What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဆင့္ျမႇင့္နည္း ၃ မ်ဳိး

(Zawgyi+Unicode)
ဗီယက္နမ္ႏုိင္ငံ၏ အထည္အလိပ္ႏွင့္ အထည္ခ်ဳပ္က႑တြင္ ဖြံ႕ၿဖိဳးေရး မဟာဗ်ဴဟာအရ နည္းပညာအသစ္မ်ား

ျဖည့္တင္းသုံးစြဲေစၿပီး ေခတ္မမီေတာ့သည့္ အထည္အလိပ္စက္႐ုံမ်ားကုိ ပိတ္သိမ္းခုိင္းသည္။ ကမ႓ာ့တန္ဖုိးကြင္းဆက္မ်ား global value chain ၏ လုိအပ္ခ်က္မ်ားကုိ ျပည့္မီေသာ အဆင့္အတန္းျဖစ္ေစရန္ ယခုလုိ တုိးတက္ေကာင္းမြန္ေအာင္ ေဆာင္ရြက္ျခင္းျဖစ္သည္။ စက္ကိရိယာမ်ား တပ္ဆင္သုံးစြဲျခင္း၊ ေခတ္မမီေတာ့သည့္ စက္႐ုံမ်ား ပိတ္သိမ္းျခင္းတုိ႔ေၾကာင့္ ကုန္ထုတ္စြမ္းအား တုိးတက္ေကာင္းမြန္သြားသည္။
ဥပမာအားျဖင့္ Nam Dinh Textile & Garment JSC သည္ အႀကီးစားမြမ္းမံျပင္ဆင္မႈကုိ ျပဳခဲ့ရာ လုပ္သားဦးေရကုိ ၁၈,၀၀၀ မွ ၄,၀၀၀ ဦးသုိ႔ ေလွ်ာ့ခ်ႏုိင္ခဲ့သည္။ ထုိသုိ႔ လုပ္သားဦးေရ ေလးဆခြဲ ေလ်ာ့နည္းေနေသာ္လည္း ထုတ္လုပ္ႏုိင္သည့္ ပမာဏသည္ ယခင္ကအတုိင္း အတူတူပင္ ျဖစ္သည္။
သုိ႔ေသာ္ ေျဖရွင္းေပးစရာမ်ား အမ်ားအျပား က်န္ရွိေနဆဲျဖစ္သည္ကုိ ဆက္လက္လုပ္ေဆာင္သြားရဦးမည္ ျဖစ္သည္။
အထည္အလိပ္ႏွင့္ အထည္ခ်ဳပ္ လုပ္ငန္းက႑ အဆင့္ျမႇင့္တင္ရန္ ေလးႏွစ္စီမံကိန္း ၂၀၁၆-၂၀ ကုိ အစုိးရထံ တင္ျပၿပီး ယခုလုိ ေဆာင္ရြက္ေနျခင္း ျဖစ္သည္။
Vietnam Textile & Apparel Association (Vinatas) မွ တြဲဖက္ဥကၠ႒ျဖစ္သူ Le Tien Truong က ၎ အစီအစဥ္တြင္ ေဖာ္ျပထားသည့္ ကိန္းဂဏန္းအခ်ဳိ႕သည္ လြဲမွားေနေၾကာင္း ေထာက္ျပခဲ့သည္။ ဥပမာအားျဖင့္ စီမံကိန္းတြင္ ေဖာ္ျပထားရာ၌ လုပ္သားတစ္ဦး ထုတ္လုပ္မႈသည္ တစ္ႏွစ္လွ်င္ ဗီယက္နမ္သုံးေငြ ေဒါင္(VND) သန္း ၃၀ မွ ၄၀ အထိ ရွိသည္ဟု ဆုိထားျခင္းသည္ တကယ္လက္ေတြ႕တန္ဖုိးထက္ ေလ်ာ့နည္းေနသည္ဟု ၎က ဆုိသည္။
ဗီယက္နမ္သည္ အထည္အလိပ္ႏွင့္ ခ်ုဳပ္ထည္ ျပည္ပတင္ပုိ႔မႈသည္ ၿပီးခဲ့သည့္ ၂၀၁၆ ခုႏွစ္၌ ကန္ေဒၚလာ ၂၈ ဘီလ်ံဖုိး ရွိခဲ့ၿပီး အထည္ခ်ဳပ္လုပ္ငန္းအတြက္ တင္သြင္းရသည့္ ပစၥည္းမ်ား တန္ဖုိးသည္ ၎ႏွစ္၌ ကန္ေဒၚလာ ၁၇ ဘီလ်ံဖုိး ရွိသည္။ သုိ႔ျဖစ္ရာ ႏုိင္ငံသုံ း ေငြေၾကးျဖင့္ တြက္ခ်က္ပါက လုပ္သားတစ္ဦးအတြက္ တစ္ႏွစ္တာ ထုတ္လုပ္မႈတန္ဖုိးသည္ VND သန္း ၁၄၀ ျဖစ္မည္ဟု ၎က တြက္ခ်က္ျပသည္။

