What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ချည်မျှင်အထည်လုပ်ငန်း သမိုင်းကြောင်း

ချည်မျှင်အထည်လုပ်ငန်း သမိုင်းကြောင်း Google

         မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှတွင် ကျောက်ခေတ်ကပင် အ၀တ်အထည်ရက်လုပ်သော ရက်ကန်းပညာနှင့် သစ်ခေါက်လျှော်အ၀တ်လုပ်ငန်းတို့ကို တက်မြောက်ပြီး ထိုအစောပိုင်းကာလတွင် ၀ါမရှိသေးသဖြင့် လျှော်နှင့် လဲတို့ကိုချည်ငင်၍ အ၀တ်များကိုရက်လုပ်ကြတယ်လို့ ခန့်မှန်းကြပါတယ်။

         ပန်ထွာပြည်လို့ မြန်မာရာဇ၀င်ကျမ်းများက ဖော်ပြတဲ့ ဗိဿနိုး၊ ပျူမြို့တော်(အေဒီ ၁ ရာစုမှ ၅ ရာစု)တွင် ပျူတို့ဟာ အ၀တ်အထည်များကို လဲ၊ လက်ပံမှို့ကို ဗိုင်းငင်၍ ရက်လုပ်ဝတ်ဆင်ခဲ့ကြတယ်။ ပုဂံခေတ်တွင် ရက်ကန်းပညာမှာ တိုးတက်လာတယ်လို့ ဆိုနိုင်ပါတယ်။ ပုဂံကျောက်စာများတွင် ပုချည်သည်(ပုဆိုးရက်သူ) ယန်သည် (ရက်ကန်းသည်)လို့ ရေးသားထားသည်ကို တွေ့ရသဖြင့် ထိုအချိန်ကတည်းက ရက်ကန်းအလုပ်ဖြင့် အသက်မွေးသူများလည်းရှိခဲ့တယ်ဟု ယူဆရပါတယ်။
        အစောပိုင်းကာလများတွင် ရက်ကန်းပညာ၊ ရက်ကန်းလုပ်ငန်းများရှိသော်လည်း ရက်ကန်းစင်ကိုအသုံးပြု၍ အဆင်စုံ၊ အသွေးစုံ ရက်လုပ်နိုင်ခြင်းမရှိပါ။ မြန်မာ့ရက်ကန်းသည် ဂျပ်ခုတ်ရက်လုပ်ခြင်းမှ စတင်ခဲ့သည်ဟုဆိုနိုင်ပါတယ်။ မြန်မာတိုင်းရင်းသားလူမျိုးများတွင် ဂျပ်ခုတ်ရက်ခြင်းအစဉ်အလာကိုတွေ့နိုင်ပါတယ်။ မိမိတို့မျိုးနွယ်အလိုက် ဒေသအလိုက်အ၀တ်အထည်များကို အရောင်အသွေးအဆင် သတ်မှတ်ရက်လုပ်ဝတ်ဆင်ကြသဖြင့် ကချင် လုံချည်၊ ကယားလုံချည်၊ ကရင်လုံချည်၊ ချင်းလုံချည်၊ ယောလုံချည်၊ ရခိုင်လုံချည်၊ ရှမ်းလုံချည်၊ မွန်လုံချည် လို့ ထင်ရှားကျော်ကြားပါတယ်။ စောင်၊ တဘက် စသည်တို့သည်လည်း အလားတူပင်ဖြစ်ပါတယ်။ ဂျပ်ခုတ်ရက်လုပ်ခြင်းဟာ မြန်မာ့ရိုးရာ ရက်ကန်းလုပ်ငန်းပဲဖြစ်ပါတယ်။
         မြန်မာ့ရက်ကန်းလုပ်ငန်းဟာ မြန်မာတို့အတွက် အဓိကစိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် ဆန်စပါးလုပ်ငန်းနှင့်ထပ်တူ အရေးကြီးသော အိမ်တွင်းလက်မှုလုပ်ငန်း ဖြစ်ခဲ့ပါတယ်။  ရှေးမြန်မာမင်းများလက်ထက်တွင် မြို့ရောတောပါ ဆင်းရဲ ချမ်းသာမရွေး အိမ်တိုင်းတွင် ရက်ကန်းလုပ်ငန်းရှိခဲ့ပါတယ်။ အမျိုးသမီးကြီးငယ်တိုင်းဟာလည်း ၀ါဖန်ခြင်း၊ ချည်ငင်ခြင်း၊ ချည်ဆိုးခြင်း၊ ရက်ခြင်း စတဲ့ အ၀တ်အထည်ထုတ်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်တက်ကြတယ်။ မိသားစု တစ်စုလုံး၊ တစ်အိမ်လုံးအတွက် လိုအပ်တဲ့ အင်္ကျီ၊ ပုဆိုး၊ ထဘီ၊ ခေါင်းပေါင်း၊ တဘက်၊ စောင်၊ အခင်းအကာ တို့ကို အမျိုးသမီးများက ရက်လုပ်ကြသည်။ ထို့ပြင် ရဟန်း၊ သံဃာတော်တို့ကို ဆက်ကပ်လှူဒါန်းရန် သင်္ကန်းကိုလည်းရက်လုပ်ကြတယ်။ ဒါကြောင့် အ၀တ်အထည်ထုတ်လုပ်ရေးလုပ်ငန်းဟာ နေ့စဉ်ဆောင်ရွက်ရသည့်မြန်မာတို့၏ အိမ်တွင်းလက်မှုလုပ်ငန်းတစ်ခုဖြစ်တယ်လို့ဆိုနိုင်ပါသည်။

Source: ချည်မျှင်အထည်လုပ်ငန်း Working Group

Read 2505 times
Rate this item
(2 votes)
Tagged under