What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Garment sample ခ်ဳပ္ထည္ နမူနာ


zaw+ Uni ခ်ဳပ္ထည္ နမူနာေတြ အမ်ဳိးမ်ဳိး ရွိတယ္။ ခ်ဳပ္ထည္တစ္ခု ျဖစ္လာဖုိ႔ ပုံေဖာ္ေနတဲ့အဆင့္ နမူနာမ်ားနဲ႔ အတည္ျပဳၿပီးတဲ့ေနာက္

တကယ္ခ်ဳပ္ၿပီဆုိရင္ ရလာမယ့္ခ်ဳပ္ထည္ နမူနာမ်ားဆုိၿပီး အတန္းအစား ႏွစ္မ်ဳိး ခြဲလုိ႔ရတယ္။

ခ်ဳပ္ထည္တစ္ခု ျဖစ္လာဖုိ႔ ပုံေဖာ္ေနတဲ့အဆင့္ နမူနာမ်ား
●Proto Sample ေရွ႕ေျပးပုံစံနမူနာ
● FIT sample အံကုိက္ နမူနာ
● Salesman Sample/Photo shot Sample အေရာင္းနမူနာ/ ဓာတ္ပုံ႐ုိက္ နမူနာ
● Size set Sample အရြယ္အစားအရ နမူနာ
အတည္ျပဳၿပီးတဲ့ေနာက္ တကယ္ခ်ဳပ္ေတာ့မယ္ဆုိရင္ ထုတ္လုပ္မႈအႀကိဳ နမူနာ Pre-production Sample ကုိ စက္႐ုံက ခ်ဳပ္ေပးတယ္။

● Pre-production Sample စမခ်ဳပ္ခင္ အတည္ျပဳခ်က္ယူရန္ နမူနာ

● Top of Production Sample တကယ္ခ်ဳပ္ေနတဲ့အထဲမွ က်ပန္း နမူနာ ေကာက္ယူၿပီး ေပးရတဲ့ ခ်ဳပ္ထည္နမူနာ ျဖစ္ပါတယ္။ TOP sample လုိ႔လည္း ေခၚၾကတယ္။
● Shipment Sample တင္ပုိ႔နမူနာ

ခ်ဳပ္ထည္ကုိ နမူနာမ်ား ထုတ္လုပ္ၿပီး ၀ယ္လက္မ်ားကို ျပသကာ အတည္ျပဳခ်က္ ရယူၾကတယ္။ ၀ယ္လက္္က ခါးပတ္၊ ဖဲပြင့္ အစရွိတဲ့ အဆင္တန္ဆာမ်ား ေျပာင္းလဲသုံးစြဲျခင္း၊ အေရာင္အေသြး သတ္မွတ္ခ်က္ေပးျခင္း စသည့္ မွတ္ခ်က္မ်ား ေပးရင္ လုိက္နာၿပီး ခ်ဳပ္လုပ္ေပးရၾကရတယ္။
တကယ္လုိ႔ ၀ယ္လက္သည္လည္း ကုိယ္ပုိင္ဖက္ရွင္ ဒီဇုိင္း ထုတ္လုပ္သူဆုိပါက သူ႔ဆီမွ သတ္မွတ္ျပ႒ာန္းခ်က္မ်ား ရယူၿပီး သူလုိခ်င္တဲ့အတုိင္း ခ်ဳပ္ထည္နမူနာမ်ား လုပ္ကုိင္ေပးၾကရတယ္။

