What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဝါးခ်ည္မွ်င္

Uni+Zawgyi  ဝါးချည်မျှင်ဟာ ဝါးပင်မှာပါတဲ့ အမျှင်တွေကို ရယူထားတဲ့ ချည်မျှင် ဖြစ်ပါတယ်။

ဝါးချည်ကို ဝါးပျော့ဖတ်ဖြင့်သာ ထုတ်လုပ်ပါတယ်။ ဝါးလုံးတွေကို ကော်ပျော့ဖတ်ဖြစ်စပြေီး အယ်ကလိုင်းရည်ဖြင့် ဓာတ်ပြယ်အောင် ပြုတယ်။ ပြီးရင် အရောင်ချွတ်တယ်။ ပြီးရင် ဓာတုနည်းလမ်းများ အသုံးပြုပြီး ဝါးချည်မျှင်ကို ထုတ်လုပ်ကြပါတယ်။ 

ဝါမှ ထုတ်လုပ်တဲ့ချည်နဲ့ ဝါးမှ ထုတ်လုပ်တဲ့ချည် နှိုင်းယှဉ်ပြီး စမ်းသပ်ခဲ့ကြတာမှာ အရည်အသွေး မတိမ်းမယိမ်း ဖြစ်ကြောင်း အတည်ပြုပေးခဲ့ကြပါတယ်။ ချည်မျှင်အဖြစ် သုံးနိုင်တဲ့အထိ သေးမျှင်ပြီး အရောင်ချွတ်ဆေး သုံးစွဲပြီး ဖြူအောင် လုပ်လို့ရတာကိုလည်း အတည်ပြုပေးခဲ့ကြပါတယ်။ ပိုးတုချည်၊ ရေယွန်ချည်များနည်းဆူ ဖြူဆွတ်နိုင်ပါတယ်။ တာရှည်ခံခြင်း၊ အရည်အသွေး မပြောင်းလဲအောင် ထိန်းထားနိုင်ခြင်၊ ဒဏ်ခံနိုင်ရည် ရှိခြင်းတို့မှာလည်း အတူတူပဲဆိုတာ တွေ့ကြရတယ်။ လေထုထဲမှ စိုထိုင်းမှုကို ဝါချည်နည်းတူ စုပ်ယူနိုင်စွမ်း ရှိတယ်။ စိမ့်ဝင်နိုင်မှုကောင်းတယ်။ အထိအတွေ့ ညက်ညောတယ်။ ချည်ကို ဖြောင့်ဖို့ လွယ်တယ်။ အရောင်ဆိုးမယ်ဆိုရင်လည်း ဆေးစွဲအား ကောင်းတယ်။
ဝါးချည်ဟာ ပျော့ပျောင်းညက်ညောတာမှာ ကက်ရှမီးယား ဆိတ်မွေးချည်၊ ပိုးချည်တို့လို နူးညံ့တယ်။ ချည်မျှင်ကို ကန့်လန့်ဖြတ်ပြီး အနုစိတ် ကြည့်မယ်ဆိုရင် အလွန်အမင်း သေးငယ်တဲ့ အပေါက်လေးတွေ ပါတာ တွေ့ရတယ်။ ဒီတော့ စိုထိုင်းတာကို စုပ်ယူအား ကောင်းတယ်။ စိုထို်င်းတာကို စုပ်ယူနိုင်စွမ်းက ဝါချည်ထက် နှစ်ဆလောက် ပိုအားကောင်းတယ်။ လေဝင်လေထွက်လည်း ကောင်းတယ်။ ဒီတော့ ဝါးချည်ထည်ကို ဝတ်ဆင်ထားသူ ချွေးထွက်တဲ့အခါ အဝတ်အစားက ချွေးကို စုပ်ယူပေးမှာဖြစ်ပြီး ပူအိုက်တာ သက်သာအောင် လေဝင်လေထွက်လည်း ကောင်းနေစေမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ဝါးချည်ထည်ကို ဝတ်ဆင်တာကြောင့် ပိုပူအိုက်မှာ မဟုတ်ဘူး။

