What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Customer တွေကို အကောင်းဆုံးဝန်ဆောင်မှု ပေးနေသော သစ္စာအောင်မြင် ဆေးရိုက်လုပ်ငန်း

Textile & Garment Directory မှ သစ္စာအောင်မြင် ဆေးရိုက်လုပ်ငန်းကို သွားရောက်တွေ့ဆုံမေးမြန်းခဲ့တဲ့

အကြောင်းအရာတွေကိုဖော်ပြပေးလိုက်ရပါတယ်။

မေး- သစ္စာအောင်မြင် ဆေးရိုက်လုပ်ငန်းအကြောင်း အသေးစိပ်ပြောပြပေးပါ။

ဖြေ- အန်တီတို့သစ္စာအောင်မြင် တံဆိပ်ရိုက်လုပ်ငန်းအနေနဲ့ ကြော်ငြာအမျိုးမျိုးအတွက် တီရှပ်၊စပို့ရှပ်၊စွပ်ကျယ်

      ပီပီဘုတ်၊သော့ချိတ်၊ရင်ထိုး၊ထီး၊ဦးထုပ်၊အလံအမျိုးမျိုး၊ဘောလ်ပင်၊စတေကာ စတာတွေပေါ်မှာ

      တံဆိတ်ရိုက်နှိပ်တဲ့ဝန်ဆောင်မှုပြုလုပ်ပေးလျှက်ရှိပါတယ်။

 

မေး- တံဆိပ်ရိုက်လုပ်ငန်းဈေးကွက်ကရော ဘယ်လိုအခြေအနေရှိပါသလဲ။

ဖြေ- ဒီနှစ်မှာတော့ အလုပ်ပါးလာပါတယ်။အဓိကကတော့ အလုပ်အပ်နှံတဲ့သူနည်းလာတာပေါ့။

 

မေး-  ဟုတ်ကဲ့။အများအားဖြင့် အန်တီတို့ဆီမှာဘယ်လို ဝန်ဆောင်မှုအတွက် အများဆုံးအပ်နှံလေ့ရှိကြပါသလဲ။

ဖြေ-  အများအားဖြင့်တော့ အင်္ကျ ီပေါ်မှာတံဆိပ်ရိုက်တဲ့ဝန်ဆောင်မှုမျိုးပေါ့။Promotion ပွဲတွေအတွက်အပ်နှံတာများတယ်။

 

မေး- အန်တီတို့ဆီမှာ Delivery Service ကရောဘယ်လိုရှိပါသလဲရှင့်။

ဖြေ- အန်တီတို့ကတော့ များသောအားဖြင့် အရောက်ပို့စနစ်နဲ့ဝန်ဆောင်မှုပေးပါတယ်။

      ပစ္စည်းအရမ်းများတဲ့အခါကျတော့လည်း ကုမ္ပဏီတွေဖက်ကပဲ ပစ္စည်းကိုလာယူကြပါတယ်။ညှိနှိုင်းပြီး လုပ်ကြတာပေါ့နော်။

 

မေး- ရန်ကုန်လမ်းညွှန်မှာ နှစ်တိုင်းကြော်ငြာထည့်ဖြစ်လားရှင့်။

ဖြေ- ထည့်ဖြစ်ပါတယ်။ဒါပေမယ့် မနှစ်ကတော့ မထည့်ဖြစ်ဘူးပေါ့နော်။

       ကြော်ငြာလာကောက်တဲ့အချိန်အဆင်ပြေရင်အန်တီထည့်လိုက်တာပဲ။ဘယ်နှနှစ်ရှိပြီမှန်းတောင်မမှတ်မိတော့ဘူး။

 

မေး- ဟုတ် Myanmar Textile & Garment Directory မှာရော ကြော်ငြာထည့်တာကြာပြီလားရှင့်။

ဖြေ- ဒီနှစ်အတွက်ကတော့ တလောကမှကြော်ငြာလာကောက်သွားလို့ထည့်လိုက်တယ်။အန်တီတို့က ဆိုင်မဟုတ်ဘဲ

