What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုရိုနာရောဂါဖြစ်ပွားနေချိန်ကာလအတွင်းနာမည်ကြီး အဝတ်အစားတံဆိပ်များ အခြေအနေ

အခုချိန်ဟာ ကမ္ဘာ့ အနှံအပြား ကိုရိုနာရော ဖြစ်ပွားနေတဲ့ အချိန်ဖြစ်တာ မို့ ကမ္ဘာ့ စီးပွားရေး နယ်ပယ်ပိုင်း မှာ လည်း ခေတ္တ ရပ်နားထားတာတွေရှိပါတယ်။Brand တွေ အနေနဲ့ လည်း ကိုရိုနာ ကြောင့် ဖြစ်လာမည့် ထိခိုက်မှု့ တွေကို ရေရှည်တောင့်ခံရမှာပါပဲ။

 

တချို့ နာမည်ကြီး အမှတ်တံဆိပ်တွေဆို ကိုရိုနာရောဂါ ဖြစ်ပွား မှု့ နှင့် ကမ္ဘာ့ စီးပွားရေး ရာ ခေတ္တ ငြိမ်သက်မှု့ ကြောင့် ပျမ်းမျှ အားဖြင့် Brand တန်ဖိုး ၂၀ ရာခိုင်နှုန်းနီးနီး စီးပွားရေးရာမှာ ထိခိုက်မှု့ ရှိတယ်သိရပါတယ်။

 

အဝတ်အထည် လုပ်ငန်းစုတွေထဲ မှာဆို Nike က အတော်လေး ကာမိနေပြီး Brand တန်ဖိုး ၇ ရာခိုင်နှုန်းတက်လာတယ် သိရပါတယ်။ ကြည့်ရတာ Gen Z တွေရဲ့ တိမ်းညွှတ်မှု့ ကြောင့် ထင်ရပါတယ်။

 

Levi ကတော့ အတော်လေး ကို အဆင်ချောနေတဲ့ လက္ခဏာပါပဲ ၃၈ ရာခိုင်နှုန်းကျော် ရှိတယ်သိရပါတယ်။

 

Rolex ကတော့ ကမ္ဘာ့ အတောင့်တင်းဆုံး Brand တစ်ခုပါပဲ ဒီတော့ အေးဆေးလေး တောင့်ခံ့ဖြတ်ကျော်နိုင်ပါလိမ့်မယ်။

 

ယခုကာလ အတွင်း အရေးပါသော အဝတ်အထည် Brand များ အခြေ အနေကို တင်ပြရရင် -

 

၁ . Nike

 

Nike ကတော့ အမေရိကန်ရဲ့ လုပ်ငန်းစုပါ။သူ့ရဲ့ ပုံစံ , ထုတ်လုပ်မှု့ , စံချိန်စံနှုန်း , ကမ္ဘာ့ အနှံ ဈေးကွက်မြင့်တင်ရေး . အရောင်း , ဝန်ဆောင်မှု့ စတဲ့ နေရာ တွေမှာ Just Do It ဆိုတဲ့

ဆောင်ပုဒ်နဲ့ အညီ အတော်လေး ခြေလှမ်းသွက်ပါတယ်။Nike ရဲ့ Air Max တွေကလည်း လူငယ်တွေကြား ရေပန်းစားနေပြီးသားမို့ Brand တန်ဖိုး ၇ ရာခိုင်နှုန်းတက်လာတာ လက်ခံရမှာပါ။

 

၂ . Gucci

 

Gucci ကတော့ အီတလီ နိုင်ငံရဲ့ နာမည်ကြီးအမှတ်တံဆိပ်တစ်ခုပါ။ဖက်ရှင် ပိုင်းကို အဓိက ထား ဆန်းသစ်ကာ အဝတ်အထည် ထုတ်လုပ်ပြီး လယ်သာ အသုံးအဆောင်မပစ္စည်းများကို လည်း ထုတ်လုပ်ပါတယ်

၎င်း Brand ဟာ ၁၉၂၁ ထဲက တည်ထောင်ထားတဲ့ လုပ်ငန်းစုဖြစ်ပြီး တန်ဖိုး ၂၀ ရာခိုင်နှုန်းကျော်တက်လာတာ အံသြစရာမရှိပါဘူး။

 

၃ . Adidas

 

Adidas ကတော့ ဂျာမဏီက လုပ်ငန်းစုဖြစ်ပြီး Nike နဲ့direct competitor လုပ်ငန်းစုပါ သို့ပေမဲ့ Nike လိုတော့ ပန်းပန်လျက်ရှိမနေနိုင်ပါဘူး တန်ဖိုး ၁၁ ရာခိုင်နှုန်း နီးနီး ကျလာတာတွေ့ရပါတယ်။

 

၄ . Louis Vuitton

Louis Vuitton ကတော့ LV ဆိုပြီး သင်တို့ သိထားကြတဲ့ Brand ရဲ့ အရှည်ကောက်နာမည်ပါ။LV ကတော့ ပြင်သစ် လုပ်ငန်းစုဖြစ်ပြီး ၁၈၅၄ မှာ စတင်တည်ထောင်ခဲ့တာပါ

