What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တီရွပ္တစ္ထည္ ၂၂ စကၠန္႔

ခ်ဳပ္႐ုိေဘာ့ Sewbot ဆုိတဲ့ တီရွပ္ အလုိအေလ်ာက္ခ်ဳပ္စက္ကုိ အေမရိကန္ႏုိင္ငံမွ SoftWear Automation မွ ေအာင္ျမင္စြာ တီထြင္ေပးႏုိင္ခဲ့ၿပီးတဲ့ေနာက္မွာ တ႐ုတ္ႏုိင္ငံ စုက်ဳိရွိ Tianyuan Garment Company က စက္ေတြကုိ မွာယူခဲ့ၿပီး အေမရိကန္ႏုိင္ငံ အာကန္သပ္ျပည္နယ္ လစ္တဲေရာ့ခ္မွာ

တီရွပ္ခ်ဳပ္ဖုိ႔ အထည္ခ်ဳပ္စက္႐ုံအသစ္တစ္ခုကုိ တည္ေဆာက္ေနပါတယ္။ တီရွပ္ခ်ဳပ္ေပးဖုိ႔ အမွာစာကုိ တန္ယြမ္ ခ်ဳပ္ထည္ကုမၸဏီရဲ႕ ေဖာက္သည္ျဖစ္တဲ့ Adidas ထံမွ ရရွိထားၿပီ ျဖစ္ပါတယ္။ 

တန္ယြမ္ ခ်ဳပ္ထည္ကုမၸဏီဟာ SoftWear Automation ရဲ႕ ခ်ဳပ္႐ုိေဘာ့နဲ႔ နည္းပညာေတြကုိ အဦးဆုံး ၀ယ္ယူသုံးစြဲတဲ့ ကုမၸဏီ ျဖစ္ပါတယ္။

  ခ်ဳပ္႐ုိေဘာ့မွာ ကင္မရာေတြ ပါ၀င္ၿပီး ခ်ဳပ္မယ့္ အထည္သားကုိ ေစာင့္ၾကည့္ေပးေနပါတယ္။ ခ်ဳပ္အပ္ကုိ အထည္သားတစ္ေလွ်ာက္ ညႊန္ၾကားထားတဲ့အတုိင္း ေရြ႕လ်ားေအာင္ ခ်ဳပ္ရုိေဘာ့က ထိန္းေက်ာင္းေပးၿပီး ခ်ဳပ္ေပးပါတယ္။ အသားေပ်ာ့တဲ့ စြပ္က်ယ္သားေတြကုိ ခ်ဳပ္ေပးႏုိင္စြမ္း ရွိပါတယ္။ စက္႐ုံအသစ္ဟာ ၂၀၁၈ ခုႏွစ္မွာ စတင္လည္ပတ္ ထုတ္လုပ္မွာ ျဖစ္ပါတယ္။

တန္ယြမ္ ခ်ဳပ္ထည္ ကုမၸဏီရဲ႕ ဥကၠ႒ တန္စင္ေဟာင္က ‘‘စြပ္က်ယ္သားကုိ ျဖတ္တာကေန တီရွပ္တစ္ထည္ျဖစ္တဲ့အထိ ခ်ဳပ္ၿပီးခ်ိန္အထိ အၾကမ္းအားျဖင့္ ၄ မိနစ္ပဲ ၾကာပါတယ္။ ကၽြန္ေတာ္တုိ႔ ျဖတ္ခ်ဳပ္လုိင္း ၁၂ လုိင္း ထားၿပီး ထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။ စက္စြမ္းအားျဖည့္ လည္ပတ္ႏုိင္တဲ့အခါမွာ ပ်မ္းမွ်အားျဖင့္ ဒီအထည္ခ်ဳပ္ စက္႐ုံက ၂၂ စကၠန္႔မွာ တီရွပ္တစ္ထည္ ထုတ္လုပ္ေပးေနမွာ ျဖစ္ပါတယ္။ ဒီေတာ့ Adidas အတြက္ ကၽြန္ေတာ္တုိ႔ တစ္ေန႔ကုိ တီရွပ္ ရွစ္သိန္းအထိ ထုတ္လုပ္ေပးႏုိင္မွာ ျဖစ္ပါတယ္’’ ဟု ရွင္းျပသည္။ ဒါေပမဲ့ လက္ရွိ ရရွိတဲ့ အမွာစာ အေနအထားအရ တစ္ႏွစ္ကုိ တီရွပ္ ၁၂ သန္း၀န္းက်င္ ထုတ္လုပ္မယ္လုိ႔ ဆုိပါတယ္။

