What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အွန်လိုင်းသင်တန်းများ ဆက်တိုက်ပြုလုပ်မည့် LIM College နှင့် MOTIF ဖက်ရှင်လုပ်ငန်း

“ အထက်တန်းကျောင်းက ဘယ်တော့မှမဆုံးနိုင်ဘူး” ဟု ဆိုခဲ့သည့် LIMM ကောလိပ်သည် Midtown Manhattan အခြေစိုက် ပုဂ္ဂလိကကောလိပ်ဖြစ်ပြီး အွန်လိုင်းသင်ပြပို့ချခြင်းအတွက် ဖက်ရှင်လုပ်ငန်းနယ်ပယ်မှ အွန်လိုင်းဖက်ရှင်ပညာ သင်ကြားမှုပလက်ဖောင်းး MOTIF နှင့် အတူလက်တွဲပြီး တစ်သက်တာ သင်ယူသူများနှင့် သက်မွေပညာရှင် ဖြစ်လိုသူများအတွက် သင်ရိုးများ စီစဉ်ထားသည်။

MOTIF ၏ အမှုဆောင်အရာရှိချုပ် ကက်သရင်းကိုးလ်သည် LIM ကောလိပ်နှင့် ပူးတွဲလုပ်ဆောင်မှုများမှ တိုးတက်ဖြစ်ပေါ်မှုများနှင့် ရှေ့ဆက်မည့် ပညာရေးအပေါ် ကိုဗစ်ရောဂါ မည်သို့ သက်ရောက်မှု ရှိမည်ကို WWD နှင့် ဆွေးနွေးခဲ့ကြသည်။

WWD: LIM College နှင့် MOTIF အကြားမိတ်ဖက်ပြုမှုကို အဘယ်အရာက စတင်ခဲ့သနည်း။

Catherine Cole : MOTIF နဲ့နယူးယောက်စီးတီးရှိ LIM ကောလိပ်တို့က အွန်လိုင်းမှာ ဖက်ရှင်လုပ်ငန်းဆိုင်ရာသင်တန်းများ ဆက်တိုက်ဖွင့်လှစ်ဖို့ ပူးပေါင်းထားသည်။ အဆိုပါ ပူးပေါင်းမှုသည် အဝတ်အထည်နှင့် လက်လီကော်ပိုရိတ်လေ့ကျင့်ရေး အစီအစဉ်များအပါအဝင် ကမ္ဘာအနှံ့အပြားမှကျွမ်းကျင်ပညာရှင်များထံ LIM ပညာပေးသင်ကြားမှုးများ ပို့ဆောင်ပေးမည်ဖြစ်သည်။

MOTIF တွင် သီးသန့်စတင်ခဲ့သော LIM College ၏ ပထမသင်တန်းသုံးခုသည် ထောက်ပံ့ရေးကွင်းဆက်၊ ရေရှည်တည်တံ့ခိုင်မြဲမှု နှင့်အဆင့်မြင့် စာရင်းဇယားဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်းများ ပါဝင်သည်။ MOTIF ပလက်ဖောင်းသည် LIM ကို အဝတ်အထည်နှင့် လက်လီကော်ပိုရိတ်သင်တန်း အစီအစဉ်များ အပါအဝင်ကမ္ဘာအနှံ့အပြားမှ ပညာရှင်ပရိသတ်များထံ ၎င်းတို့၏ပညာရေးဆိုင်ရာအကြောင်းအရာများကို ဆောင်ကျဉ်းပေးနိုင်စေပါသည်။

သင်တန်းများသည် ရက်သတ္တပတ်လေးပတ်မှ ခြောက်ပတ်အထိ (တစ်ရက်လျှင် ၁နာရီခွဲ မှ ၂ နာရီအတွင်း) ကြာမြင့်ပြီး သင်တန်းကြေးများမှာ ဒေါ်လာ ၂၉၀ မှ ၅၂၅ ကြားအထိရှိသည်။ သင်ကြားပို့ချမှုအားလုံးအား သင်တန်းသားများသည် မိမိတက်လိုသည့်အချိန်မှ စတင်တက်ရောက်နိုင်ပြီး မိမိသင်တန်းဆင်းလိုသည့်အချိန်တွင်သင်တန်းဆင်းနိုင်သည်။