ဆက္လက္ၿပီးေတာ့ နမူနာ တစ္ခုခ်င္းစီကုိ ေျပာျပပါမယ္။
1. Proto Sample: ေရွ႕ေျပးပုံစံနမူနာ
ဒီနမူနာေတြက ဖက္ရွင္ဒီဇုိင္းသမားေတြက ဒီဇုိင္းအသစ္တစ္မ်ဳိး ဖန္တီးထားတာကို ေရွ႕ေျပးပုံစံအျဖစ္ နမူနာ ခ်ဳပ္ျပရတာ ျဖစ္ပါတယ္။ ခ်ဳပ္ထည္ ကုိ ဒီဇုိင္းကေန အေကာင္အထည္ေဖာ္တာမွာ ပထမဆုံးနမူနာ ျဖစ္ပါတယ္။ ဒီအဆင့္မွာ အံကုိက္ျဖစ္ဖုိ႔၊ အထည္သားနဲ႔ ပတ္သက္လုိ႔ အေသးစိတ္ သတ္မွတ္ျပ႒ာန္းခ်က္တုိ႔ မစဥ္းစားေသးပါဘူး။ ဘယ္လုိ စတုိင္လ္မ်ဳိးလဲ။ ဘယ္လုိလုိင္းမ်ဳိးလဲ၊ ဘယ္လုိခ်ဳပ္ထည္မ်ဳိးလဲ ဆုိတာေတြ သိဖုိ႔အတြက္ ခ်ဳပ္ေပးတဲ့ နမူနာ ျဖစ္ပါတယ္။

2. FIT Sample: အံကုိက္ နမူနာ
ေရွ႕ေျပးပုံစံ နမူနာကုိအတည္ျပဳေပးၿပီးလုိက္တဲ့အခါ အံကုိက္နမူနာကုိ တကယ့္အတုိင္းအတာေတြနဲ႔ အတိအက် တုိင္းတာ ျဖတ္ေတာက္ၿပီး ခ်ဳပ္တယ္။ အံကုိက္ျဖစ္ဖုိ႔ လုိအပ္ရင္ ပက္တန္မွာ ျပဳျပင္မြမ္းမံတာေတြ လုပ္တယ္။ ဒီအံကုိက္နမူနာက အေကာင္အထည္ေဖာ္တာမွာ အေရးအႀကီးဆုံးနမူနာ ျဖစ္ပါတယ္။ နမူနာခ်ဳပ္ထည္ကုိ ေမာ္ဒယ္ရဲ႕ ကုိယ္ေပၚမွာ ဆင္ျမန္းခုိင္းၿပီး ၾကည့္႐ႈဆန္းစစ္ပါတယ္။

3. Salesman Sample: အေရာင္းနမူနာ
ဒီနမူနာက လက္လီအေရာင္းဆုိင္ေတြမွာ ျပသဖုိ႔ နမူနာျဖစ္ပါတယ္။ Salesman sample ကုိ SMS လုိ႔လည္း အတုိေကာက္ ေခၚေ၀ၚတယ္။ SalesMan Sample ဆုိၿပီး အတုိေကာက္ အကၡရာေကာက္ထားတာ ျဖစ္ပါတယ္။ အေရာင္းဆုိင္မွာ ႀကိဳတင္ျပသထားၿပီး ၀ယ္ယူသူေတြရဲ႕ ထင္ျမင္ခ်က္၊ ေျပာဆုိခ်က္ေတြ ရယူပါတယ္။ သူတုိ႔ရဲ႕ တုံ႔ျပန္မႈအရ ဒီစတုိင္လ္ အလုပ္ျဖစ္မွာလားဆုိတာကုိ ခန္႔မွန္းပါတယ္။ အေရာင္းနမူနာကုိ ခ်ဳပ္ရင္ တကယ္ ထုတ္လုပ္တဲ့အခါ ခ်ဳပ္မယ့္အတုိင္း ခ်ဳပ္ေပးရပါတယ္။ အထည္သား၊ နဲ႔ အဆင္တန္ဆာေတြကုိ တကယ့္ခ်ဳပ္ထည္အတုိင္း တစ္ေထရာတည္း ျဖစ္ေနေအာင္ ခ်ဳပ္ေပးရပါတယ္။ အဲဒီအတြက္ ၀ယ္လက္က အခေၾကးေငြ ေပးရပါတယ္။ အလကား မယူရပါဘူး။


