What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တ႐ုတ္ထည္ႏွင့္ ကြန္ဂုိထည္က်ဆုံးခန္း(Zawgyi+Unicode)

အာဖရိကတုိက္ရဲ႕ ႏုိင္ငံတစ္ခုျဖစ္တဲ့ ဒီမုိကရက္တစ္ ရီဘတ္ပလစ္ ကြန္ဂုိႏုိင္ငံရဲ႕ ေတာင္ပုိင္းမွာ ကြန္ဂုိႏုိင္ငံရဲ႕ ဒုတိယအႀကီးဆုံးၿမိဳ႕ေတာ္ျဖစ္တဲ့ လူဘံဘာရွီၿမိဳ႕ တည္ရွိတယ္။ အဲဒီ လူဘံဘာရွီၿမိဳ႕ဟာ အာဖရိက ႐ုိးရာအထည္ေတြ ထုတ္လုပ္တာေၾကာင့္ လူသိမ်ားတယ္။ ဒုတိယၿမိဳ႕ေတာ္စီးပြားေရးရဲ႕ အသည္းနလုံး ၀ိညာဥ္အျဖစ္ Syntexkin အထည္အလိပ္လုပ္ငန္း အထင္အရွား ရွိခဲ့ဖူးတယ္။

အနံတုိၿပီး အလ်ားရွည္တဲ့ ေထာင့္မွန္စတုဂံပုံ ပိတ္စေတြ အေျမာက္အျမားကုိ Syntexkin အထည္အလိပ္လုပ္ငန္းမွ ထုတ္လုပ္ခဲ့တယ္။ အသားမည္း အရဲဆင္ဆုိတဲ့အတုိင္း အသားမည္းတဲ့ အာဖရိကသူ အာဖရိကသားေတြအတြက္ ထုတ္လုပ္တဲ့ပိတ္စေတြရဲ႕ အေရာင္ေတြက ရဲရဲရင့္ရင့္၊ ေတာက္ေတာက္ပပ။ ျမင္လုိက္တာနဲ႔ အာဖရိက ႐ုိးရာထည္မွန္း တန္းသိေစတယ္။
၂၀၀၀ ျပည့္ႏွစ္ မတုိင္ခင္အထိ ပန္းပန္ေနခဲ့တဲ့ Syntexkin ဟာ ၂၀၀၀ ျပည့္ႏွစ္ေနာက္ပုိင္းမွာေတာ့ စက္႐ုံပိတ္လုိက္ရတဲ့အျဖစ္ကုိ ႀကံဳရတယ္။ အဓိကအေၾကာင္းရင္းကေတာ့ ကြန္ဂုိႏုိင္ငံထဲကုိ ေဈးသက္သာတဲ့ တ႐ုတ္ထည္ေတြ ေရာက္လာၿပီး မယွဥ္ႏုိင္တာေၾကာင့္ လုပ္ငန္းျပဳတ္သြားခဲ့ပါတယ္။

နံငယ္ပုိင္းစကေလးကုိ ကံဂါစ္လုိ႔ ေခၚၿပီး ေတာက္ပတဲ့ အေရာင္အေသြးေတြနဲ႔ ဒီဇုိင္းေဖာ္ထားတယ္။ အနံက
တစ္ကုိက္ေလာက္ ရွိၿပီး အလ်ားက တစ္ကုိက္ခြဲေလာက္ရွိတဲ့ ေရာင္စုံပိတ္စ ျဖစ္ပါတယ္။ ခါးမွ ပတ္ၿပီး ၀တ္ၾကတာ ရွိသလုိ အ၀တ္အစား ခ်ဳပ္ၿပီး ၀တ္ၾကတာလည္း ရွိတယ္။ ႐ုိးရာပိတ္စ ကံဂါစ္ေတြအတုိင္း တေထရာတည္းတူေနတဲ့ တ႐ုတ္ပိတ္စေတြ ေဈးကြက္ထဲ ေရာက္လာၿပီး ေဈးက ပုိသက္သာေနေတာ့ ႐ုိးရာနည္းလမ္းျဖင့္ ထုတ္လုပ္တဲ့ ကံဂါစ္ေတြ ေရာင္းအား ထုိးက်ရာမွ ေဈးကြက္ ေပ်ာက္ကုန္တယ္။

