What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ္ဘာ့ကီမိုနို စီမံကိန်းမှ မြန်မာနိုင်ငံအတွက် ကီမိုနီ

“Imagine Oneworld” ဆိုတဲ့ခေါင်းစဉ်ဖြင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံအတွက် တစ်နိုင်ငံချင်းစီအတွက် ကီမိုနိုဖန်တီးခဲ့တာ သုံးနှစ်ဝန်းကျင် ကြာမြင့်ခဲ့ပါပြီ။

လာမယ့် ၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် အိုလံပစ်အားကစားပွဲတော်အမီ အပြီးအစီး လုပ်ကိုင်ရမှာမို့ အချိန် ၃ နှစ်သာ ကျန်ပါတော့တယ်။

kp 2


ပြီးခဲ့တဲ့ ဧပြီလ တတိယပတ်မှာ ပြီးစီးသမျှ ကီမိုနိုတွေကို ရှိုးပွဲကျင်းပပြီး ပွဲထုတ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ လေးနှစ်တုန်းက တိုကျိုမြို့မှာ အိုလံပစ်နဲ့ ပါရာလံပစ် အားကစားပွဲများ Olympic and Paralympic Games ကျင်းပဖို့ ရွေးချယ်ခံရပြီးတဲ့နောက်မှာ Imagine Oneworld ကို စတင်လိုက်တာ ဖြစ်ပါတယ်။
အခုရှိုးပွဲမှာ မြန်မာနိုင်ငံအတွက် ဖန်တီးထားတဲ့ ကီမိုနိုအပါအ၀င် နိုင်ငံအချို့အတွက် ကီမိုနိုတွေကို ပြသခဲ့တာမှာ ရုရှားနိုင်ငံအတွက် ကီမိုနိုကို မီဒီယာတွေမှာ အများဆုံး ဖော်ပြထားတာ တွေ့ရပါတယ်။

 

kp 01

Kimono Project Tokyo 2020 2
ရုရှားနိုင်ငံရဲ့ အထင်ကရတွေဖြစ်တဲ့ စပွတ်နစ်ဂြိုဟ်တု၊ ဆိုက်ဘေးရီးယား တောအုပ်၊ ရုရှား ဒဏ္ဍာရီတွေထဲမှ သူရဲကောင်း စတာတွေကို အဲဒီကီမိုနိုမှာ ဖော်ပြပေးထားပါတယ်။

ကီမိုနိုမှာ မပါမဖြစ်တဲ့ ရင်စည်း obi ကို ကျိုတိုမြို့မှ လက်မှုပညာရှင်တွေက ဖန်တီးပေးထားပါတယ်။ ယန်း ၂ သန်း (ကန်ဒေါ်လာ ၁၉,၀၀၀) ကုန်ကျတယ်လို့ ဆိုပါတယ်။

Kimono Russian Embassy April 2018

မြန်မာနိုင်ငံအတွက် ကီမိုနိုက စီမံကိန်းနံပါတ် (၂၇) ဖြစ်ပါတယ်။ ဒီဇိုင်းမှာ အရင်ဆုံးသတိပြုမိစေတာက တစ်နှစ်မှာမှ တစ်ကြိမ်သာ ပွင့်ပြီး ပွင့်တဲ့အချိန်က နှစ်ကူးကာလဖြစ်တာမို့ တစ်မူထူးတဲ့အပြင် မွှေးကြိုင်သင်းပျံ့တဲ့ ပန်းပိတောက်ကို သရုပ်ဖော်ထားတာ တွေ့ရပါတယ်။ ပိတောက်ပန်းတွေကို အရွက်တွေ ၀န်းရံပြီး ဓားလွယ်ခုတ်အနေအထားဖြင့် ခင်းကျင်းထားတယ်။

ရေပြင်ညီမျဉ်းတွေနဲ့ အားဖြည့်ထားတာမှာ ဗမာရိုးရာ ချိတ်အတွန့်တွေ ထည့်ပေးထားတာ တွေ့ရပါတယ်။
ရင်စည်း obi ကိုတော့ စက်ဝိုင်းကြီး သုံးဝိုင်းဖြင့် အလှဆင်သရုပ်ဖော်ပေးထားပါတယ်။ နောက်ကျောဘက်အနီးကပ်ပုံကို ဖော်ပြပေးထားပါတယ်။

myan kimono

kimono

kimono 2

 

myan lady

myan obobmyan lady back

 

Read 1632 times
Rate this item
(0 votes)