4. Size set Sample: အရြယ္အစားအရ နမူနာ
အ၀တ္အစားေတြမွာ သတ္မွတ္ထားတဲ့ S, L, XL, XXL အရြယ္အစား အမ်ဳိးမ်ဳိးအတြက္ ပက္တန္ေတြ ေဖာ္ထုတ္သတ္မွတ္ၿပီး နမူနာ ခ်ဳပ္ေပးရပါတယ္။ တကယ္ခ်ဳပ္ရင္ ခ်ဳပ္မယ့္ အရြယ္အစားေတြအတုိင္း အတိအက် ခ်ဳပ္ေပးရတာ ျဖစ္ပါတယ္။ အရြယ္အစားအရ စစ္ေဆးၾကည့္႐ႈၿပီး သုံးသပ္ဖုိ႔ ၀ယ္လက္က ခ်ဳပ္ခုိင္းတာျဖစ္လုိ႔ အခေၾကးေငြ ေပးပါတယ္။ အလကား မခ်ဳပ္ခုိင္းၾကပါဘူး။ ရလာတဲ့ နမူနာေတြကုိ ၾကည့္႐ႈၿပီး ၀ယ္လက္မွ ျပင္ေပးေစခ်င္တာေတြ ရွိရင္ မွတ္ခ်က္ ေပးပါတယ္။ အဲဒါကုိ တကယ္ခ်ဳပ္တဲ့အခါ ျပင္ၿပီး ခ်ဳပ္ေပးရမွာ ျဖစ္ပါတယ္။

5. Pre-production Sample:
PP sample လုိ႔လည္း အတုိေကာက္ ေခၚေ၀ၚတယ္။ တကယ္ခ်ဳပ္ေနတဲ့ လုိင္းမွာ ခ်ဳပ္ခုိင္းရပါတယ္။ ဒါမွ ခ်ဳပ္တဲ့သူေတြ( သူတုိ႔ကုိ ေအာ္ပေရတာ operators လုိ႔ ေခၚၾကတယ္) က သူတုိ႔ တကယ္ခ်ဳပ္မယ့္ဟာက ဘယ္လုိဟာမ်ဳိးလဲဆုိတာ သိၾကမွာ ျဖစ္ပါတယ္။ တကယ္ခ်ဳပ္ရင္ သုံးမယ့္ အထည္သား၊ အဆင္တန္ဆာေတြ၊ တြဲစပ္မယ့္ဟာေတြနဲ႔ အပီအျပင္ ခ်ဳပ္ေပးၾကရပါတယ္။ PP sample ရရင္ ၀ယ္လက္ထံမွ အတည္ျပဳခ်က္ ရယူရပါတယ္။ ၿပီးမွ ခ်ဳပ္ထည္ေတြကုိ တကယ္စခ်ဳပ္ၾကရမွာ ျဖစ္ပါတယ္
အဲဒီလုိ အတည္ျပဳခ်က္ လက္မွတ္ရယူထားတဲ့ နမူနာကုိ Counter sample လုိ႔ ေခၚၾကတယ္။
PP sample ကုိ မ်ားေသာအားျဖင့္ အရြယ္အစားတစ္မ်ဳိးအတြက္ပဲ ယူေလ့ရွိတယ္။ ၀ယ္လက္ဆီ တစ္ထည္၊ ထုတ္လုပ္တဲ့ဆီမွာ တစ္ထည္ ထားေလ့ရွိတယ္။ လက္ကားလက္လီ အေရာင္းေတြအတြက္ counter sample အျဖစ္လည္း ပုိ႔ေပးေလ့ရွိတယ္။
တကယ္လုိ႔ ၀ယ္လက္ဆီကုိ PP sample ပုိ႔ေပးလုိက္တာ စစ္ေဆးၾကည့္ေတာ လြဲေနတာရွိရင္ အတည္ျပဳခ်က္ မရေတာ့ဘူး။ လြဲေနတာေတြ မွန္ေအာင္ ျပင္ခ်က္ လုပ္ေဆာင္ေပးရတယ္။ ၿပီးမွ အေျမာက္အျမား စခ်ဳပ္ၾကရတယ္။
PP sample ဟာ နမူနာေတြ ခ်ဳပ္တာမွာ ေနာက္ဆုံးအဆင့္ နမူနာအျဖစ္ ခ်ဳပ္တာ ျဖစ္လုိ႔ အေရးပါတယ္။ အဲဒီနမူနာအတုိင္း တေသြမတိမ္း ခ်ဳပ္ထည္ေတြကို ျဖတ္ေတာက္ခ်ဳပ္လုပ္ ေပးရမွာ ျဖစ္ပါတယ္။