Truong က အထည္အလိပ္ႏွင့္ အထည္ခ်ဳပ္လုပ္ငန္းက႑ တုိးတက္ေကာင္းမြန္ေစဖုိ႔ လုပ္ကုိင္ရန္ နည္းလမ္း သုံးသြယ္ရွိေၾကာင္း သုံးသပ္တင္ျပသည္။
● ကုန္ထုတ္စြမ္းအား ျမင့္မားသည့္ စက္မ်ား သုံးစြဲၿပီး
လုပ္သားဦးေရ အနည္းငယ္ျဖင့္ ထုတ္လုပ္ျခင္း
● အ႐ႈံးျပေနေသာ စက္႐ုံမ်ားကုိ ပိတ္သိမ္းပစ္ျခင္း၊ လွ်ပ္စစ္စြမ္းအင္ သုံးစြဲမႈ
ျမင့္မားသည့္ စက္႐ုံမ်ားကုိလည္း ပိတ္သိမ္းပစ္ျခင္း
● ထုတ္ကုန္ကုိ တန္ဖုိးျဖည့္ထည့္ျခင္း ျမင့္မားစြာ ပါ၀င္သည့္ ထုတ္ကုန္မ်ား
ေရြးခ်ယ္လုပ္ကုိင္ျခင္း

cut and sew garment
အထည္ခ်ဳပ္က႑တြင္ ျဖစ္ေပၚေနသည့္ အားနည္းခ်က္မွာ ၾကယ္သီး၊ အထည္စ၊ အပ္ခ်ည္ အစရွိသည့္ ျဖည့္သြင္းသည့္ ပစၥည္းမ်ားကုိ ဗီယက္နမ္ႏုိင္ငံ ျပည္တြင္းမွာ လုံလုံေလာက္ေလာက္ မရရွိျခင္းျဖစ္သည္။ ဗီယက္နမ္ရွိ ကုန္ထုတ္လုပ္ငန္းမ်ားတြင္ အဆုိပါ ျဖည့္သြင္းပစၥည္းမ်ား ထုတ္လုပ္ႏုိင္သည့္ လုပ္ငန္းမ်ား ရွိေနၿပီး ေဈးႏႈန္းမွာလည္း တ႐ုတ္ႏုိင္ငံမွ တင္သြင္းေသာ ပစၥည္းမ်ား၏ ေဈးႏႈန္းကုိ ယွဥ္ႏုိင္ၾကေသာ္လည္း လုံလုံေလာက္ေလာက္ အခ်ိန္မီ ထုတ္ေပးႏုိင္ျခင္း မရွိသျဖင့္ မေသမခ်ာ ျဖစ္ေနေစသည္။ သုိ႔ျဖစ္ရာ ျဖည့္သြင္းပစၥည္းမ်ားကုိ တ႐ုတ္ႏုိင္ငံမွ လြယ္လြယ္ကူကူျဖင့္ တင္သြင္းလုိက္သည္က စိတ္ခ်ရသည့္အေနအထားတြင္ ရွိေနသည္။ တ႐ုတ္ႏုိင္ငံသည္ အႀကီးအက်ယ္ အေျမာက္အျမား ထုတ္လုပ္ျခင္း ျဖစ္သျဖင့္ လုိသည့္အခ်ိန္တြင္ လုိသေလာက္ကုိ ရရွိသည္။ ဗီယက္နမ္ႏုိင္ငံရွိ လုပ္ငန္းမ်ားမွာ စုပုံထားႏုိင္ေလာက္ေအာင္ ေငြေၾကးအင္အား မရိွၾကသျဖင့္ ေဈးကြက္ လုိအပ္ခ်က္အရသာ ထုတ္လုပ္ၾကသည္။