      မိသားစုလုပ်ငန်းဆိုတော့လေ သူ့အဆက်အသွယ်နဲ့သူ အလုပ်လာအပ်ကြတာများပါတယ်။

 

မေး- တခြားဆေးရိုက်လုပ်ငန်းတွေနဲ့ယှဉ်ရင် အန်တီတို့လုပ်ငန်းရဲ့ အဓိကအားသာချက်က ဘာဖြစ်မယ်ထင်ပါသလဲရှင်။

ဖြေ- အန်တီတို့က ဈေးနှုန်းသင့်တာပေါ့နော်။ဈေးနှုန်းသင့်တယ်ဆိုပေမယ့် ပစ္စည်း Quality ကိုလည်းမလျှော့ထားပါဘူး။

     အန်တီတို့က မိသားစုလုပ်ငန်းဖြစ်တော့ ပစ္စည်းများများထုတ်ပြီး အမြတ်နည်းနည်ယူထားကြောင့်

    ဈေးနှုန်းသင့်တာပေါနော်။ပြီးတော့ အန်တီတို့က ရက်ချိန်းမှန်တယ်။

 

မေး- အန်တီတို့ သစ္စာအောင်မြင် ဆေးရိုက်လုပ်ငန်းအနေနဲ့ လုပ်ငန်းခွဲတွေရောရှိသေးလားရှင့်။

ဖြေ- အဲ့လိုတော့ မရှိသေးပါဘူး။

 

မေး- လုပ်ငန်းအရမ်းလုပ်ရတဲ့အချိန်ဆို တစ်လမှာ အထည်ရေ ဘယ်လောက်လောက်ထုတ်ဖြစ်လဲရှင့်။

ဖြေ- အနည်းဆုံးအထည်ရေ 10000ကျော်လောက်ထုတ်ဖြစ်တယ် သမီး။

 

မေး- အချိန်ရောဘယ်လောက်ယူဖြစ်လဲရှင့်။

ဖြေ- အန်တီတို့က အရင်ဆုံးဒီဇိုင်းဆွဲတယ်ပေါ့နော်။စုစုပေါင်းတော့ ငါးရက်လောက်ကြာတယ်သမီး။

      အထည်ရေများရင် များသလို တစ်ရက်နှစ်ရက်ပိုသွားတာပေါ့နော်။

 

မေး- ဒီဇိုင်းဆွဲတာကျတော့ရော အန်တီတို့ဆီမှာပဲဆွဲတာလား။

ဖြေ-မဟုတ်ဘူးသမီး။အန်တီတို့ကကွန်ပျူတာနဲ့သပ်သပ်သွားအပ်ရတာပါ။

     ဆေးရိုက်ရမယ့် အင်္ကျ ီပြောင်ကျတော့ အန်တီတို့ဆီကအထည်နဲ့လုပ်တာလည်းရှိသလို၊

     Customer တွေစိတ်တိုင်းကျယူလာပေးတဲ့ အထည်တွေနဲ့လည်းလုပ်ပါတယ်။

 

မေး- ဟုတ် အန်တီ ဒါဆို ဆေးရိုက်တဲ့အခါ ဈေးနှုန်းအနည်းဆုံးကနေ အများဆုံး ဘယ်လောက်လောက်ထိရှိပါသလဲရှင့်။

ဖြေ- ဆေးရိုက်ချည်းပဲဆို တစ်ထည်ကို ၁၀၀ကျပ်ကနေ ၈၀၀ကျပ်အထိယူပါတယ် သမီး။

      အင်္ကျ ီပါ ပါတယ်ဆိုရင်တော့ သုံးမယ့် အင်္ကျ ီပေါ်မူတည်ပြီးဈေးနှုန်းအစားစားရှိတာပေါ့နော်။

 

