What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လူကြိုက်များလာသည့် ချည်ပိုး၊ ဇာ အထည်များ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကချင်နှင့် မန္တလေးအမရပူရ စက်ရက်ကန်းမှတစ်ဆင့်

ထုတ်လုပ်ဖြန့်ချိတင်သွင်းလာသည့် မြန်မာ့ရိုးရာ ချည်ပိုးဇာအထည်များကို ၂၀၁၆ ခုနှစ်အကုန်ပိုင်းတွင် ကျယ်ပြန့်စွာ ဖွင့်လှစ်ရောင်းချမှုများပြားလာပြီး ယနေ့အချိန်တွင် လူကြိုက်များ၍ ၀တ်ဆင်လာကြကြောင်း သိရပါတယ်။

မြန်မာ့ရိုးရာ ချည်ထည်ပိုးထည်များကို ရေးမြို့နယ်တွင်နေထိုင်သည့် ဆယ်ကျော်သက် အမျိုးသမီးငယ်များ သာမက လူလတ်ပိုင်း၊ လူကြီးပိုင်းအထိပါ အလှူမင်္ဂလာပွဲများတွင် ၀တ်ဆင်ဖို့အတွက် ပိုမိုဝယ်ယူကြကြောင်း ပိုးထည်ချည်ထည် လက်လီလက်ကားရောင်းဝယ်ရေးဆိုင်၏ ပြောကြားချက်အရ သိရပါတယ်။

ဝတ်ဆင်သူများလာသည်နှင့်အမျှ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းအမျိုးသမီးများသည် ချည်ထည်အမျိုးမျိုးကို ပိုမို၍ ကြိုက်နှစ်သက်ပြီး ၀တ်ဆင်လာကြပါတယ်။

ဆယ်ကျော်သက်အမျိုးသမီးငယ်များကလည်း ထိုင်းပိုး ပြည်တွင်းထုတ် ပိုးထည်ချည်ထည်တွေကို ပို၍ ကြိုက်ကြကြောင်း သိရပါတယ်။

ပွဲတော်ကာလတွင် အရောင်းအ၀ယ်သည် ၀ယ်ယူသူမြင့်တက်နေပြီး ၀ယ်သူလက်ဝယ်ကို အပြည့်အ၀မပေးနိုင်ဘဲ ပစ္စည်းများ ပြတ်လပ်မှုနဲ့လည်း ကြုံတွေ့နေရပါတယ်။

ရေးမြို့နယ်အတွင်း ပိုးထည်ချည်ထည်လက်လီဈေးနှုန်းမှာ ငွေကျပ် တစ်သောင်းကျော်မှ ငွေကျပ်ခြောက်သောင်းကျော်အထိရှိကာ ထိုင်းပိုးပြည်တွင်းပိုးထည်ချည်များမှာ ငွေကျပ် တစ်သောင်းကျော်မှ ငွေကျပ် ငါးသောင်းကျော်အထိရှိကြောင်း သိရပါတယ်။

 Source: Myanma Ahlin Newspaper

Read 1974 times
Rate this item
(0 votes)