တ႐ုတ္ထည္ေတြ ၀င္လာပုံက ညင္သာတယ္။ အထည္အလိပ္ေတြ အမ်ားႀကီး ၀င္လာတာျဖစ္ေပမဲ့ ႐ုိးရာကံဂါစ္ထည္မ်ဳိး တစ္ခုမွ မပါဘူး။ ခ်ည္ထည္ အသားေျပာင္ အစေတြပဲ လာတယ္။ ေနာက္ေတာ့မွ ေဆးဆုိးပန္း႐ုိက္ထည္ေတြ စတင္ေရာက္ရွိလာတယ္။ အသားရဲ႕ အရည္အေသြး၊ ေဆးဆုိးပန္း႐ုိက္ အရည္အေသြး ဒီဇုိင္းဆန္းျပားျခင္းေတြက ကြန္ဂုိထည္ေတြထက္ အပုံႀကီး သာေနၿပီး ေဈးက သက္သာေနတယ္။ ကြန္ဂုိ ႐ုိးရာဒီဇုိင္းေတြကုိ တုပၿပီး ေဆးဆုိးပန္း႐ုိက္ထားတဲ့ အထည္အလိပ္ေတြလည္း ၀င္လာတယ္။ ခြဲျခားဖုိ႔ ခက္ေအာင္ တူေနတယ္။ ကြန္ဂုိမွ ဒီဇုိင္းဆရာေတြက ဒီဇုိင္းအသစ္ ဆန္းသစ္တီထြင္ၿပီး ထုတ္လုပ္ေရာင္းခ်ၿပီး ယွဥ္ၿပိဳင္ေပမဲ့ အေၾကာင္း သိပ္မထူးဘူး။ သူတုိ႔ထုတ္တဲ့ ဒီဇုိင္းေတြမွာ လူႀကိဳက္မ်ားတာေတြကုိ တုပထားတဲ့ တရုတ္ထည္ေတြ လပုိင္းအတြင္းမွာ ေဈးကြက္ထဲ ေရာက္လာေနက် ျဖစ္ေနတယ္။

Syntexkin က နံငယ္ပုိင္း ပိတ္စတစ္စကုိ ကြန္ဂုိဖရန္႔ေငြ ၂၀၀၀ ေလာက္နဲ႔ ေရာင္းတယ္။ တ႐ုတ္ထည္က ကြန္ဂုိဖရန္႔ေငြ ၁၀၀၀ ေလာက္နဲ႔ ေရာင္းတယ္။ ေဈးက ေခါက္ခ်ဳိးကြာေနေတာ့ Syntexkin ထည္ေတြကုိ အာဖရိက ႐ုိးရာထည္အစစ္ ၀ယ္လုိသူေတြေလာက္သာ ၀ယ္ၾကေတာ့တယ္။ ဒီေတာ့ ထုတ္လုပ္မႈ ေလွ်ာ့ခ်ခဲ့ရတယ္။ ေနာက္ေတာ့ စက္႐ုံပိတ္သိမ္းလုိက္ရတယ္။ ကြန္ဂုိမွ အျခား အထည္အလိပ္စက္႐ုံေတြလည္း လုပ္ငန္းျပဳတ္သြားခဲ့ၾကတယ္။