ဘက်တီးရီးယား သေစေနိုင်စွမ်း ရှိတာကိုလည်း တွေ့ရတယ်။ ဒီတော့ ဝါးချည်ဖြင့် ရက်လုပ်ထားတဲ့အထည်၊ ဇာထိုးထားတဲ့အထည်တွေမှာ ဘက်တီးရီးယား ကပ်တွယ်လို့ မရဘူး။ အဲဒီသတ္တိက ဝါးပင်ရဲ့ ပင်ကိုသတ္တိဖြစ်ပြီး ချည်မျှင်အထိ ပါလာတာ ဖြစ်ပါတယ်။

ဝါးလုံးတွေကနေ ချည်ထုတ်ယူတာမှာ ယခုအခါ သုံးစွဲကြတဲ့ နည်းလမ်းတွေကို နှစ်မျိုးခွဲခြားနိုင်ပါတယ်။ စက်မှုနည်းနဲ့ ဓာတုနည်းတို့ ဖြစ်ပါတယ်။
စက်မှုနည်းလမ်းမှာ ဝါးကို အပိုင်းပိုင်းအစစ ဖြတ်တောက်ပြီးတော့ ရေနွေးငွေ့ဖြင့် အလုံပိတ်ပြီး နှပ်တယ်။ ပြီးရင် ကြိတ်ပစ်ပြီး ပျော့ဖတ်ဖြစ်အောင် လုပ်တယ်။ ပျော့ဖတ်မှာ အင်ဇိုင်းတွေ ပြိုကွဲအောင် စောင့်တယ်။ ပြီးရင် အဲဒီပျော့ဖတ်ကနေ အမျှင်စတွေ ခြစ်ယူတယ်။ ရလာတဲ့အမျှင်တွေကိ ချည်အဖြစ် ချည်ငင်တယ်။ အခုလို လုပ်တဲ့ လုပ်ငန်းစဉ်ကို bamboo linen လို့ ခေါ်ဝေါ်ကြတယ်။
ဝါးလုံးမှ ချည်ထုတ်တဲ့ နောက်တစ်နည်းကတော့ ဓာတုပစ္စည်းများ သုံးစွဲပြီး စဲလူလို့စ် ဖိုင်ဘာ အဖြစ်သို့ ရောက်စပြေီး ချည်မျှင်ထုတ်လုပ်တယ်။

ရလာတဲ့ ချည်ကို ယှဉ်ကြည့်ရင် စက်မှုနည်းလမ်းမှ ရတဲ့ချည်က ပိုကောင်းတယ်။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးတယ်။ ဒါပေမဲ့ စက်မှုနည်းလမ်းက လုပ်သားအင်အား သုံးစွဲရတာ ဓာတုနည်းလမ်းထက် ပိုများတယ်။ ကုန်ကျစရိတ် အများကြီး ပိုများတယ်။ အဲဒါကြောင့် ဓာတုနည်းလမ်းဖြင့် ထုတ်လုပ်ကြတာ ပိုများပါတယ်။ စက်မှုနည်းလမ်းဖြင့် ထုတ်လုပ်တာ အတော်နည်းပါး ပါတယ်။
စက်မှုနည်းလမ်းဖြင့် ထုတ်လုပ်တဲ့ချည်က ပျော့ပျောင်းတယ်။ ညက်ညောတယ်။ ဓာတုနည်းလမ်းဖြင့် ထုတ်လုပ်တဲ့ချည်က မာတယ်။ ရေယွန်ချည်နဲ့ ဆင်ဆင်တူတာမို့ bamboo rayon လို့ ခေါ်ကြပါတယ်။

bamboo fibre44

 

 

