What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ထုိင္းဖက္ရွင္ရဲ႕ eCommerce

Zaw+Uni eIQ Data ရဲ႕ ထုတ္ျပန္ခ်က္အရ ထုိင္းႏုိင္ငံမွာ အြန္လုိင္းေဈး၀ယ္သူဦးေရဟာ

၂၀၂၁ ခုႏွစ္မွာ ၁၄ သန္း ရွိလိမ့္မယ္။ ၀င္ေငြအလားအလာက ကန္ေဒၚလာ ၁၁ ဘီလ်ံ ရွိလိမ့္မယ္။ 
ဂူးဂဲရဲ႕ ထုတ္ျပန္ခ်က္မွာ အေရွ႕ေတာင္အာရွရဲ႕ အင္တာနက္စီးပြားေရးဟာ ခန္႔မွန္းေျခ အားျဖင့္ ၂၀၂၅ ခုႏွစ္မွာ ကန္ေဒၚလာ ဘီလ်ံ ၂၀၀ အထိ ရွိလိမ့္မယ္။
ထုိင္းႏုိင္ငံရဲ႕ Fashion eCommerce ဟာ ၿပီးခဲ့တဲ့ႏွစ္မွာ အားေကာင္းေမာင္းသန္ ျဖစ္လာခဲ့တယ္။ တစ္ႏွစ္၀င္ေငြ ကန္ေဒၚလာ ၉ ဘီလ်ံေက်ာ္တဲ့ Central Group ဟာ ထုိင္းႏုိင္ငံရဲ႕ အထင္ကရ လုပ္ငန္းစုႀကီး ျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္မွာ ဖက္ရွင္လုပ္ငန္း Zalora ကုိ ထုိင္းႏုိင္ငံနဲ႔ ဗီယက္နမ္ႏုိင္ငံတုိ႔မွာ ၀ယ္ယူသိမ္းပုိက္ခဲ့ၿပီးတဲ့ေနာက္မွာ Zalora ရဲ႕ ၀က္ဘ္ဆုိဒ္ကုိ ထုိင္းဖက္ရွင္လုပ္ငန္း LOOKSI လုိမ်ဳိး ျဖစ္ေအာင္ မြမ္းမံခဲ့တယ္။ ရာသီအလုိက္ အ၀တ္အစားေတြ ျဖန္႔ျဖဴးဖုိ႔ကုိ ပုိအာ႐ုံစုိက္ၿပီး ေလွ်ာ့ေဈးနဲ႔ ေရာင္းအားျမႇင့္တင္တာကုိ သိပ္အားမျပဳေတာ့ဘူး။ 
ထုိင္းႏုိင္ငံရဲ႕ Fashion eCommerce အရွိန္တက္တာမွာ အျမတ္ထြက္တဲ့ လုပ္ငန္းတစ္ခုက လုပ္ငန္းအသစ္ Pomelo ျဖစ္ပါတယ္။ ေအာင္ျမင္ျဖစ္ထြန္းစ ျပဳလာခ်ိန္မွာ တုိးခ်ဲ႕ဖုိ႔နဲ႔ ဆက္လက္လုပ္ကုိင္ဖုိ႔ ရင္းႏွီးျမႇဳပ္ႏွံမႈ အေမရိကန္ေဒၚလာ ၁၉ သန္းကုိ ရင္းႏွီးျမႇဳပ္ႏွံသူတုိ႔ထံမွ ရရွိခဲ့ပါတယ္။ အဲဒါေၾကာင့္ ထုိင္းႏုိင္ငံျပင္ပသုိ႔ တုိ႔းခ်ဲ႕လုပ္ကုိင္သြားမွာျဖစ္ၿပီး အေရွ႕ေတာင္အာရွတစ္ခြင္နဲ႔ ဥေရာပတုိ႔မွာ အြန္လုိင္းကုိ အားျပဳကာ ေျခကုပ္ေတြ ရယူမွာ ျဖစ္ပါတယ္။

ထုိင္းႏုိင္ငံမွာ ယခုအခါ ထုိင္းငါးေယာက္မွာ တစ္ေယာက္က် အြန္လုိင္းမွာ ပုံမွန္ေဈး၀ယ္ပါတယ္။ လာမယ့္ငါးႏွစ္အတြင္းမွာ ထုိင္း ေလးေယာက္မွာ တစ္ေယာက္က် အြန္လုိင္းေဈး၀ယ္သူ ျဖစ္လာပါလိမ့္မယ္လုိ႔ ခန္႔မွန္းထားပါတယ္။
၂၀၁၇ ခုႏွစ္ မတ္လမွာ ထုိင္းႏုိင္ငံအတြက္ Zara က eCommerce ၀က္ဘ္ဆုိက္ ဖြင့္လွစ္တယ္။ မုိဘုိင္းအက္ပ္လည္း ျဖန္႔တယ္။ အြန္လုိင္းနဲ႔ ေအာ့ဖ္လုိင္း ႏွစ္မ်ဳိးစလုံး အဆင္ေျပေအာင္ စီစဥ္ေပးခဲ့တယ္။ အဲဒါအျပင္ အြန္လုိင္းမွ မွာယူတဲ့ အ၀တ္အစားကုိ စိတ္တုိင္းမက်လုိ႔ ျပန္ေပးခ်င္ရင္ ေပးလုိ႔ရေအာင္ လည္း စီစဥ္ေပးထားတယ္။