မေး- ဟုတ် ရန်ကုန်လမ်းညွှန်မှာကြော်ငြာထည့်ရတာကိုရော အန်တီ့အနေနဲ့ စိတ်ကျေနပ်မှုရှိရဲ့လားရှင့်။

ဖြေ- ကျေနပ်ပါတယ်။ဒါပေမယ့် တစ်ခါတစ်လေကျတော့ အန်တီ့ကြော်ငြာကထင်ထင်ရှားရှားမပေါ်တာမျိုးရှိတယ်ပေါ့နော်။အဲဒီ့တစ်ခုပါပဲ။ 

 

မေး- Textile & Garment Directory မှာရော ကြော်ငြာထည့်ရတာ အဆင်ပြေရဲ့လားရှင့်။

ဖြေ- အဲ့ဒီမှာတော့ အဆင်ပြေပါတယ် သမီး။

 

မေး- ဟုတ် အန်တီအခုလိုအချိန်ပေးပြီး သိလိုသမျှဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။

ဖြေ- ဟုတ်ကဲ့ပါ။အန်တီကလည်း ကျေးဇူးတင်ပါတယ်။

 

thitsar1

 

Thitsar2

 

Adress : No (B-4, a-5), Saw La Mon Housing, 3-Quarter, Mayangone Tsp,

             Yangon-Insein Road, Infront of Gas.

 

အထည်ဆေးဆိုးခြင်း နှင့် ပုံနှိပ်ခြင်းလုပ်ငန်း (၃၄၈) ကိုကြည့်ရန်နှိပ်ပါ။

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

Textile & Garment Directory မွ သစၥာေအာင္ျမင္ ေဆး႐ိုက္လုပ္ငန္းကို သြားေရာက္ေတြ႕ဆုံေမးျမန္းခဲ့တဲ့အေၾကာင္းအရာေတြ

ကိုေဖာ္ျပေပးလိုက္ရပါတယ္။

 

ေမး- သစၥာေအာင္ျမင္ ေဆး႐ိုက္လုပ္ငန္းအေၾကာင္း အေသးစိပ္ေျပာျပေပးပါ။

ေျဖ- အန္တီတို႔သစၥာေအာင္ျမင္ တံဆိပ္႐ိုက္လုပ္ငန္းအေနနဲ႔ ေၾကာ္ျငာအမ်ိဳးမ်ိဳးအတြက္ တီရွပ္၊စပို႔ရွပ္၊စြပ္က်ယ္၊ပီပီဘုတ္၊ေသာ့ခ်ိတ္၊

      ရင္ထိုး၊ထီး၊ဦးထုပ္၊အလံအမ်ိဳးမ်ိဳး၊ေဘာလ္ပင္၊စေတကာ စတာေတြေပၚမွာ တံဆိတ္႐ိုက္ႏွိပ္တဲ့ဝန္ေဆာင္မႈျပဳလုပ္ေပးလွ်က္ရွိပါတယ္။

 

 

ေမး- တံဆိပ္႐ိုက္လုပ္ငန္းေစ်းကြက္ကေရာ ဘယ္လိုအေျခအေနရွိပါသလဲ။

ေျဖ- ဒီႏွစ္မွာေတာ့ အလုပ္ပါးလာပါတယ္။အဓိကကေတာ့ အလုပ္အပ္ႏွံတဲ့သူနည္းလာတာေပါ့။

 

 

ေမး- ဟုတ္ကဲ့။အမ်ားအားျဖင့္ အန္တီတို႔ဆီမွာဘယ္လို ဝန္ေဆာင္မႈအတြက္ အမ်ားဆုံးအပ္ႏွံေလ့ရွိၾကပါသလဲ။

ေျဖ- အမ်ားအားျဖင့္ေတာ့ အက်ၤ ီေပၚမွာတံဆိပ္႐ိုက္တဲ့ဝန္ေဆာင္မႈမ်ိဳးေပါ့။Promotion ပြဲေတြအတြက္အပ္ႏွံတာမ်ားတယ္။