WWD: နှိုင်းယှဉ်ထားသောအွန်လိုင်းအစီအစဉ်များအကြား သင်တန်းများဘယ်လိုခွဲခြားသနည်း။ အဘယ်ကြောင့် ထောက်ပံ့ရေးကွင်းဆက်၊ ရေရှည်တည်တံ့နိုင်မှုနှင့် အဆင့်မြင့်စာရင်းဇယား ခွဲခြမ်းစိတ်ဖြာမှု အပေါ်အထူးအာရုံစိုက်သလဲ။

CC: LIM ကောလိပ်သည် ၁၉၃၉ ခုနှစ်မှစ၍ ဖက်ရှင်၏ အနာဂတ်စီးပွားရေးခေါင်းဆောင်များအား ပညာပေးရေးတွင် ရှေ့တန်းမှ ဦး ဆောင်ခဲ့သည်။ ပညာရေးဆိုင်ရာ လေ့လာမှုနှင့် လုပ်ငန်းခွင်တွင် ၎င်း၏လျှောက်လွှာများအကြား ထူးခြားသော ဆက်နွယ်မှုကိုမြှင့်တင်ခဲ့သည်။ MOTIF ကိုစတင်ရန် ရွေးချယ်ခဲ့သော သင်တန်း ၃ ခုသည် ဒီဇိုင်းရေးဆွဲသူများမှ ကုန်ပစ္စည်းထုတ်လုပ်သူကုန်သည်များအထိ - MOTIF ပရိသတ်၏ လက်ရှိတောင်းဆိုမှုများအပေါ် အခြေခံ၍ ရွေးချယ်ခဲ့သည်။

လွန်ခဲ့သော ရှစ်လမှ ၁၂ လအတွင်း တောင်းဆိုမှု မြင့်မားသော ခေါင်းစဉ်များမှာ မဟာဗျူဟာရှာဖွေခြင်း၊ ထောက်ပံ့ရေးကွင်းဆက်များနှင့် ရေရှည်တည်တံ့မှုအတွက် လေးလေးနက်နက် ရှိကြခြင်းများဖြစ်သည်။ LIM College မှ ထိုသင်တန်း ၃ ခုသည် အစမျှသာဖြစ်၍ ဈေးကွက်နှင့် သက်ဆိုင်သော အကြောင်းအရာများကိုလည်း လျင်မြန်စွာသင်ကြားပေးလိမ့်မည်။

WWD: MOTIF ၏ e-learning ပလက်ဖောင်းမှ မည်သို့ထူးခြားသော အင်္ဂါရပ်များကိုကမ်းလှမ်းထားသနည်း။ ထိုအင်္ဂါရပ်များသည် LIM ကောလိပ်ကျောင်းသားများ၏ အတွေ့အကြုံကိုမည်သို့တိုးတက်စေသနည်း။

Catherine Cole

CC: MOTIF သည် သင်ရိုးညွှန်းတမ်း သို့မဟုတ် လက်မှတ်ပရိုဂရမ်ပိုင်ရှင်ကိုမဆို ထိုသူတို့၏ပစ္စည်းများကို ၁၀၀ ရာခိုင်နှုန်းသော virtual ပတ်ဝန်းကျင်သို့ လွှဲပြောင်းရန် ထောက်ကူပေးသည်။ ထို့နောက် ဈေးကွက် သို့မဟုတ် MOTIF ပလက်ဖောင်းမှတစ်ဆင့်ပစ်မှတ်ထားသော ပရိသတ်သို့ဖြန့်ဝေပေးသည်။ သင်တန်းပို့ချသူများ၊ တက္ကသိုလ်များနှင့် ကုမ္ပဏီများအနေဖြင့် ကိုယ်တိုင်ထုတ်လုပ်ရန်အတွက် ပလက်ဖောင်း၏ အင်္ဂါရပ်များကို တည်ဆောက်ထားသည်။

WWD: Coronavirus ကူးစက်ရောဂါသည် သင်တန်းများကို အကျိုးသက်ရောက်သလား။ အနာဂတ်၌ လူတစ်ဦးချင်းသင်ကြားရန် ဖြစ်နိုင်ခြေရှိပါသလား။