Zawgyi

ဝါးခ်ည္မွ်င္ဟာ ဝါးပင္မွာပါတဲ့ အမွ်င္ေတြကုိ ရယူထားတဲ့ ခ်ည္မွ်င္ ျဖစ္ပါတယ္။ ဝါးခ်ည္ကုိ ဝါးေပ်ာ့ဖတ္ျဖင့္သာ ထုတ္လုပ္ပါတယ္။ ဝါးလုံးေတြကုိ ေကာ္ေပ်ာ့ဖတ္ျဖစ္ေစၿပီး အယ္ကလုိင္းရည္ျဖင့္ ဓာတ္ျပယ္ေအာင္ ျပဳတယ္။ ၿပီးရင္ အေရာင္ခၽြတ္တယ္။ ၿပီးရင္ ဓာတုနည္းလမ္းမ်ား အသုံးျပဳၿပီး ဝါးခ်ည္မွ်င္ကုိ ထုတ္လုပ္ၾကပါတယ္။
ဝါမွ ထုတ္လုပ္တဲ့ခ်ည္နဲ႔ ဝါးမွ ထုတ္လုပ္တဲ့ခ်ည္ ႏႈိင္းယွဥ္ၿပီး စမ္းသပ္ခဲ့ၾကတာမွာ အရည္အေသြး မတိမ္းမယိမ္း ျဖစ္ေၾကာင္း အတည္ျပဳေပးခဲ့ၾကပါတယ္။ ခ်ည္မွ်င္အျဖစ္ သုံးႏုိင္တဲ့အထိ ေသးမွ်င္ၿပီး အေရာင္ခၽြတ္ေဆး သုံးစြဲၿပီး ျဖဴေအာင္ လုပ္လုိ႔ရတာကုိလည္း အတည္ျပဳေပးခဲ့ၾကပါတယ္။ ပုိးတုခ်ည္၊ ေရယြန္ခ်ည္မ်ားနည္းဆူ ျဖဴဆြတ္ႏုိင္ပါတယ္။ တာရွည္ခံျခင္း၊ အရည္အေသြး မေျပာင္းလဲေအာင္ ထိန္းထားႏုိင္ျခင္၊ ဒဏ္ခံႏုိင္ရည္ ရွိျခင္းတုိ႔မွာလည္း အတူတူပဲဆုိတာ ေတြ႕ၾကရတယ္။ ေလထုထဲမွ စုိထုိင္းမႈကုိ ဝါခ်ည္နည္းတူ စုပ္ယူႏုိင္စြမ္း ရွိတယ္။ စိမ့္ဝင္ႏုိင္မႈေကာင္းတယ္။ အထိအေတြ႕ ညက္ေညာတယ္။ ခ်ည္ကုိ ေျဖာင့္ဖုိ႔ လြယ္တယ္။ အေရာင္ဆုိးမယ္ဆုိရင္လည္း ေဆးစြဲအား ေကာင္းတယ္။
ဝါးခ်ည္ဟာ ေပ်ာ့ေပ်ာင္းညက္ေညာတာမွာ ကက္ရွမီးယား ဆိတ္ေမြးခ်ည္၊ ပုိးခ်ည္တုိ႔လုိ ႏူးညံ့တယ္။ ခ်ည္မွ်င္ကုိ ကန္႔လန္႔ျဖတ္ၿပီး အႏုစိတ္ ၾကည့္မယ္ဆုိရင္ အလြန္အမင္း ေသးငယ္တဲ့ အေပါက္ေလးေတြ ပါတာ ေတြ႕ရတယ္။ ဒီေတာ့ စုိထုိင္းတာကုိ စုပ္ယူအား ေကာင္းတယ္။ စုိထုိ္င္းတာကုိ စုပ္ယူႏုိင္စြမ္းက ဝါခ်ည္ထက္ ႏွစ္ဆေလာက္ ပုိအားေကာင္းတယ္။ ေလဝင္ေလထြက္လည္း ေကာင္းတယ္။ ဒီေတာ့ ဝါးခ်ည္ထည္ကုိ ဝတ္ဆင္ထားသူ ေခၽြးထြက္တဲ့အခါ အဝတ္အစားက ေခၽြးကုိ စုပ္ယူေပးမွာျဖစ္ၿပီး ပူအုိက္တာ သက္သာေအာင္ ေလဝင္ေလထြက္လည္း ေကာင္းေနေစမွာ ျဖစ္ပါတယ္။ ဆုိလုိတာက ဝါးခ်ည္ထည္ကုိ ဝတ္ဆင္တာေၾကာင့္ ပုိပူအုိက္မွာ မဟုတ္ဘူး။

