What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ထိုင်ဝမ်မှ ပင်မင်းဆိုင် ပိုင်ရှင် အသက် ၈၀ကျော် အဖိုးအဖွား စုံတွဲရဲ့ ခေတ်ဟောင်းဖက်ရှင် အလန်းစား ကြော်ငြာပုံရိပ်များ

ထိုင်ဝမ်မှ ပင်မင်းဆိုင် ပိုင်ရှင် အသက် ၈၀ကျော် အဖိုးအဖွား စုံတွဲရဲ့ ခေတ်ဟောင်းဖက်ရှင် အလန်းစား ကြော်ငြာပုံရိပ်များ 9gag.com

ထိုင်ဝမ်မှ ၈၃ နှစ်အရွယ် Wan Ji နှင့် ၈၄ နှစ်အရွယ် Siou E တို့သည် WANT SHOW as young ဆိုတဲ့ ပင်မင်းဆိုင် တစ်ခု ဖွင့်လှစ်ထားပါတယ်။

 

တစ်ရက်မှာတော့ သူတို့ရဲ့ မြေးဖြစ်သူများက ခေတ်ဟောင်းဖက်ရှင်အဝတ်အစားများ ဝတ်ဆင်ပေးပြီး ဓာတ်ပုံ ရိုက်ကူးပေးခဲ့ပါတယ်။

 

ထို့နောက် WANT SHOW as young ဆိုင်ရဲ့ Instagram page ကနေ သူတို့စုံတွဲရဲ့ဓာတ်ပုံတွေ တင်ကာ ကြော်ငြာခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ သူတို့စုံတွဲရဲ့ ဓာတ်ပုံတွေဟာ Instagram မှာ ရေပန်းစားပြီး လူသိများခဲ့ပါတယ်။

 

အဖိုး Wan Ji က ဒီစိတ်ကူးကို အစကတည်းက သဘောတူခဲ့ပေမယ့် အဖွား Siou E ကတော့ ဓာတ်ပုံရိုက်ရန် ငြင်းဆန်ခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူမကိုယ် သူမ ရုပ်ဆိုးတယ်ဆိုပြီး ခံစားမိလို့ပါ။ နောက်ဆုံးမှာ သူတို့မြေးတွေရဲ့ တိုက်တွန်းအားပေးမှုကြောင့် သူမလည်း သဘောတူ လက်ခံလိုက်ပါတယ်။

 

သူတို့ဆိုင်မှာ ရောင်းချမယ့် ပစ္စည်းအဟောင်း(စွန့်ပစ်ပစ္စည်းများ)က ၃၀၀ ခန့်ရှိပါတယ်။ အဲဒီထဲကမှ အများစုက ၁၀နှစ်ကျော် မသုံးဘဲ ထားထားတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ အဖိုး Wan Ji က သူ၏လက်ရာများကို ပြသဖို့အတွက် ပြီးပြည့်စုံတဲ့ ရှပ်အင်္ကျီကို ဝတ်ဆင်ထားပါတယ်။ အဖွား Siou E ကတော့ ပစ္စည်းအများစုက သူမရဲ့ အဝတ်ဗီရိုထဲက ဖြစ်ပြီး ငယ်စဉ်ကတည်းက ဖက်ရှင် ကြိုက်နှစ်သက်သူလည်း ဖြစ်ပါတယ်။

 

သူတို့စုံတွဲဟာ IG ဆိုတာ ဘာကို ဆိုလိုလဲ မသိကြပေမယ့် IG မှာ သူတို့စုံတွဲရဲ့ ဓာတ်ပုံများမှ တဆင့် laundry နဲ့ပတ်သက်တဲ့ tips and tricks လေးတွေ လည်း မျှဝေပေးခဲ့ပါတယ်။

 

By Myanmar Textile & Garment Guide

Ref: 9gag.com

Read 954 times
Rate this item
(0 votes)