ယွဥ္ၿပိဳင္ဖုိ႔အတြက္ စက္ပုိင္းဆုိင္ရာမွ ေခတ္မီေအာင္ ေျပာင္းလဲပစ္ဖုိ႔ လုိတယ္။ ထုတ္လုပ္မႈ နည္းပညာေတြနဲ႔ လုပ္ငန္းစဥ္ေတြမွာလည္း ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေပးဖုိ႔ လုိတယ္။ ကြန္ဂုိမွ အထည္စက္ေတြက ေရွးယခင္ စက္ေတြနဲ႔ပဲ စခန္းသြားခဲ့ၾကတယ္။ ေနာက္ထပ္ ဘူးေလးရာ ဖ႐ုံဆင့္တာက ကြန္ဂုိမွာ ၀ါဂြမ္း စုိက္ပ်ဳိး ထုတ္လုပ္မႈ မရွိသေလာက္နီးပါး ျဖစ္သြားတာမုိ႔ ျပည္တြင္းမွ ၀ါကုန္ၾကမ္းကုိ မရႏုိင္ေတာ့ဘူး။ ျပည္တြင္း စစ္မက္ျဖစ္ပြားတာမွာ ၀ါစုိက္ခင္းေတြ စုိက္ပ်ဳိးထုတ္လုပ္မႈ အႀကီးအက်ယ္ ထိခုိက္ေစခဲ့တယ္။ ဒီေတာ့ ၀ါခ်ည္ မရတာေၾကာင့္ အထည္ထုတ္လုပ္တဲ့ စက္႐ုံေတြ ရပ္နားကုန္တယ္။ ျပည္တြင္းခ်ည္ထည္ မရတာေၾကာင့္ ေဆးဆုိးပန္း႐ုိက္ အထည္လုပ္ငန္းေတြလည္း ရပ္ဆုိင္းကုန္တယ္။ ျပည္ပမွ လုပ္ငန္းႀကီးေတြကလည္း ၀င္ေရာက္လုပ္ကုိင္ဖုိ႔ ႀကိဳးပမ္းခဲ့ၾကပါေသးတယ္။ တ႐ုတ္ႏုိင္ငံမွ Cha Textile နဲ႔ ဘယ္လဂ်ီယံမွ Texaf တုိ႔ ၂၀၀၅ ခုႏွစ္မွာ ဖက္စပ္လုပ္ငန္းအျဖစ္ ခ်ည္စက္ လုပ္ကုိင္ခဲ့တယ္။ အခ်ဳိးအေကြ႕ တစ္ခု ျဖစ္ေပၚမယ္လုိ႔ ေမွ်ာ္လင့္ၾကေပမဲ့ လက္ေတြ႕မွာေတာ့ ၂ ႏွစ္ၾကာၿပီးခ်ိန္မွာ လုပ္ငန္းရပ္ဆုိင္းသြားတယ္။ ျပည္ပမွ တင္သြင္းေရာင္းခ်တာက ပုိသက္သာေနတဲ့ အမွန္တရားကို လက္ခံလုိက္ၾကရတယ္။

 

UNICODE

 

တရုတ်ထည်နှင့် ကွန်ဂိုထည်ကျဆုံးခန်း
======================

အာဖရိကတိုက်ရဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ ဒီမိုကရက်တစ် ရီဘတ်ပလစ် ကွန်ဂိုနိုင်ငံရဲ့ တောင်ပိုင်းမှာ ကွန်ဂိုနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့ လူဘံဘာရှီမြို့ တည်ရှိတယ်။ အဲဒီ လူဘံဘာရှီမြို့ဟာ အာဖရိက ရိုးရာအထည်တွေ ထုတ်လုပ်တာကြောင့် လူသိများတယ်။ ဒုတိယမြို့တော်စီးပွားရေးရဲ့ အသည်းနလုံး ဝိညာဉ်အဖြစ် Syntexkin အထည်အလိပ်လုပ်ငန်း အထင်အရှား ရှိခဲ့ဖူးတယ်။ အနံတိုပြီး အလျားရှည်တဲ့ ထောင့်မှန်စတုဂံပုံ ပိတ်စတွေ အမြောက်အမြားကို Syntexkin အထည်အလိပ်လုပ်ငန်းမှ ထုတ်လုပ်ခဲ့တယ်။ အသားမည်း အရဲဆင်ဆိုတဲ့အတိုင်း အသားမည်းတဲ့ အာဖရိကသူ အာဖရိကသားတွေအတွက် ထုတ်လုပ်တဲ့ပိတ်စတွေရဲ့ အရောင်တွေက ရဲရဲရင့်ရင့်၊ တောက်တောက်ပပ။ မြင်လိုက်တာနဲ့ အာဖရိက ရိုးရာထည်မှန်း တန်းသိစေတယ်။
၂၀၀၀ ပြည့်နှစ် မတိုင်ခင်အထိ ပန်းပန်နေခဲ့တဲ့ Syntexkin ဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ စက်ရုံပိတ်လိုက်ရတဲ့အဖြစ်ကို ကြုံရတယ်။ အဓိကအကြောင်းရင်းကတော့ ကွန်ဂိုနိုင်ငံထဲကို ဈေးသက်သာတဲ့ တရုတ်ထည်တွေ ရောက်လာပြီး မယှဉ်နိုင်တာကြောင့် လုပ်ငန်းပြုတ်သွားခဲ့ပါတယ်။