ခ်ဳပ္သားအရည္အေသြးက လူခ်ဳပ္တာထက္ ပုိတိက်ေသသပ္ၿပီး လူထက္လည္း ပုိမုိျမန္ဆန္ပါတယ္။ စက္ကုိ ကုိင္တြယ္ေပးဖုိ႔ လုပ္သား ထားရွိတာမွာ ကုန္က်စရိတ္က တီရွပ္တစ္ထည္ကုိ ၃၃ ဆင့္ ၀န္းက်င္ ကုန္က်မွာ ျဖစ္ပါတယ္။ ‘‘ကမ႓ာေပၚမွာ ဒီထက္ ပုိသက္သာတာ လုပ္သားေစ်းကြက္မွာ မရွိႏုိင္ပါဘူး။  ေဈးအေပါဆုံးဆုိတဲ့ လုပ္သားခကေတာင္ ၈၈ ဆင့္ထက္ေတာ့ ပုိပါတယ္’’ လုိ႔ု တန္စင္ေဟာင္က ေျပာျပပါတယ္။

စတုရန္းေပ တစ္သိန္းရွိတဲ့ ေျမေပၚမွာ ယခု အထည္ခ်ဳပ္ စက္႐ုံထူေထာင္ဖုိ႔အတြက္ တန္ယြမ္ ခ်ဳပ္ထည္ကုမၸဏီက အေမရိကန္ေဒၚလာ သန္း ၂၀ ရင္းႏွီးျမႇဳပ္ႏွံထားပါတယ္။ စက္႐ုံလည္ပတ္တဲ့အခါ လုပ္သားဦးေရ ၄၀၀ ၀န္းက်င္ အလုပ္အကုိင္ ရရွိမယ္လုိ႔ ဆုိပါတယ္။  စက္မႈဖြံ႕ၿဖိဳးမႈ စတုတၳအဆင့္မွာ အုိင္တီနဲ႔ ကြန္ပ်ဴတာတုိ႔ကို အင္တာနက္ျဖင္ တြဲစပ္ သုံးစြဲၾကၿပီး ဉာဏ္ရည္ပါ ကုန္ထုတ္လုပ္မႈကုိ လုပ္ကုိင္ၾကဖုိ႔ ေဆာင္ရြက္ေနၾကတာမွာ အထည္ခ်ဳပ္လုပ္ငန္းနယ္ပယ္အတြက္ ေရွ႕သုိ႔ တစ္လွမ္းခုန္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

ယခုလုိ အလုိအေလ်ာက္႐ုိေဘာ့ေတြ သုံးစြဲလာတာေၾကာင့္ လူအင္အား သုံးစြဲမႈ ေလ်ာ့က်သြားတာမုိ႔  အလုပ္အကုိင္အခြင့္အလမ္းေတြ ေလ်ာ့နည္းသြားေစတဲ့ ျပႆနာကုိ ႀကံဳၾကရပါတယ္။
နုိင္ငံတကာ အလုပ္သမားအဖြဲ႕အစည္း International Labour Organization (ILO) မွ ခန္႔မွန္းတာမွာ ႐ုိေဘာ့ေတြေၾကာင့္ အထည္ခ်ဳပ္လုပ္သားေတြ အထည္အလိပ္၊ အ၀တ္အစားနဲ႔ ႐ွဴးဖိနပ္အပါအ၀င္

ေျခစီးစရာ ထုတ္လုပ္မႈေတြမွာ အလုပ္ျပဳတ္ကုန္ၾကတာ အင္ဒုိနီးရွားမွာ ၎နယ္ပယ္မွ လုပ္သားအင္အားစုရဲ႕ ၆၄%၊ ဗီယက္နမ္မွာ ၈၆%၊ ကေမ႓ာဒီးယားမွာ ၈၈% ရွိလိမ့္မယ္လုိ႔ ဆုိပါတယ္။
႐ုိေဘာ့ကုိ သုံးစြဲတာေၾကာင့္ လုပ္ခလစာ ပုိေကာင္းမွာ ျဖစ္ေပမဲ့ အဆင့္ျမင့္နည္းပညာသုံး ႐ုိေဘာ့ေတြနဲ႔ လုပ္ကုိင္ဖုိ႔အတြက္
တတ္ကၽြမ္းမႈေတြ ရွိဖုိ႔ လုိအပ္ပါတယ္။ ဒီအတြက္ အစုိးရနဲ႔ လုပ္ငန္းရွင္ေတြဟာ အလုပ္သမားေတြကုိ
သင္တန္းေပးဖုိ႔ ျပင္ဆင္ထားသင့္ၿပီလုိ႔လည္း တုိက္တြန္းထားပါတယ္။