CC: Coronavirus ကူးစက်ရောဂါသည် သင်ယူမှုပုံစံအသစ်များကို ကြိုးစားပမ်းစားရှာဖွေခြင်းအားဖြင့် အသိပညာနှင့် လက်ခံမှုကို အရှိန်မြှင့်တင်ပေးသည်။ အနာဂတ်တွင် ကျွန်ုပ်တို့မြင်တွေ့ရန် မျှော်လင့်ထားသော အရာမှာ ပိုမိုရောနှောနေသော သင်ကြားမှုပုံစံများကို တောင်းဆိုမှုများ မြင့်တက်ခြင်းဖြစ်သည်။ COVID-19 ကိုထိန်းချုပ်ထားချိန်တွင်လည်း ဆက်လက်၍ အမြဲတမ်းအရေးကြီးသော အရာများဖြစ်လာမည့် အလားအလာများ ရှိသည်။ သို့သော် virtual setting တွင်သင်ယူခြင်း ပိုမိုသက်သာလာမည်။

အနာဂတ်တွင် စဉ်ဆက်မပြတ် သင်ယူခြင်းသည် တိုတောင်းသောအချိန်နှင့် အရွယ်အစားရှိသော၊ အာရုံစိုက်နိုင်သည့် စွမ်းရည်နှင့် ကျွမ်းကျင်မှုများဖြင့် တိုက်ရိုက်ဆက်နွယ်ထားသော အွန်လိုင်းသင်ယူမှု ပုံစံများဖြစ်မည်။

ယခုအခါတွင် အွန်လိုင်းတွင် လူတိုင်းသည် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ရန်နှင့်ပို့ချရန် အားစိုက်နေကြပြီဖြစ်သဖြင့် ကမ်းလှမ်းချက်များစွာ ရှိနေသော်လည်း အသုံးပြုသူ အတွေ့အကြုံ အရည်အသွေးများစွာ ကွာခြားသည်။ အရည်အသွေးစံနှုန်းများကို တီထွင်ခြင်းနှင့် တီထွင်ဆန်းသစ်မှုတို့ကို အွန်လိုင်းသင်ကြားမှု အစီအစဉ်များတွင် စဉ်ဆက်မပြတ် ထည့်သွင်းရမည် ဖြစ်သည်။


WWD: MOTIF အတွက်ဘာတွေဆက်လုပ်မလဲ။

CC: မကြာသေးမီက MOTIF သည် 3-D Tech Festival နှင့် နားလည်သဘောပေါက်မှု နည်းပါးလွန်းသော digitization ကို နားလည်ရန် မဟာဗျူဟာမြောက် အရေးပါမှုကို အလေးပေးရန် Alvanon နှင့်ပူးပေါင်းခဲ့သည်။ ဒီအဖြစ်အပျက်ဟာ နိုင်ငံပေါင်း ၉၄ နိုင်ငံက လူပေါင်း ၅၀၀၀ ကျော် ပါဝင်သည့် အနုပညာရှင်များကို ဆွဲဆောင်နိုင်ခဲ့ပြီး ဖက်ရှင်က ဘာကြောင့် ဒီဂျစ်တယ်သွားရမယ် ဆိုသည်ကို ဘယ်လိုလုပ်ရမလဲဆိုတာ ရှင်းပြပေးသည့် နာမည်ကြီးသူ အယောက် ၆၀ ကို ဆွဲဆောင်နိုင်ခဲ့သည်။

Alvanon သည် သူတို့၏ ဝတ်စားဆင်ယင်ခြင်းနှင့် ဖက်ရှင်လုပ်ငန်းများ၏ ဒစ်ဂျစ်တယ်ခရီးရှည်တွင် အတူတကွ လုပ်ကိုင်ပေးလျေက် ရှိသည်။ ရှုပ်ထွေးသော နယ်ပယ်အတွင်း၌ မည်သည်က အလုပ်ဖြစ်သည်ကို သိဖို့ အရေးကြီးသည်။ ထို့အတွက် လုပ်ငန်းရှင်တို့ ရှင်သန်ရန်နှင့် ယခုမည်သို့လုပ်ဆောင်ရမည်ကို စစ်မှန်သောသိမြင်မှုများရှိထားသည်။

3-D Tech Festival ၏ ရည်ရွယ်ချက်မှာ ဒီဂျစ်တယ်နယ်ပယ်ထဲတွင် မည်သည့်နည်းဗျူဟာများကြောင့် နည်းပညာများ အောင်မြင်နေသည်ကို ထောက်လှမ်းမျှဝေရန်အတွက် ဖက်ရှင်လုပ်ငန်းနယ်ပယ်ကို စုစည်းရန်ဖြစ်သည်။

Ref: WWD

Read 643 times
Rate this item
(0 votes)