What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရိုးရာထည် နှစ်သက်သူတွေအတွက် အဆင်စုံ၊ ဒီဇိုင်းဆန်း ချည်ထည်လေးတွေ

ရိုးရာထည် နှစ်သက်သူတွေအတွက် အဆင်စုံ၊ ဒီဇိုင်းဆန်း ချည်ထည်လေးတွေ google

ရိုးရာထည် နှစ်သက်သူတွေအတွက် အဆင်စုံ၊ ဒီဇိုင်းဆန်း ချည်ထည်လေးတွေ မြန်မာဆန်ပြီး လှပတဲ့ ဝတ်စုံလေးတွေဖြစ်တဲ့ တိုင်းရင်းသားရိုးရာ အဝတ်အထည်လေးတွေဟာ ဈေးကွက်အတွင်း ခေတ်စားနေပါတယ်။

ရိုးရာထည်လေးတွေ သီးသန့် ရောင်းတဲ့ဆိုင်တွေလည်း အတွေ့ရများ လာပါတယ်။

လတ်တလောမှာ မိန်းကလေးတွေ ဝတ်ဆင်တာ အများဆုံးကတော့ တိုင်းရင်းသား ရိုးရာချည်ထည်ကတော့ ကချင်နဲ့ ချင်းထည်တွေပဲ ဖြစ်ပါတယ်။

ချင်းထည်အဆင်တွေဟာ အရောင်တွေ အမျိုးမျိုး ကွဲပြားပေမယ့် ပုံစံအဆင်ကတော့ အစင်းတွေပါတဲ့ ဒီဇိုင်းကိုပဲ အခြေခံထားတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ နည်းနည်းဆန်းသစ်လာတဲ့ ဒီဇိုင်းလေးတွေကို တွေ့ရပါတယ်

ချိတ်ဒီဇိုင်းလေး တွေလည်း ထွက်လာပါသေးတယ်။ 

ခေတ်မီဆန်းပြားစွာ အလှဆင်မြန်းလိုတဲ့ အမျိုးသမီးတွေအတွက် ချင်းပြည်နယ်မှ တိုက်ရိုက်တင်သွင်းတဲ့ ရိုးရာချည်ထည်၊ ပွဲနေပွဲထိုင်ချိတ်နဲ့ ချင်းရိုးရာပဝါတွေကို ဒီဇိုင်းအမျိုးမျိုး ရရှိနိုင်ပါတယ်။

ဈေးနှုန်းတွေကတော့ ရက်လုပ်တဲ့ ချည်ထည် ဒီဇိုင်းတွေအပေါ် မူတည်ကာ ပြောင်းလဲသွားနိုင်ပါတယ်။

ချင်းထည်လေးတွေကို ဝယ်ယူချင်တယ် ဆိုရင်တော့ MH (Myanmar Heart Souvenirs Shop) နဲ့ ဝါနွယ်သွေးဆိုင်တွေမှာ လက်လီလက်ကား ဝယ်ယူရရှိနိုင်ပါတယ်။

MH Shoes

လိပ်စာကတော့...
MH (Myanmar Heart Souvenirs Shop)
အမှတ် ၁၀၉၊ ဒုတိယထပ်၊ကျောက်မြောင်း၊ တာမွေမြို့နယ်။
ဝါနွယ်သွေး
တိုက် B-2၊၂၀၂၊ နှင်းဆီလမ်း၊ သာယာကုန်းရပ်ကွက်၊ ယုဇနပလာဇာအနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်။
နောက်တစ်ခုကတော့ ကချင်ရိုးရာချည်ထည်တွေပဲ ဖြစ်ပါတယ်။

1

ကချင်ထည်လေးတွေက ခေတ်စားလာတာ သုံးနှစ်ကျော်လောက် ရှိပေမယ့် ရိုးသွားတာမျိုးတော့ မရှိသေးပါဘူး။

ချည်ထည်အဆင်စုံ၊ ကာလာစုံလေးတွေလည်းရှိပြီး ကချင်ပုဆိုးတွေကလည်း မရိုးမဆန်း ဒီဇိုင်းလေးတွေနဲ့ပါ။