 

 

ေမး- အန္တီတို႔ဆီမွာ Delivery Service ကေရာဘယ္လိုရွိပါသလဲရွင့္။

ေျဖ- အန္တီတို႔ကေတာ့ မ်ားေသာအားျဖင့္ အေရာက္ပို႔စနစ္နဲ႔ဝန္ေဆာင္မႈေပးပါတယ္။ပစၥည္းအရမ္းမ်ားတဲ့အခါက်ေတာ့လည္း

      ကုမၸဏီေတြဖက္ကပဲ ပစၥည္းကိုလာယူၾကပါတယ္။ညႇိႏႈိင္းၿပီး လုပ္ၾကတာေပါ့ေနာ္။

 

 

ေမး- ရန္ကုန္လမ္းၫႊန္မွာ ႏွစ္တိုင္းေၾကာ္ျငာထည့္ျဖစ္လားရွင့္။

ေျဖ- ထည့္ျဖစ္ပါတယ္။ဒါေပမယ့္ မႏွစ္ကေတာ့ မထည့္ျဖစ္ဘူးေပါ့ေနာ္။ေၾကာ္ျငာလာေကာက္တဲ့အခ်ိန္အဆင္ေျပရင္အန္တီထည့္လိုက္တာပဲ။

 

      ဘယ္ႏွႏွစ္ရွိၿပီမွန္းေတာင္မမွတ္မိေတာ့ဘူး။

 

ေမး- ဟုတ္ Myanmar Textile & Garment Directory မွာေရာ ေၾကာ္ျငာထည့္တာၾကာၿပီလားရွင့္။

ေျဖ- ဒီႏွစ္အတြက္ကေတာ့ တေလာကမွေၾကာ္ျငာလာေကာက္သြားလို႔ထည့္လိုက္တယ္။

       အန္တီတို႔က ဆိုင္မဟုတ္ဘဲ မိသားစုလုပ္ငန္းဆိုေတာ့ေလ သူ႔အဆက္အသြယ္နဲ႔သူ အလုပ္လာအပ္ၾကတာမ်ားပါတယ္။

 

ေမး- တျခားေဆး႐ိုက္လုပ္ငန္းေတြနဲ႔ယွဥ္ရင္ အန္တီတို႔လုပ္ငန္းရဲ႕ အဓိကအားသာခ်က္က ဘာျဖစ္မယ္ထင္ပါသလဲရွင္။

ေျဖ- အန္တီတို႔က ေစ်းႏႈန္းသင့္တာေပါ့ေနာ္။ေစ်းႏႈန္းသင့္တယ္ဆိုေပမယ့္ ပစၥည္း Quality ကိုလည္းမေလွ်ာ့ထားပါဘူး။

      အန္တီတို႔က မိသားစုလုပ္ငန္းျဖစ္ေတာ့ ပစၥည္းမ်ားမ်ားထုတ္ၿပီး အျမတ္နည္းနည္ယူထားေၾကာင့္ ေစ်းႏႈန္းသင့္တာေပါေနာ္။

      ၿပီးေတာ့ အန္တီတို႔က ရက္ခ်ိန္းမွန္တယ္။

 

ေမး- အန္တီတို႔ သစၥာေအာင္ျမင္ ေဆး႐ိုက္လုပ္ငန္းအေနနဲ႔ လုပ္ငန္းခြဲေတြေရာရွိေသးလားရွင့္။

ေျဖ- အဲ့လိုေတာ့ မရွိေသးပါဘူး။

 

ေမး- လုပ္ငန္းအရမ္းလုပ္ရတဲ့အခ်ိန္ဆို တစ္လမွာ အထည္ေရ ဘယ္ေလာက္ေလာက္ထုတ္ျဖစ္လဲရွင့္။

ေျဖ- အနည္းဆုံးအထည္ေရ 10000ေက်ာ္ေလာက္ထုတ္ျဖစ္တယ္ သမီး။

 