POMELO

Uni

eIQ Data ရဲ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံမှာ အွန်လိုင်းဈေးဝယ်သူဦးရေဟာ ၂ဝ၂၁ ခုနှစ်မှာ ၁၄ သန်း ရှိလိမ့်မယ်။

ဝင်ငွေအလားအလာက ကန်ဒေါ်လာ ၁၁ ဘီလျံ ရှိလိမ့်မယ်။
ဂူးဂဲရဲ့ ထုတ်ပြန်ချက်မှာ အရှေ့တောင်အာရှရဲ့ အင်တာနက်စီးပွားရေးဟာ ခန့်မှန်းခြေ အားဖြင့် ၂ဝ၂၅ ခုနှစ်မှာ ကန်ဒေါ်လာ ဘီလျံ ၂၀၀ အထိ ရှိလိမ့်မယ်။

ထိုင်းနိုင်ငံရဲ့ Fashion eCommerce ဟာ ပြီးခဲ့တဲ့နှစ်မှာ အားကောင်းမောင်းသန် ဖြစ်လာခဲ့တယ်။

တစ်နှစ်ဝင်ငွေ ကန်ဒေါ်လာ ၉ ဘီလျံကျော်တဲ့ Central Group ဟာ ထိုင်းနိုင်ငံရဲ့ အထင်ကရ လုပ်ငန်းစုကြီး ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ ဖက်ရှင်လုပ်ငန်း Zalora ကို ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ ဝယ်ယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက်မှာ Zalora ရဲ့ ဝက်ဘ်ဆိုဒ်ကို ထိုင်းဖက်ရှင်လုပ်ငန်း LOOKSI လိုမျိုး ဖြစ်အောင် မွမ်းမံခဲ့တယ်။ ရာသီအလိုက် အဝတ်အစားတွေ ဖြန့်ဖြူးဖို့ကို ပိုအာရုံစိုက်ပြီး လျှော့ဈေးနဲ့ ရောင်းအားမြှင့်တင်တာကို သိပ်အားမပြုတော့ဘူး။
ထိုင်းနိုင်ငံရဲ့ Fashion eCommerce အရှိန်တက်တာမှာ အမြတ်ထွက်တဲ့ လုပ်ငန်းတစ်ခုက လုပ်ငန်းအသစ် Pomelo ဖြစ်ပါတယ်။

အောင်မြင်ဖြစ်ထွန်းစ ပြုလာချိန်မှာ တိုးချဲ့ဖို့နဲ့ ဆက်လက်လုပ်ကိုင်ဖို့ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၉ သန်းကို ရင်းနှီးမြှုပ်နှံသူတို့ထံမှ ရရှိခဲ့ပါတယ်။

အဲဒါကြောင့် ထိုင်းနိုင်ငံပြင်ပသို့ တို့းချဲ့လုပ်ကိုင်သွားမှာဖြစ်ပြီး အရှေ့တောင်အာရှတစ်ခွင်နဲ့ ဥရောပတို့မှာ အွန်လိုင်းကို အားပြုကာ ခြေကုပ်တွေ ရယူမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ယခုအခါ ထိုင်းငါးယောက်မှာ တစ်ယောက်ကျ အွန်လိုင်းမှာ ပုံမှန်ဈေးဝယ်ပါတယ်။ လာမယ့်ငါးနှစ်အတွင်းမှာ

ထိုင်း လေးယောက်မှာ တစ်ယောက်ကျ အွန်လိုင်းဈေးဝယ်သူ ဖြစ်လာပါလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
၂၀၁၇ ခုနှစ် မတ်လမှာ ထိုင်းနိုင်ငံအတွက် Zara က eCommerce ဝက်ဘ်ဆိုက် ဖွင့်လှစ်တယ်။

မိုဘိုင်းအက်ပ်လည်း ဖြန့်တယ်။ အွန်လိုင်းနဲ့ အော့ဖ်လိုင်း နှစ်မျိုးစလုံး အဆင်ပြေအောင် စီစဉ်ပေးခဲ့တယ်။

အဲဒါအပြင် အွန်လိုင်းမှ မှာယူတဲ့ အဝတ်အစားကို စိတ်တိုင်းမကျလို့ ပြန်ပေးချင်ရင် ပေးလို့ရအောင် လည်း စီစဉ်ပေးထားတယ်။

Read 960 times
Rate this item
(0 votes)
Tagged under