ပိုးချည်မျှင်အစစ်နဲ့ ရက်လုပ်ထားတာတွေကတော့ အနည်းငယ် ဈေးမြင့်ပါတယ်။

ကချင်ရိုးရာအဆင်တွေထဲမှာ ပွဲလယ်တင့်တယ်စေမယ့် ချိတ်ဒီဇိုင်းတွေလည်းရှိတဲ့အတွက် မိမိတို့စိတ်ကြိုက် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ယောကျာ်းလေးဝတ် ရိုးရာအဆင်လေးတွေလည်း ရှိပါသေးတယ်။

ကချင်ထည်လေးတွေကတော့ အနည်းဆုံး ကျပ်တစ်သောင်းကျော်ကစကာ အထည်ပေါ်မူတည်ကာ ဈေးနှုန်းအမျိုးမျိုး ကွဲပြားသွားပါတယ်။

ကချင်ထည်တွေကတော့ ရန်ကုန်မြို့တွင်းရှိ ဈေးဝယ်စင်တာတွေနဲ့ ဗိုလ်ချုပ်ဈေးတို့မှာ တွေ့ရပြီး ရွေးချယ်စရာ အများအပြားရှိပါတယ်။

kachin

 

JWကချင်ရိုးရာချည်ထည် ဆိုင်မှာလည်း အဆင်စုံ၊ ဒီဇိုင်းစုံရှိတာမို့ ကချင်ထည်နှစ်သက်သူတွေအတွက် အဲဒီဆိုင်လေးကိုညွှန်းပေးချင်ပါတယ်။ 

လိပ်စာကတော့...
JWကချင်ရိုးရာချည်ထည်ဆိုင်  
အမှတ် ၁၆၊ မြေညီထပ်၊ ကျွန်းတောလမ်း၊ စမ်းချောင်းမြို့နယ်။

မွန်ရိုးရာ အထည်တွေကလည်း အခုနောက်ပိုင်းမှာ တိုင်းရင်းသား ရိုးရာချည်ထည်ဈေးကွက်အတွင်း နေရာယူလာပါတယ်။

မွန်ရိုးရာအထည်ကတော့ ပုဆိုးနဲ့ထဘီကို လူသိများကြပါတယ်။

အနီရောင်က ပင်ကိုအရောင်အသွေးဖြစ်ပြီး နောက်ထပ်ထွက်ရှိလာတဲ့ ကာလာစုံ အထည်တွေကတော့ လှပတင့်တယ်အောင် ဆန်းသစ်ထားတာပဲ ဖြစ်ပါတယ်။

အဆင် နုပ်နုပ်လေးတွေကိုပဲ ဒီဇိုင်းအမျိုးမျိုး ရက်လုပ်ထားတာလည်း ဖြစ်ပါတယ်။

 ဈေးနှုန်းကတော့ ကျပ် ၈၅၀ဝခန့် ဖြစ်ပါတယ်။

မွန်ရိုးရာအထည်တွေကိုတော့ ရန်ကုန်မြို့တွင်း စူပါမားကတ်တွေ၊ မြို့နယ်တိုင်းက ဈေးတွေမှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်။

mon

ချင်း၊ ကချင်၊ မွန် ရိုးရာအထည်တွေနဲ့ လိုက်ဖက်စေမယ့် တွဲဖက်အသုံးအဆောင်လေးတွေ ရရှိနိုင်မယ့် နေရာလေး တစ်ခုကိုလည်း ညွှန်းပေးချင်ပါတယ်။

တိုင်းရင်းသားရိုးရာအဆင်တွေနဲ့ ဟန်းမိတ်ကိုမှ စီးချင်ဝတ်ချင်သူတွေအတွက်ရော၊ ရိုးရာအိတ်တွေကို နှစ်သက်တဲ့သူတွေ အတွက်ရော MH (Myanmar Heart Souvenirs Shop) က အဆင်ပြေစေမှာပါ။

MH Shoes ဟာဆိုရင် ရိုးရာချည်ထည်တွေကို ဖိနပ်အဖြစ် ပြည်တွင်းမှာပဲ ဖန်တီးချုပ်လုပ်ပြီး နိုင်ငံတကာက ဟန်းမိတ်ဖိနပ် ကြိုက် နှစ်သက်သူတွေအတွက်ပါ ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။

လှပဆန်းပြားတဲ့ ရိုးရာအဆင် ဖိနပ်တွေအပြင် အိတ်တွေလည်း ရှိပါသေးတယ်။

source:my yangon 

Read 2140 times
Rate this item
(0 votes)