အခုချိန်ထိ နာမည်ကို ထိမ်းထားနိုင်တယ်သိရပါတယ် တန်ဖိုး ၂၀ ရာခိုင်နှုန်းကျော်တက်လာ တွေ့ရပါတယ်။

 


၅ . Cartier

 

Cartier ဟာပြင်သစ် Luxuary လုပ်ငန်းတစ်ခုပါပဲ မိသားစု လက်ငုတ်လက်ရင်းလုပ်ငန်းစုဖြစ်ပြီး ၁၈၄၇ ထဲက ထို Brand ကို အစကောင်းခဲ့တာပါ ဒါ့ကြောင့် ယခုအချိန်မှာ တန်ဖိုး ၁၀ ရာခိုင်နှုန်းတက်လာတာတွေ့ရပါတယ်။

 

၆ . Zara

 

Zara ကတော့ စပိန်နိုင်ငံ ရဲ့ Brand တစ်ခုဖြစ်ပြီး Fashion ရေးရာမှာ အဝတ်အထည် အသုံးအဆောင်များ ဖြန့်ချီတဲ့ အကြီးစားလုပ်ငန်းစုပါ ယခုအခါမှာတော့ တန်ဖိုး ၁၄ ရာခိုင်နှုန်း ကျော် ကျလာတာတွေ့ရပါတယ်။

 

၇ . H&M

 

H&M ရဲ့ နာမည် အရှည်ကောက်က Hennes & Mauritz AB ပါ။သူက ဆွီဒင်နိုင်ငံရဲ့ အဝတ်အစား Brand ပါ။H&M ကတော့ အမျိုးသား ၊ အမျိုးသမီးအဝတ်အစားနဲ့ ဆယ်ကျော်သက် ကလေး အဝတ်အထည်တွေ ဖြန့်ချီရောင်းချတဲ့ လုပ်ငန်းအကြီးစားပေါ့။

ယခုအချိန်မှာတော့ တန်ဖိုး ၁၂ ရာခိုင်နှုန်း ကျော် ကျလာတယ်သိရပါတယ်။

 

၈. Chanel

 

Chanel ကတော့ ပြင်သစ် ဖက်ရှင် Brand တစ်မျိုးဖြစ်ပြီး ဇိမ်ခံဖက်ရှင်ပိုင်းဆိုင်ရာ လုပ်ငန်းစုပါ သူကတော့ တန်ဖိုး ရာခိုင်နှုန်း အတက်အကျ မရှိနေမြဲ အတိုင်းသာ ဆက်လက်သွားနေပါတယ်။

 

၉ . Uniqlo

 

Uniqlo ကတော့ ဂျပန် အဝတ်အထည် လုပ်ငန်းစုပါ ထို့အပြင် ကမ္ဘာအနှံ အပြားကိုအဝတ်အထည်ဖြန့်ချိပါသေးတယ်။

၎င်းလုပ်ငန်းစုကို ၁၉၄၉မှာစတင်တည်ထောင်တယ်သိရပါတယ်။ယခုအချိန်မှာတော့ တန်ဖိုး ၇ ရာခိုင်နှုန်း ကျော် တက်လာတယ်သိရပါတယ်။

 

၁၀ . Hermes

 

Hermes ကတော့ ပြင်သစ် ရဲ့ နာမည်ကျော် လုပ်ငန်းဖြစ်ပြီး 1837 ထဲက စတင်တည်ထောင်ခဲ့တာပါ

၁၉၅၀ ကျော် ခုနှစ်များမှာ မြင်းရုပ် တံဆိပ်လေးနဲ့ ဈေးကွက် မှာ နာမည်ရှိဈေးကြီး ပစ္စည်း Brand အနေနဲ့ ရပ်တည်ခဲ့ပါတယ်။

ယခုအချိန်မှာတော့ တန်ဖိုး ၉ ရာခိုင်နှုန်း ကျော် တက်လာတယ်သိရပါတယ်။

 

အထက်မှာ တင်ပြသွားခဲ့သည်များမှာ Brand Finance မှ ထုတ်ပြန်ချက်များပင်ဖြစ်ပါတယ်။အချိန်ပေးဖတ်ရှု့ပေးလို့ ကျေးဇူးအထူးတင်ရှိပါတယ်။

 

No photo description available.

 

<<< Zawgyi >>>

 


---------------------

 


 


 


 


 


 

၁ . Nike

 



 

၂ . Gucci

 



 

၃ . Adidas

 


 

၎ . Louis Vuitton

 



 


၅ . Cartier

 


 

၆ . Zara

 


 

၇ . H&M

 



 

၈. Chanel

 


 

၉ . Uniqlo

 



 

၁၀ . Hermes

 




 


 


 

Myanmar Textile & Garment Directory 

Read 943 times
Rate this item
(0 votes)
Tagged under