ေမး- အခ်ိန္ေရာဘယ္ေလာက္ယူျဖစ္လဲရွင့္။

ေျဖ- အန္တီတို႔က အရင္ဆုံးဒီဇိုင္းဆြဲတယ္ေပါ့ေနာ္။စုစုေပါင္းေတာ့ ငါးရက္ေလာက္ၾကာတယ္သမီး။

      အထည္ေရမ်ားရင္ မ်ားသလို တစ္ရက္ႏွစ္ရက္ပိုသြားတာေပါ့ေနာ္။

 

ေမး- ဒီဇိုင္းဆြဲတာက်ေတာ့ေရာ အန္တီတို႔ဆီမွာပဲဆြဲတာလား။

ေျဖ- မဟုတ္ဘူးသမီး။အန္တီတို႔ကကြန္ပ်ဴတာနဲ႔သပ္သပ္သြားအပ္ရတာပါ

     ။ေဆး႐ိုက္ရမယ့္ အက်ၤ ီေျပာင္က်ေတာ့ အန္တီတို႔ဆီကအထည္နဲ႔လုပ္တာလည္းရွိသလို၊Customer ေတြစိတ္တိုင္းက်ယူလာေပးတဲ့

      အထည္ေတြနဲ႔လည္းလုပ္ပါတယ္။

 

ေမး- ဟုတ္ အန္တီ ဒါဆို ေဆး႐ိုက္တဲ့အခါ ေစ်းႏႈန္းအနည္းဆုံးကေန အမ်ားဆုံး ဘယ္ေလာက္ေလာက္ထိရွိပါသလဲရွင့္။

ေျဖ-ေဆး႐ိုက္ခ်ည္းပဲဆို တစ္ထည္ကို ၁၀၀က်ပ္ကေန ၈၀၀က်ပ္အထိယူပါတယ္ သမီး။

        အက်ၤ ီပါ ပါတယ္ဆိုရင္ေတာ့ သုံးမယ့္ အက်ၤ ီေပၚမူတည္ၿပီးေဈးႏႈန္းအစားစားရွိတာေပါ့ေနာ္။

 

ေမး- ဟုတ္ ရန္ကုန္လမ္းၫႊန္မွာေၾကာ္ျငာထည့္ရတာကိုေရာ အန္တီ့အေနနဲ႔ စိတ္ေက်နပ္မႈရွိရဲ႕လားရွင့္။

ေျဖ-ေက်နပ္ပါတယ္။ဒါေပမယ့္ တစ္ခါတစ္ေလက်ေတာ့ အန္တီ့ေၾကာ္ျငာကထင္ထင္ရွားရွားမေပၚတာမ်ိဳးရွိတယ္ေပါ့ေနာ္။အဲဒီ့တစ္ခုပါပဲ။

 

ေမး- Textile & Garment Directory မွာေရာ ေၾကာ္ျငာထည့္ရတာ အဆင္ေျပရဲ႕လားရွင့္။

ေျဖ- အဲ့ဒီမွာေတာ့ အဆင္ေျပပါတယ္ သမီး။

 

ေမး-ဟုတ္ အန္တီအခုလိုအခ်ိန္ေပးၿပီး သိလိုသမွ်ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ရွင္။

ေျဖ- ဟုတ္ကဲ့ပါ။အန္တီကလည္း ေက်းဇူးတင္ပါတယ္။

 

အထည္ေဆးဆိုးျခင္း ႏွင့္ ပံုႏွိပ္ျခင္းလုပ္ငန္း (၃၄၈) ကိုၾကည့္ရန္ႏွိပ္ပါ။

 

Adress : No (B-4, a-5), Saw La Mon Housing, 3-Quarter, Mayangone Tsp,

             Yangon-Insein Road, Infront of Gas.

 

Myanmar Textile and Garment Directory

Read 1908 times
Rate this item
(0 votes)
Tagged under