What's new

×

Warning

JUser: :_load: Unable to load user with ID: 845


personal safety ဖြစ်မယ့် ထုတ်ကုန်များအတွက် Swany နှင့် Polygiene အကျိုးတူပူးပေါင်းလုပ်ကိုင်

personal safety ဖြစ်မယ့် ထုတ်ကုန်များအတွက် Swany နှင့် Polygiene အကျိုးတူပူးပေါင်းလုပ်ကိုင် fibre2fashion.com

နှစ်ပေါင်း ၉၀ ကျော် ခေတ်မီတဲ့ ဒီဇိုင်းများနဲ့ ကုန်ထုတ်လုပ်မှုအတွေ့အကြုံရှိသော Swany က စွမ်းဆောင်ရည်အကောင်းဆုံးထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန် ဆုံးဖြတ်ထားပါတယ်။

 

ခုဆိုရင် Swany ကနေ အဝတ်အစားများအတွက် ဆန်းသစ်တဲ့ နည်းပညာများကို ပံ့ပိုးပေးသူ Polygiene နှင့်အတူ မျက်နှာဖုံးများ၊ လက်အိတ်များ၊ balaclavas များနှင့် လည်ပင်းအကာများ ပါဝင်သည့် ပိုးမွှားကင်းစင်နိုင်တဲ့ ထုတ်ကုန်များကို ဖန်တီးခဲ့ကြတယ်လို့ သိရပါတယ်။

 

ဗိုင်းရပ်စ်နဲ့ပတ်သက်လျှင် ကိုယ်ကိုယ်တိုင် သန့်ရှင်းရေးပြန်လုပ်နိုင်ပြီး ပါးစပ်၊ လက်များ၊ နှာခေါင်းနဲ့ မျက်လုံးတို့နဲ့ နီးစပ်သော ထုတ်ကုန်အမျိုးမျိုးကို လူတွေအားလုံး အသုံးပြုနိုင်ဖို့ ထုတ်လုပ်နိုင်ရန် ဖြစ်ပါတယ်။

 

၎င်းထုတ်ကုန်များမှာ ဗိုင်းရပ်စ်များကို တားဆီးနိုင်ရုံသာမက အနံ့ဆိုးများကိုပါ တားဆီးနိုင်တဲ့အပြင် ၎င်းတို့ကို ဆေးကြောလျှော်ဖွပ်ရန် မလိုအပ်ပါ။ လိုအပ်ပါက အမြဲတစေ ရရှိနိုင်တယ်လို့ သိရပါတယ်။

 

ထို့ပြင် ၎င်းထုတ်ကုန်များက ဆောင်းရာသီတွင် နှင်းလျှောစီးခြင်း၊ အပန်းဖြေစခန်းများနှင့် အကာအကွယ်ယူရန် မဖြစ်မနေလိုအပ်တဲ့ အခြားဒေသများတွင်လည်း အလွန်အသုံးဝင်ပါတယ်။ ဗိုင်းရပ်စ်ကာကွယ်နိုင်တဲ့ ဆောင်းဦးရာသီ၊ ဆောင်းရာသီလက်အိတ်များကို ၂၀၂၀ နိုဝင်ဘာလတွင် ဖြန့်ချိမှာဖြစ်ပြီး ၂၀၂၁ နွေဦး၊ နွေရာသီအတွက်ပါ အသုံးပြုနိုင်မယ့် စတိုင်လ်များကိုပါ ထပ်ပေါင်းထားပါတယ်။

 

'' ၁၉၉၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်မှာအကောင်းဆုံးနှင်းလျှောစီးတဲ့လက်အိတ်ကို လုပ်ဖို့ ကျွန်တော်တို့ စိတ်ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော်တို့ စိန်ခေါ်မှုများနှင့်အတူ တိုးတက်လာပြီးတော့ ဖြေရှင်းနိုင်ခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ လူတွေဟာ ဒီအချိန်တွေကို ကျော်ဖြတ်နိုင်အောင် စွမ်းဆောင်ရည်ထုတ်ကုန်တွေကဘာတွေလဲ'' ဟု Swany America မှ president Ichiro Kuwahara က သတင်းထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပါတယ်။

 

"Swany ဟာ အခုဆိုရင် ပိုပြီးတော့ လူတွေရဲ့လက်ရှိအခြေအနေမှာ တတ်နိုင်သမျှ ပျော်မွေ့နိုင်အောင် လုပ်ပေးနိုင်ပြီး လှုံ့ဆော်မှုပေးတဲ့ အမှတ်တံဆိပ်တစ်ခုပါပဲ။ ဒီလို လူများနဲ့အနီးကပ်ဆုံး ဈေးကွက်ထဲသို့ တင်ပို့နိုင်တာဟာ တကယ့်ကို ကောင်းပါတယ်" ဟု မြောက်အမေရိကရှိ Isabelle Quintin က လည်း ပြောကြားခဲ့ပါသေးတယ်။

 

By Htike Htike

Ref: fibre2fashion.com

Read 658 times
Rate this item
(0 votes)