 supply chain pricejpeg

တီရှပ်တစ်ထည် ၂၂ စက္ကန့်

=====================

ချုပ်ရိုဘော့ Sewbot ဆိုတဲ့ တီရှပ် အလိုအလျောက်ချုပ်စက်ကို အမေရိကန်နိုင်ငံမှ SoftWear Automation မှ အောင်မြင်စွာ တီထွင်ပေးနိုင်ခဲ့ပြီးတဲ့နောက်မှာ တရုတ်နိုင်ငံ စုကျိုရှိ Tianyuan Garment Company က စက်တွေကို မှာယူခဲ့ပြီး အမေရိကန်နိုင်ငံ အာကန်သပ်ပြည်နယ် လစ်တဲရော့ခ်မှာ တီရှပ်ချုပ်ဖို့ အထည်ချုပ်စက်ရုံအသစ်တစ်ခုကို တည်ဆောက်နေပါတယ်။ တီရှပ်ချုပ်ပေးဖို့ အမှာစာကို တန်ယွမ် ချုပ်ထည်ကုမ္ပဏီရဲ့ ဖောက်သည်ဖြစ်တဲ့ Adidas ထံမှ ရရှိထားပြီ ဖြစ်ပါတယ်။

တန်ယွမ် ချုပ်ထည်ကုမ္ပဏီဟာ SoftWear Automation ရဲ့ ချုပ်ရိုဘော့နဲ့ နည်းပညာတွေကို အဦးဆုံး ဝယ်ယူသုံးစွဲတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

ချုပ်ရိုဘော့မှာ ကင်မရာတွေ ပါဝင်ပြီး ချုပ်မယ့် အထည်သားကို စောင့်ကြည့်ပေးနေပါတယ်။ ချုပ်အပ်ကို အထည်သားတစ်လျှောက် ညွှန်ကြားထားတဲ့အတိုင်း ရွေ့လျားအောင် ချုပ်ရိုဘော့က ထိန်းကျောင်းပေးပြီး ချုပ်ပေးပါတယ်။ အသားပျော့တဲ့ စွပ်ကျယ်သားတွေကို ချုပ်ပေးနိုင်စွမ်း ရှိပါတယ်။ စက်ရုံအသစ်ဟာ ၂၀၁၈ ခုနှစ်မှာ စတင်လည်ပတ် ထုတ်လုပ်မှာ ဖြစ်ပါတယ်။

တန်ယွမ် ချုပ်ထည် ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ တန်စင်ဟောင်က ''စွပ်ကျယ်သားကို ဖြတ်တာကနေ တီရှပ်တစ်ထည်ဖြစ်တဲ့အထိ ချုပ်ပြီးချိန်အထိ အကြမ်းအားဖြင့် ၄ မိနစ်ပဲ ကြာပါတယ်။ ကျွန်တော်တို့ ဖြတ်ချုပ်လိုင်း ၁၂ လိုင်း ထားပြီး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ စက်စွမ်းအားဖြည့် လည်ပတ်နိုင်တဲ့အခါမှာ ပျမ်းမျှအားဖြင့် ဒီအထည်ချုပ် စက်ရုံက ၂၂ စက္ကန့်မှာ တီရှပ်တစ်ထည် ထုတ်လုပ်ပေးနေမှာ ဖြစ်ပါတယ်။ ဒီတော့ Adidas အတွက် ကျွန်တော်တို့ တစ်နေ့ကို တီရှပ် ရှစ်သိန်းအထိ ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်'' လို့ တန်စင်ဟောင်က ပြောပြပါတယ်။ ဒါပေမဲ့ လက်ရှိ ရရှိတဲ့ အမှာစာ အနေအထားအရ တစ်နှစ်ကို တီရှပ် ၁၂ သန်းဝန်းကျင် ထုတ်လုပ်မယ်လို့ ဆိုပါတယ်။