ဗီယက္နမ္သည္ ယခုဘ႑ာေရးႏွစ္ ပထမ သုံးလပတ္တြင္ ခ်ဳပ္ထည္ႏွင့္ အထည္အလိပ္ ျပည္ပတင္ပုိ႔ျခင္းမွာ ၀င္ေငြ ကန္ေဒၚလာ ၆. ၈၄ ဘီလ်ံ ရရွိထားၿပီး ၿပီးခဲ့သည့္ႏွစ္ ပထမသုံးလပတ္ထက္ ၁၁.၂ ရာခုိင္ႏႈန္း ပုိမ်ားသည္။

ရင္းျမစ္။ Vinatas

Unicode
ဗီယက်နမ်နိုင်ငံ၏ အထည်အလိပ်နှင့် အထည်ချုပ်ကဏ္ဍတွင် ဖွံ့ဖြိုးရေး မဟာဗျူဟာအရ နည်းပညာအသစ်များ ဖြည့်တင်းသုံးစွဲစပြေီး ခေတ်မမီတော့သည့် အထည်အလိပ်စက်ရုံများကို ပိတ်သိမ်းခိုင်းသည်။ ကမ္ဘာ့တန်ဖိုးကွင်းဆက်များ global value chain၏ လိုအပ်ချက်များကို ပြည့်မီသော အဆင့်အတန်းဖြစ်စေရန် ယခုလို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်းဖြစ်သည်။ စက်ကိရိယာများ တပ်ဆင်သုံးစွဲခြင်း၊ ခေတ်မမီတော့သည့် စက်ရုံများ ပိတ်သိမ်းခြင်းတို့ကြောင့် ကုန်ထုတ်စွမ်းအား တိုးတက်ကောင်းမွန်သွားသည်။
ဥပမာအားဖြင့် Nam Dinh Textile & Garment JSC သည် အကြီးစားမွမ်းမံပြင်ဆင်မှုကို ပြုခဲ့ရာ လုပ်သားဦးရေကို ၁၈,ဝဝဝ မှ ၄,ဝဝဝ ဦးသို့ လျှော့ချနိုင်ခဲ့သည်။ ထိုသို့ လုပ်သားဦးရေ လေးဆခွဲ လျော့နည်းနေသော်လည်း ထုတ်လုပ်နိုင်သည့် ပမာဏသည် ယခင်ကအတိုင်း အတူတူပင် ဖြစ်သည်။
သို့သော် ဖြေရှင်းပေးစရာများ အများအပြား ကျန်ရှိနေဆဲဖြစ်သည်ကို ဆက်လက်လုပ်ဆောင်သွားရဦးမည် ဖြစ်သည်။
အထည်အလိပ်နှင့် အထည်ချုပ် လုပ်ငန်းကဏ္ဍ အဆင့်မြှင့်တင်ရန် လေးနှစ်စီမံကိန်း ၂၀၁၆-၂၀ ကို အစိုးရထံ တင်ပြပြီး ယခုလို ဆောင်ရွက်နခြေင်း ဖြစ်သည်။
Vietnam Textile & Apparel Association (Vinatas) မှ တွဲဖက်ဥက္ကဋ္ဌဖြစ်သူ Le Tien Truong က၎င်း အစီအစဉ်တွင် ဖော်ပြထားသည့် ကိန်းဂဏန်းအချို့သည် လွဲမှားနေကြောင်း ထောက်ပြခဲ့သည်။ ဥပမာအားဖြင့် စီမံကိန်းတွင် ဖော်ပြထားရာ၌ လုပ်သားတစ်ဦး ထုတ်လုပ်မှုသည် တစ်နှစ်လျှင် ဗီယက်နမ်သုံးငွေ ဒေါင်(VND) သန်း ၃၀ မှ ၄၀ အထိ ရှိသည်ဟု ဆိုထားခြင်းသည် တကယ်လက်တွေ့တန်ဖိုးထက် လျော့နည်းနေသည်ဟု၎င်းက ဆိုသည်။
ဗီယက်နမ်သည် အထည်အလိပ်နှင့် ချုပ်ထည် ပြည်ပတင်ပို့မှုသည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၌ ကန်ဒေါ်လာ ၂၈ ဘီလျံဖိုး ရှိခဲ့ပြီး အထည်ချုပ်လုပ်ငန်းအတွက် တင်သွင်းရသည့် ပစ္စည်းများ တန်ဖိုးသည်၎င်းနှစ်၌ ကန်ဒေါ်လာ ၁၇ ဘီလျံဖိုး ရှိသည်။ သို့ဖြစ်ရာ နိုင်ငံသုံး ငွေကြေးဖြင့် တွက်ချက်ပါက လုပ်သားတစ်ဦးအတွက် တစ်နှစ်တာ ထုတ်လုပ်မှုတန်ဖိုးသည် VND သန်း ၁၄၀ ဖြစ်မည်ဟု၎င်းက တွက်ချက်ပြသည်။

