What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အရမ်းမိုက်တဲ့ ကာလာအရောင် တွဲဖက် ဖက်ရှင်များ

ဖက်ရှင်ကျတဲ့သူတစ်ယောက် ဖြစ်ဖို့ဆိုရင် ကိုယ်နဲ့ လိုက်ဖက်တဲ့ ပုံစံကို ရွေးချယ်တတ်ရသလို တွဲဖက် ဝတ်ဆင်တဲ့ ကာလာရွေးချယ်မှုလည်း မှန်ကန်ဖို့ လိုပါတယ်။ မလိုက်ဖက်တဲ့ အရောင်တွေကို တွဲပြီး ဝတ်ဆင်မိရင်တော့ ဘယ်လောက်ပဲ လှပတဲ့ ဝတ်စုံဖြစ်ဖြစ် အူကြောင်ကြောင်နဲ့ လှပစေမှာ မဟုတ်ပါဘူးနော်။

သင့်ကို တစ်မူထူးခြားပြီး အရမ်းကို ဖက်ရှင်ကျတဲ့သူတစ်ယောက်ဖြစ်စေဖို့ အမိုက်စား ကာလာတွဲစပ်မှုတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

 

အဝါနဲ့ အပြာ

လူတွေဟာ အဝါရောင်ကို တခြားအရောင်တွေနဲ့ တွဲဝတ်ဆင်တတ်ကြပေမယ့် အပြာရောင်နဲ့တော့ သိပ်ဝတ်ဆင်တာ မတွေ့ရပါဘူး။ တကယ်တော့ သစ်လွင်တဲ့ ဒီအရောင်နှစ်ရောင်ပေါင်းစပ်မှုက သင့်ကို နူးညံ့ပြီး တောက်ပတဲ့ သူအဖြစ် အသွင်ဆောင်စေပါတယ်။ နွေရာသီမှာ ခပ်မိုက်မိုက် လန်းချင်တဲ့သူတွေအတွက် အဝါနဲ့ အပြာကို တွဲဝတ်ဆင်သင့်ပါတယ်နော်။

 

အပြာနဲ့ အနီ

Do you think blue and red is a good combination or is old fashioned? - Quora

ခေတ်ရေစီးကြောင်းအရ ဖက်ရှင်ကျတဲ့ အရောင်အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ အပြာရောင်ကို ဘယ်တော့မှ မရိုးသွားတဲ့ အနီရောင်နဲ့ တွဲဝတ်လိုက်တဲ့အခါမှာတော့ သင့်ကို ဂုဏ်သရေရှိရှိ လှပနေစေမှာပါ။ ဒီအရောင်နှစ်ခုကို တွဲဝတ်ဆင်လိုက်တဲ့အခါ သင့်ကို အဆင့်အတန်းမြင့်မြင့်နဲ့ ဖက်ရှင်ကျတဲ့သူအဖြစ် မြင်ရစေမှာ ဖြစ်ပါတယ်။

 

အဝါနဲ့ ခရမ်း

 

2020 ရဲ့ အရောင်ဖြစ်တဲ့ အဝါရောင်ကို လာမယ့် 2021 အရောင်ဖြစ်လာမယ့် ခရမ်းရောင်နဲ့ တွဲဖက်မှုက တကယ့်ကို ခေတ်နောက်မကျပဲ ဖက်ရှင်ရေစီးကြောင်းပေါ် ဆွဲခေါ်သွားမှာ ဖြစ်ပါတယ်နော်။ ငယ်ရွယ်တဲ့ အလှကို ဖော်ဆောင်ပေးမယ့်် ဒီအရောင်နှစ်ရောင်ကို တွဲဝတ်ဆင်လိုက်တဲ့အခါ လူတိုင်းငေးမောသွားစေမှာပဲ ဖြစ်ပါတယ်။

 

အစိမ်းနဲ့ ခရမ်း

LILAC & GREEN // COLOR COMBINATIONS | Atlantic-Pacific | Colour  combinations fashion, Bright colored outfits, Bright color outfits summer

အစိမ်းရောင်နဲ့ ခရမ်းရောင်ကို တွဲဖက်ဝတ်ဆင်ဖို့ ဘယ်တုန်းကမှ စိတ်ကူးမိကြမယ် မထင်ပါဘူးနော်။ တကယ်တော့ ဒီကာလာနှစ်ခုက လိုက်ဖက်မှုရှိတဲ့ ကာလာတွေဖြစ်ပြီး အစိမ်းဖျော့ရောင်လေးကို ခရမ်းရင့်ရောင်လေးနဲ့ တွဲဝတ်ဆင်မှုက သင့်ကို အရမ်း ဖက်ရှင်ကျတဲ့ သူတစ်ယောက် ဖြစ်စေပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ အလှကို ပိုပေါ်လွင်စေတဲ့ အရောင်တွေဖြစ်လို့ တစ်ခါလောက် တွဲဝတ်ဆင်ကြည့်သင့်ပါတယ်နော်။

 

လိမ္မော်နဲ့ အပြာ

 

လိမ္မော်ရောင် တောက်တောက်လေးကို အပြာရောင်လေးနဲ့ တွဲစပ်လိုက်တဲ့အခါ ထူးခြားသစ်လွင်မှုကို ဖြစ်စေပါတယ်။ သီးသန့််ဝတ်ရင် အမြင်ရိုင်းတယ်ထင်ရတဲ့ လိမ္မော်ရောင်ကို အငြိမ်ရောင်လေးဖြစ်တဲ့ အပြာနဲ့ တွဲလိုက်တဲ့အခါ တစ်မျိုးလေးနဲ့ လှပစေပါတယ်။ မိန်းမဆန်သလိုလိုနဲ့ ရဲရင့်တဲ့ အသွင်အပြင်ကို ဆောင်စေပါတယ်။

 

By Myanmar Textile & Garment Guide
Source: AM

Read 1603 times
Rate this item
(0 votes)