6. Top of Production Sample (TOP sample):
ခ်ဳပ္ထည္ေတြ အေျမာက္အျမားကုိ စခ်ဳပ္ၿပီဆုိရင္ ခ်ဳပ္ထည္တခ်ဳိ႕ကုိ ခ်ဳပ္ေနတဲ့ဆီမွ ရယူလုိက္တယ္။ ၀ယ္လက္ဆီကုိ နမူနာအျဖစ္ ေပးပုိ႔တယ္။ ၀ယ္လက္ေတြက TOP sample ကုိ ေတာင္းမွ ေပးပုိ႔ရတာ ျဖစ္ပါတယ္။ စက္႐ုံက PP sample မွာ ခ်ဳပ္တဲ့အတုိင္း သတ္မွတ္ျပ႒ာန္းခ်က္ေတြကုိ အေသးစိတ္ တစ္ခုမက်န္ လုိက္နာၿပီး ခ်ဳပ္ရဲ႕လားဆုိတာ သိခ်င္လုိ႔ လွမ္းေတာင္းၿပီး စစ္ေဆးတာ ျဖစ္ပါတယ္။

7. Shipment Sample: တင္ပုိ႔နမူနာ
ခ်ဳပ္ၿပီးတဲ့အခါ မီးပူတုိက္၊ ေခါက္ေပးၿပီး ထုတ္ပုိးတယ္။ ၿပီးရင္ တင္ပုိ႔တယ္။ ထုပ္ပုိးၿပီးသား ခ်ဳပ္ထည္ ၂ထည္ ၃ ထည္ကုိ နမူနာအျဖစ္ ေပးပုိ႔တယ္။ ထုပ္ပုိးတာ အုိေကရဲ႕လား စစ္ေဆးတာ ျဖစ္ပါတယ္။

 အထည္အလိပ္မွ ခ်ဳပ္လုပ္ၿပီးစီးသည့္ ခ်ဳပ္ထည္တင္ပုိ႔သည္အထိ လုပ္ကုိင္ပုံ အဆင့္ဆင့္

 

Pattern making ပက္တန္ ျပဳလုပ္ျခင္း လင့္ခ္

Uni

Garment sampling ချုပ်ထည် နမူနာ
ချုပ်ထည် နမူနာတွေ အမျိုးမျိုး ရှိတယ်။ ချုပ်ထည်တစ်ခု ဖြစ်လာဖို့ ပုံဖော်နေတဲ့အဆင့် နမူနာများနဲ့ အတည်ပြုပြီးတဲ့နောက် တကယ်ချုပ်ပြီဆိုရင် ရလာမယ့်ချုပ်ထည် နမူနာများဆိုပြီး အတန်းအစား နှစ်မျိုး ခွဲလို့ရတယ်။

ချုပ်ထည်တစ်ခု ဖြစ်လာဖို့ ပုံဖော်နေတဲ့အဆင့် နမူနာများ
●Proto Sample ရှေ့ပြေးပုံစံနမူနာ
● FIT sample အံကိုက် နမူနာ
● Salesman Sample/Photo shot Sample အရောင်းနမူနာ/ ဓာတ်ပုံရိုက် နမူနာ
● Size set Sample အရွယ်အစားအရ နမူနာ
အတည်ပြုပြီးတဲ့နောက် တကယ်ချုပ်တော့မယ်ဆိုရင် ထုတ်လုပ်မှုအကြို နမူနာ Pre-production Sample ကို စက်ရုံက ချုပ်ပေးတယ်။