Truong က အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းကဏ္ဍ တိုးတက်ကောင်းမွန်စေဖို့ လုပ်ကိုင်ရန် နည်းလမ်း သုံးသွယ်ရှိကြောင်း သုံးသပ်တင်ပြသည်။
● ကုန်ထုတ်စွမ်းအား မြင့်မားသည့် စက်များ သုံးစွဲပြီး
လုပ်သားဦးရေ အနည်းငယ်ဖြင့် ထုတ်လုပ်ခြင်း
● အရှုံးပြနေသော စက်ရုံများကို ပိတ်သိမ်းပစ်ခြင်း၊ လျှပ်စစ်စွမ်းအင် သုံးစွဲမှု
မြင့်မားသည့် စက်ရုံများကိုလည်း ပိတ်သိမ်းပစ်ခြင်း
● ထုတ်ကုန်ကို တန်ဖိုးဖြည့်ထည့်ခြင်း မြင့်မားစွာ ပါဝင်သည့် ထုတ်ကုန်များ
ရွေးချယ်လုပ်ကိုင်ခြင်း


အထည်ချုပ်ကဏ္ဍတွင် ဖြစ်ပေါ်နေသည့် အားနည်းချက်မှာ ကြယ်သီး၊ အထည်စ၊ အပ်ချည် အစရှိသည့် ဖြည့်သွင်းသည့် ပစ္စည်းများကို ဗီယက်နမ်နိုင်ငံ ပြည်တွင်းမှာ လုံလုံလောက်လောက် မရရှိခြင်းဖြစ်သည်။ ဗီယက်နမ်ရှိ ကုန်ထုတ်လုပ်ငန်းများတွင် အဆိုပါ ဖြည့်သွင်းပစ္စည်းများ ထုတ်လုပ်နိုင်သည့် လုပ်ငန်းများ ရှိနပြေီး ဈေးနှုန်းမှာလည်း တရုတ်နိုင်ငံမှ တင်သွင်းသော ပစ္စည်းများ၏ ဈေးနှုန်းကို ယှဉ်နိုင်ကြသော်လည်း လုံလုံလောက်လောက် အချိန်မီ ထုတ်ပေးနိုင်ခြင်း မရှိသဖြင့် မသေမချာ ဖြစ်နေစေသည်။ သို့ဖြစ်ရာ ဖြည့်သွင်းပစ္စည်းများကို တရုတ်နိုင်ငံမှ လွယ်လွယ်ကူကူဖြင့် တင်သွင်းလိုက်သည်က စိတ်ချရသည့်အနေအထားတွင် ရှိနေသည်။ တရုတ်နိုင်ငံသည် အကြီးအကျယ် အမြောက်အမြား ထုတ်လုပ်ခြင်း ဖြစ်သဖြင့် လိုသည့်အချိန်တွင် လိုသလောက်ကို ရရှိသည်။ ဗီယက်နမ်နိုင်ငံရှိ လုပ်ငန်းများမှာ စုပုံထားနိုင်လောက်အောင် ငွေကြေးအင်အား မရှိကြသဖြင့် ဈေးကွက် လိုအပ်ချက်အရသာ ထုတ်လုပ်ကြသည်။

ဗီယက်နမ်သည် ယခုဘဏ္ဍာရေးနှစ် ပထမ သုံးလပတ်တွင် ချုပ်ထည်နှင့် အထည်အလိပ် ပြည်ပတင်ပို့ခြင်းမှာ ဝင်ငွေ ကန်ဒေါ်လာ ၆. ၈၄ ဘီလျံ ရရှိထားပြီး ပြီးခဲ့သည့်နှစ် ပထမသုံးလပတ်ထက် ၁၁.၂ ရာခိုင်နှုန်း ပိုများသည်။

ရင်းမြစ်။ Vinatas

Read 992 times
Rate this item
(0 votes)