နံငယ်ပိုင်းစကလေးကို ကံဂါစ်လို့ ခေါ်ပြီး တောက်ပတဲ့ အရောင်အသွေးတွေနဲ့ ဒီဇိုင်းဖော်ထားတယ်။ အနံက
တစ်ကိုက်လောက် ရှိပြီး အလျားက တစ်ကိုက်ခွဲလောက်ရှိတဲ့ ရောင်စုံပိတ်စ ဖြစ်ပါတယ်။ ခါးမှ ပတ်ပြီး ဝတ်ကြတာ ရှိသလို အဝတ်အစား ချုပ်ပြီး ဝတ်ကြတာလည်း ရှိတယ်။ ရိုးရာပိတ်စ ကံဂါစ်တွေအတိုင်း တထေရာတည်းတူနေတဲ့ တရုတ်ပိတ်စတွေ ဈေးကွက်ထဲ ရောက်လာပြီး ဈေးက ပိုသက်သာနေတော့ ရိုးရာနည်းလမ်းဖြင့် ထုတ်လုပ်တဲ့ ကံဂါစ်တွေ ရောင်းအား ထိုးကျရာမှ ဈေးကွက် ပျောက်ကုန်တယ်။

တရုတ်ထည်တွေ ဝင်လာပုံက ညင်သာတယ်။ အထည်အလိပ်တွေ အများကြီး ဝင်လာတာဖြစ်ပေမဲ့ ရိုးရာကံဂါစ်ထည်မျိုး တစ်ခုမှ မပါဘူး။ ချည်ထည် အသားပြောင် အစတွေပဲ လာတယ်။ နောက်တော့မှ ဆေးဆိုးပန်းရိုက်ထည်တွေ စတင်ရောက်ရှိလာတယ်။ အသားရဲ့ အရည်အသွေး၊ ဆေးဆိုးပန်းရိုက် အရည်အသွေး ဒီဇိုင်းဆန်းပြားခြင်းတွေက ကွန်ဂိုထည်တွေထက် အပုံကြီး သာနပြေီး ဈေးက သက်သာနေတယ်။ ကွန်ဂို ရိုးရာဒီဇိုင်းတွေကို တုပပြီး ဆေးဆိုးပန်းရိုက်ထားတဲ့ အထည်အလိပ်တွေလည်း ဝင်လာတယ်။ ခွဲခြားဖို့ ခက်အောင် တူနေတယ်။ ကွန်ဂိုမှ ဒီဇိုင်းဆရာတွေက ဒီဇိုင်းအသစ် ဆန်းသစ်တီထွင်ပြီး ထုတ်လုပ်ရောင်းချပြီး ယှဉ်ပြိုင်ပေမဲ့ အကြောင်း သိပ်မထူးဘူး။ သူတို့ထုတ်တဲ့ ဒီဇိုင်းတွေမှာ လူကြိုက်များတာတွေကို တုပထားတဲ့ တရုတ်ထည်တွေ လပိုင်းအတွင်းမှာ ဈေးကွက်ထဲ ရောက်လာနေကျ ဖြစ်နေတယ်။