● Pre-production Sample စမချုပ်ခင် အတည်ပြုချက်ယူရန် နမူနာ

● Top of Production Sample တကယ်ချုပ်နေတဲ့အထဲမှ ကျပန်း နမူနာ ကောက်ယူပြီး ပေးရတဲ့ ချုပ်ထည်နမူနာ ဖြစ်ပါတယ်။ TOP sample လို့လည်း ခေါ်ကြတယ်။
● Shipment Sample တင်ပို့နမူနာ

ချုပ်ထည်ကို နမူနာများ ထုတ်လုပ်ပြီး ဝယ်လက်များကို ပြသကာ အတည်ပြုချက် ရယူကြတယ်။ ဝယ်လက်က ခါးပတ်၊ ဖဲပွင့် အစရှိတဲ့ အဆင်တန်ဆာများ ပြောင်းလဲသုံးစွဲခြင်း၊ အရောင်အသွေး သတ်မှတ်ချက်ပေးခြင်း စသည့် မှတ်ချက်များ ပေးရင် လိုက်နာပြီး ချုပ်လုပ်ပေးရကြရတယ်။
တကယ်လို့ ဝယ်လက်သည်လည်း ကိုယ်ပိုင်ဖက်ရှင် ဒီဇိုင်း ထုတ်လုပ်သူဆိုပါက သူ့ဆီမှ သတ်မှတ်ပြဋ္ဌာန်းချက်များ ရယူပြီး သူလိုချင်တဲ့အတိုင်း ချုပ်ထည်နမူနာများ လုပ်ကိုင်ပေးကြရတယ်။

ဆက်လက်ပြီးတော့ နမူနာ တစ်ခုချင်းစီကို ပြောပြပါမယ်။
1. Proto Sample: ရှေ့ပြေးပုံစံနမူနာ
ဒီနမူနာတွေက ဖက်ရှင်ဒီဇိုင်းသမားတွေက ဒီဇိုင်းအသစ်တစ်မျိုး ဖန်တီးထားတာကို ရှေ့ပြေးပုံစံအဖြစ် နမူနာ ချုပ်ပြရတာ ဖြစ်ပါတယ်။ ချုပ်ထည် ကို ဒီဇိုင်းကနေ အကောင်အထည်ဖော်တာမှာ ပထမဆုံးနမူနာ ဖြစ်ပါတယ်။ ဒီအဆင့်မှာ အံကိုက်ဖြစ်ဖို့၊ အထည်သားနဲ့ ပတ်သက်လို့ အသေးစိတ် သတ်မှတ်ပြဋ္ဌာန်းချက်တို့ မစဉ်းစားသေးပါဘူး။ ဘယ်လို စတိုင်လ်မျိုးလဲ။ ဘယ်လိုလိုင်းမျိုးလဲ၊ ဘယ်လိုချုပ်ထည်မျိုးလဲ ဆိုတာတွေ သိဖို့အတွက် ချုပ်ပေးတဲ့ နမူနာ ဖြစ်ပါတယ်။

2. FIT Sample: အံကိုက် နမူနာ
ရှေ့ပြေးပုံစံ နမူနာကိုအတည်ပြုပေးပြီးလိုက်တဲ့အခါ အံကိုက်နမူနာကို တကယ့်အတိုင်းအတာတွေနဲ့ အတိအကျ တိုင်းတာ ဖြတ်တောက်ပြီး ချုပ်တယ်။ အံကိုက်ဖြစ်ဖို့ လိုအပ်ရင် ပက်တန်မှာ ပြုပြင်မွမ်းမံတာတွေ လုပ်တယ်။ ဒီအံကိုက်နမူနာက အကောင်အထည်ဖော်တာမှာ အရေးအကြီးဆုံးနမူနာ ဖြစ်ပါတယ်။ နမူနာချုပ်ထည်ကို မော်ဒယ်ရဲ့ ကိုယ်ပေါ်မှာ ဆင်မြန်းခိုင်းပြီး ကြည့်ရှုဆန်းစစ်ပါတယ်။

