ်လုပ်ရောင်းချရန် Apex Tannery ကုမ္ပဏီမှ ကုမ္ပဏီသုံးခုနဲ့ စာချုပ်ချုပ်ဆို

သားရေများ ထုတ်လုပ်ရောင်းချရန် Apex Tannery ကုမ္ပဏီမှ ကုမ္ပဏီသုံးခုနဲ့ စာချုပ်ချုပ်ဆို fibre2fashion

ဘင်္ဂလားဒေ့ရ်ှနိုင်ငံ Apex Tannery လီမိတက်၏ဒါရိုက်တာဘုတ်အဖွဲ့သည် မကြာသေးမီက ၎င်း၏ချုပ်သားရေများကို ရောင်းချရန် FB Footwear Ltd. , Footbed Footwear Ltd. နှင့် Nuovo Shoes (BD) Ltd. ကုမ္ပဏီ သုံးခုနှင့် စာချုပ်ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့ပါတယ်။

 

မကြာသေးမီက ဒါကာစတော့အိတ်ချိန်းတွင် Apex Tannery ၏ဒါရိုက်တာအချို့သည်လည်း ၎င်းကုမ္ပဏီသုံးခုမှာ ဒါရိုက်တာအဖြစ် ပါဝင်နေကြောင်း ဖော်ပြခဲ့ပါတယ်။

 

ခန့်မှန်းခြေအားဖြင့် ကုမ္ပဏီမှ နှစ်စဉ် FB Footwear Ltd. , Footbed Footwear Ltd. နှင့် Nuovo Shoes (BD) Ltd. တို့ရဲ့ ရောင်းအားနှုန်းများမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံးငွေ တာကာ ၁၆ ၅၀၀၀ ၀၀ ၊ တာကာ ၃၂ ၅၀၀၀ ၀၀နဲ့ တာကာ ၁၂ ၅၅၀၀ ၀၀ဝန်းကျင်တို့တွင်ရှိတယ်လို့ မီဒီယာသတင်းများအရ သိရပါတယ်။

 

Apex Tannery ရဲ့ အဓိကလုပ်ငန်းစဉ်မှာ ဖိနပ်နှင့်သားရေကုန်ပစ္စည်းများအတွက် အီတလီ chemicals များ၊ နည်းပညာများနဲ့ သားရေအမျိုးမျိုးကို အသုံးပြု၍ သားရေထုတ်လုပ်တင်ပို့ရန်အတွက် ဖြစ်ပါတယ်။ ၎င်းကုမ္ပဏီက ရာခိုင်နှုန်းအားဖြင့် ပို့ကုန်ကို ဦးတည်သည့်ကုမ္ပဏီဖြစ်ပါတယ်။ ၎င်း၏နှစ်စဉ်ထုတ်လုပ်မှုနှုန်းမှာ စတုရန်းပေ ၃၂ သန်းရှိတယ်လို့ ဆိုပါတယ်။

 

By Myanmar Textile & Garment Guide
Ref: fibre2fashion.com

Read 689 times
Rate this item
(0 votes)