ချုပ်သားအရည်အသွေးက လူချုပ်တာထက် ပိုတိကျသေသပ်ပြီး လူထက်လည်း ပိုမိုမြန်ဆန်ပါတယ်။ စက်ကို ကိုင်တွယ်ပေးဖို့ လုပ်သား ထားရှိတာမှာ ကုန်ကျစရိတ်က တီရှပ်တစ်ထည်ကို ၃၃ ဆင့် ဝန်းကျင် ကုန်ကျမှာ ဖြစ်ပါတယ်။ ''ကမ္ဘာပေါ်မှာ ဒီထက် ပိုသက်သာတာ လုပ်သားဈေးကွက်မှာ မရှိနိုင်ပါဘူး။ ဈေးအပေါဆုံးဆိုတဲ့ လုပ်သားခကတောင် ၈၈ ဆင့်ထက်တော့ ပိုပါတယ်'' လို့ တန်စင်ဟောင်က ပြောပြပါတယ်။

စတုရန်းပေ တစ်သိန်းရှိတဲ့ မြေပေါ်မှာ ယခု အထည်ချုပ် စက်ရုံထူထောင်ဖို့အတွက် တန်ယွမ် ချုပ်ထည်ကုမ္ပဏီက အမေရိကန်ဒေါ်လာ သန်း ၂၀ ရင်းနှီးမြှုပ်နှံထားပါတယ်။ စက်ရုံလည်ပတ်တဲ့အခါ လုပ်သားဦးရေ ၄၀၀ ဝန်းကျင် အလုပ်အကိုင် ရရှိမယ်လို့ ဆိုပါတယ်။ စက်မှုဖွံ့ဖြိုးမှု စတုတ္ထအဆင့်မှာ အိုင်တီနဲ့ ကွန်ပျူတာတို့ကို အင်တာနက်ဖြင် တွဲစပ် သုံးစွဲကြပြီး ဉာဏ်ရည်ပါ ကုန်ထုတ်လုပ်မှုကို လုပ်ကိုင်ကြဖို့ ဆောင်ရွက်နကြေတာမှာ အထည်ချုပ်လုပ်ငန်းနယ်ပယ်အတွက် ရှေ့သို့ တစ်လှမ်းခုန်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ယခုလို အလိုအလျောက်ရိုဘော့တွေ သုံးစွဲလာတာကြောင့် လူအင်အား သုံးစွဲမှု လျော့ကျသွားတာမို့ အလုပ်အကိုင်အခွင့်အလမ်းတွေ လျော့နည်းသွားစေတဲ့ ပြဿနာကို ကြုံကြရပါတယ်။ နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း International Labour Organization (ILO) မှ ခန့်မှန်းတာမှာ ရိုဘော့တွေကြောင့် အထည်ချုပ်လုပ်သားတွေ အထည်အလိပ်၊ အဝတ်အစားနဲ့ ရှူးဖိနပ်အပါအဝင် ခြေစီးစရာ ထုတ်လုပ်မှုတွေမှာ အလုပ်ပြုတ်ကုန်ကြတာ အင်ဒိုနီးရှားမှာ၎င်းနယ်ပယ်မှ လုပ်သားအင်အားစုရဲ့ ၆၄%၊ ဗီယက်နမ်မှာ ၈၆%၊ ကမ္ဘောဒီးယားမှာ ၈၈% ရှိလိမ့်မယ်လို့ ဆိုပါတယ်။ ရိုဘော့ကို သုံးစွဲတာကြောင့် လုပ်ခလစာ ပိုကောင်းမှာ ဖြစ်ပေမဲ့ အဆင့်မြင့်နည်းပညာသုံး ရိုဘော့တွေနဲ့ လုပ်ကိုင်ဖို့အတွက် တတ်ကျွမ်းမှုတွေ ရှိဖို့ လိုအပ်ပါတယ်။ ဒီအတွက် အစိုးရနဲ့ လုပ်ငန်းရှင်တွေဟာ အလုပ်သမားတွေကို သင်တန်းပေးဖို့ ပြင်ဆင်ထားသင့်ပြီလို့လည်း တိုက်တွန်းထားပါတယ်။

Read 1795 times
Rate this item
(0 votes)