ဘက္တီးရီးယား ေသေစႏုိင္စြမ္း ရွိတာကုိလည္း ေတြ႕ရတယ္။ ဒီေတာ့ ဝါးခ်ည္ျဖင့္ ရက္လုပ္ထားတဲ့အထည္၊ ဇာထုိးထားတဲ့အထည္ေတြမွာ ဘက္တီးရီးယား ကပ္တြယ္လုိ႔ မရဘူး။ အဲဒီသတိၱက ဝါးပင္ရဲ႕ ပင္ကုိသတိၱျဖစ္ၿပီး ခ်ည္မွ်င္အထိ ပါလာတာ ျဖစ္ပါတယ္။

ဝါးလုံးေတြကေန ခ်ည္ထုတ္ယူတာမွာ ယခုအခါ သုံးစြဲၾကတဲ့ နည္းလမ္းေတြကုိ ႏွစ္မ်ဳိးခြဲျခားႏုိင္ပါတယ္။ စက္မႈနည္းနဲ႔ ဓာတုနည္းတုိ႔ ျဖစ္ပါတယ္။
စက္မႈနည္းလမ္းမွာ ဝါးကုိ အပုိင္းပုိင္းအစစ ျဖတ္ေတာက္ၿပီးေတာ့ ေရေႏြးေငြ႕ျဖင့္ အလုံပိတ္ၿပီး ႏွပ္တယ္။ ၿပီးရင္ ႀကိတ္ပစ္ၿပီး ေပ်ာ့ဖတ္ျဖစ္ေအာင္ လုပ္တယ္။ ေပ်ာ့ဖတ္မွာ အင္ဇုိင္းေတြ ၿပိဳကြဲေအာင္ ေစာင့္တယ္။ ၿပီးရင္ အဲဒီေပ်ာ့ဖတ္ကေန အမွ်င္စေတြ ျခစ္ယူတယ္။ ရလာတဲ့အမွ်င္ေတြကိ ခ်ည္အျဖစ္ ခ်ည္ငင္တယ္။ အခုလုိ လုပ္တဲ့ လုပ္ငန္းစဥ္ကုိ bamboo linen လု႔ိ ေခၚေဝၚၾကတယ္။
ဝါးလုံးမွ ခ်ည္ထုတ္တဲ့ ေနာက္တစ္နည္းကေတာ့ ဓာတုပစၥည္းမ်ား သုံးစြဲၿပီး စဲလူလုိ႔စ္ ဖုိင္ဘာ အျဖစ္သုိ႔ ေရာက္ေစၿပီး ခ်ည္မွ်င္ထုတ္လုပ္တယ္။

ရလာတဲ့ ခ်ည္ကုိ ယွဥ္ၾကည့္ရင္ စက္မႈနည္းလမ္းမွ ရတဲ့ခ်ည္က ပုိေကာင္းတယ္။ သဘာဝ ပတ္ဝန္းက်င္ ထိခုိက္မႈ နည္းပါးတယ္။ ဒါေပမဲ့ စက္မႈနည္းလမ္းက လုပ္သားအင္အား သုံးစြဲရတာ ဓာတုနည္းလမ္းထက္ ပုိမ်ားတယ္။ ကုန္က်စရိတ္ အမ်ားႀကီး ပုိမ်ားတယ္။ အဲဒါေၾကာင့္ ဓာတုနည္းလမ္းျဖင့္ ထုတ္လုပ္ၾကတာ ပုိမ်ားပါတယ္။ စက္မႈနည္းလမ္းျဖင့္ ထုတ္လုပ္တာ အေတာ္နည္းပါး ပါတယ္။
စက္မႈနည္းလမ္းျဖင့္ ထုတ္လုပ္တဲ့ခ်ည္က ေပ်ာ့ေပ်ာင္းတယ္။ ညက္ေညာတယ္။ ဓာတုနည္းလမ္းျဖင့္ ထုတ္လုပ္တဲ့ခ်ည္က မာတယ္။ ေရယြန္ခ်ည္နဲ႔ ဆင္ဆင္တူတာမုိ႔ bamboo rayon လုိ႔ ေခၚၾကပါတယ္။

Read 2548 times
Rate this item
(0 votes)
Tagged under