Syntexkin က နံငယ်ပိုင်း ပိတ်စတစ်စကို ကွန်ဂိုဖရန့်ငွေ ၂၀၀၀ လောက်နဲ့ ရောင်းတယ်။ တရုတ်ထည်က ကွန်ဂိုဖရန့်ငွေ ၁၀၀၀ လောက်နဲ့ ရောင်းတယ်။ ဈေးက ခေါက်ချိုးကွာနေတော့ Syntexkin ထည်တွေကို အာဖရိက ရိုးရာထည်အစစ် ဝယ်လိုသူတွေလောက်သာ ဝယ်ကြတော့တယ်။ ဒီတော့ ထုတ်လုပ်မှု လျှော့ချခဲ့ရတယ်။ နောက်တော့ စက်ရုံပိတ်သိမ်းလိုက်ရတယ်။ ကွန်ဂိုမှ အခြား အထည်အလိပ်စက်ရုံတွေလည်း လုပ်ငန်းပြုတ်သွားခဲ့ကြတယ်။

ယှဉ်ပြိုင်ဖို့အတွက် စက်ပိုင်းဆိုင်ရာမှ ခေတ်မီအောင် ပြောင်းလဲပစ်ဖို့ လိုတယ်။ ထုတ်လုပ်မှု နည်းပညာတွေနဲ့ လုပ်ငန်းစဉ်တွေမှာလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးဖို့ လိုတယ်။ ကွန်ဂိုမှ အထည်စက်တွေက ရှေးယခင် စက်တွေနဲ့ပဲ စခန်းသွားခဲ့ကြတယ်။ နောက်ထပ် ဘူးလေးရာ ဖရုံဆင့်တာက ကွန်ဂိုမှာ ဝါဂွမ်း စိုက်ပျိုး ထုတ်လုပ်မှု မရှိသလောက်နီးပါး ဖြစ်သွားတာမို့ ပြည်တွင်းမှ ဝါကုန်ကြမ်းကို မရနိုင်တော့ဘူး။ ပြည်တွင်း စစ်မက်ဖြစ်ပွားတာမှာ ဝါစိုက်ခင်းတွေ စိုက်ပျိုးထုတ်လုပ်မှု အကြီးအကျယ် ထိခိုက်စေခဲ့တယ်။ ဒီတော့ ဝါချည် မရတာကြောင့် အထည်ထုတ်လုပ်တဲ့ စက်ရုံတွေ ရပ်နားကုန်တယ်။ ပြည်တွင်းချည်ထည် မရတာကြောင့် ဆေးဆိုးပန်းရိုက် အထည်လုပ်ငန်းတွေလည်း ရပ်ဆိုင်းကုန်တယ်။ ပြည်ပမှ လုပ်ငန်းကြီးတွေကလည်း ဝင်ရောက်လုပ်ကိုင်ဖို့ ကြိုးပမ်းခဲ့ကြပါသေးတယ်။ တရုတ်နိုင်ငံမှ Cha Textile နဲ့ ဘယ်လဂျီယံမှ Texaf တို့ ၂၀၀၅ ခုနှစ်မှာ ဖက်စပ်လုပ်ငန်းအဖြစ် ချည်စက် လုပ်ကိုင်ခဲ့တယ်။ အချိုးအကွေ့ တစ်ခု ဖြစ်ပေါ်မယ်လို့ မျှော်လင့်ကြပေမဲ့ လက်တွေ့မှာတော့ ၂ နှစ်ကြာပြီးချိန်မှာ လုပ်ငန်းရပ်ဆိုင်းသွားတယ်။ ပြည်ပမှ တင်သွင်းရောင်းချတာက ပိုသက်သာနေတဲ့ အမှန်တရားကို လက်ခံလိုက်ကြရတယ်။

 

Read 1074 times
Rate this item
(0 votes)