3. Salesman Sample: အရောင်းနမူနာ
ဒီနမူနာက လက်လီအရောင်းဆိုင်တွေမှာ ပြသဖို့ နမူနာဖြစ်ပါတယ်။ Salesman sample ကို SMS လို့လည်း အတိုကောက် ခေါ်ဝါ်တယ်။ SalesMan Sample ဆိုပြီး အတိုကောက် အက္ခရာကောက်ထားတာ ဖြစ်ပါတယ်။ အရောင်းဆိုင်မှာ ကြိုတင်ပြသထားပြီး ဝယ်ယူသူတွေရဲ့ ထင်မြင်ချက်၊ ပြောဆိုချက်တွေ ရယူပါတယ်။ သူတို့ရဲ့ တုံ့ပြန်မှုအရ ဒီစတိုင်လ် အလုပ်ဖြစ်မှာလားဆိုတာကို ခန့်မှန်းပါတယ်။ အရောင်းနမူနာကို ချုပ်ရင် တကယ် ထုတ်လုပ်တဲ့အခါ ချုပ်မယ့်အတိုင်း ချုပ်ပေးရပါတယ်။ အထည်သား၊ နဲ့ အဆင်တန်ဆာတွေကို တကယ့်ချုပ်ထည်အတိုင်း တစ်ထေရာတည်း ဖြစ်နေအောင် ချုပ်ပေးရပါတယ်။ အဲဒီအတွက် ဝယ်လက်က အခကြေးငွေ ပေးရပါတယ်။ အလကား မယူရပါဘူး။


4. Size set Sample: အရွယ်အစားအရ နမူနာ
အဝတ်အစားတွေမှာ သတ်မှတ်ထားတဲ့ S, L, XL, XXL အရွယ်အစား အမျိုးမျိုးအတွက် ပက်တန်တွေ ဖော်ထုတ်သတ်မှတ်ပြီး နမူနာ ချုပ်ပေးရပါတယ်။ တကယ်ချုပ်ရင် ချုပ်မယ့် အရွယ်အစားတွေအတိုင်း အတိအကျ ချုပ်ပေးရတာ ဖြစ်ပါတယ်။ အရွယ်အစားအရ စစ်ဆေးကြည့်ရှုပြီး သုံးသပ်ဖို့ ဝယ်လက်က ချုပ်ခိုင်းတာဖြစ်လို့ အခကြေးငွေ ပေးပါတယ်။ အလကား မချုပ်ခိုင်းကြပါဘူး။ ရလာတဲ့ နမူနာတွေကို ကြည့်ရှုပြီး ဝယ်လက်မှ ပြင်ပေးစေချင်တာတွေ ရှိရင် မှတ်ချက် ပေးပါတယ်။ အဲဒါကို တကယ်ချုပ်တဲ့အခါ ပြင်ပြီး ချုပ်ပေးရမှာ ဖြစ်ပါတယ်။

5. Pre-production Sample:
PP sample လို့လည်း အတိုကောက် ခေါ်ဝါ်တယ်။ တကယ်ချုပ်နေတဲ့ လိုင်းမှာ ချုပ်ခိုင်းရပါတယ်။ ဒါမှ ချုပ်တဲ့သူတွေ( သူတို့ကို အော်ပရေတာ operators လို့ ခေါ်ကြတယ်) က သူတို့ တကယ်ချုပ်မယ့်ဟာက ဘယ်လိုဟာမျိုးလဲဆိုတာ သိကြမှာ ဖြစ်ပါတယ်။ တကယ်ချုပ်ရင် သုံးမယ့် အထည်သား၊ အဆင်တန်ဆာတွေ၊ တွဲစပ်မယ့်ဟာတွေနဲ့ အပီအပြင် ချုပ်ပေးကြရပါတယ်။ PP sample ရရင် ဝယ်လက်ထံမှ အတည်ပြုချက် ရယူရပါတယ်။ ပြီးမှ ချုပ်ထည်တွေကို တကယ်စချုပ်ကြရမှာ ဖြစ်ပါတယ်
အဲဒီလို အတည်ပြုချက် လက်မှတ်ရယူထားတဲ့ နမူနာကို Counter sample လို့ ခေါ်ကြတယ်။
PP sample ကို များသောအားဖြင့် အရွယ်အစားတစ်မျိုးအတွက်ပဲ ယူလေ့ရှိတယ်။ ဝယ်လက်ဆီ တစ်ထည်၊ ထုတ်လုပ်တဲ့ဆီမှာ တစ်ထည် ထားလေ့ရှိတယ်။ လက်ကားလက်လီ အရောင်းတွေအတွက် counter sample အဖြစ်လည်း ပို့ပေးလေ့ရှိတယ်။
တကယ်လို့ ဝယ်လက်ဆီကို PP sample ပို့ပေးလိုက်တာ စစ်ဆေးကြည့်တော လွဲနေတာရှိရင် အတည်ပြုချက် မရတော့ဘူး။ လွဲနေတာတွေ မှန်အောင် ပြင်ချက် လုပ်ဆောင်ပေးရတယ်။ ပြီးမှ အမြောက်အမြား စချုပ်ကြရတယ်။
PP sample ဟာ နမူနာတွေ ချုပ်တာမှာ နောက်ဆုံးအဆင့် နမူနာအဖြစ် ချုပ်တာ ဖြစ်လို့ အရေးပါတယ်။ အဲဒီနမူနာအတိုင်း တသွေမတိမ်း ချုပ်ထည်တွေကို ဖြတ်တောက်ချုပ်လုပ် ပေးရမှာ ဖြစ်ပါတယ်။

6. Top of Production Sample (TOP sample):
ချုပ်ထည်တွေ အမြောက်အမြားကို စချုပ်ပြီဆိုရင် ချုပ်ထည်တချို့ကို ချုပ်နေတဲ့ဆီမှ ရယူလိုက်တယ်။ ဝယ်လက်ဆီကို နမူနာအဖြစ် ပေးပို့တယ်။ ဝယ်လက်တွေက TOP sample ကို တောင်းမှ ပေးပို့ရတာ ဖြစ်ပါတယ်။ စက်ရုံက PP sample မှာ ချုပ်တဲ့အတိုင်း သတ်မှတ်ပြဋ္ဌာန်းချက်တွေကို အသေးစိတ် တစ်ခုမကျန် လိုက်နာပြီး ချုပ်ရဲ့လားဆိုတာ သိချင်လို့ လှမ်းတောင်းပြီး စစ်ဆေးတာ ဖြစ်ပါတယ်။

7. Shipment Sample: တင်ပို့နမူနာ
ချုပ်ပြီးတဲ့အခါ မီးပူတိုက်၊ ခေါက်ပေးပြီး ထုတ်ပိုးတယ်။ ပြီးရင် တင်ပို့တယ်။ ထုပ်ပိုးပြီးသား ချုပ်ထည် ၂ထည် ၃ ထည်ကို နမူနာအဖြစ် ပေးပို့တယ်။ ထုပ်ပိုးတာ အိုကေရဲ့လား စစ်ဆေးတာ ဖြစ်ပါတယ်။

 

Pattern making ပက်တန် ပြုလုပ်ခြင်း

အထည်အလိပ်မှ ချုပ်လုပ်ပြီးစီးသည့် ချုပ်ထည်တင်ပို့သည်အထိ လုပ်ကိုင်ပုံ အဆင့်ဆင့် 

Read 1508 times
Rate this item
(0 votes)