What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မယုံနိုင်စရာကောင်းအောင် သေးလွန်းတဲ့အိတ်

ပါရီဖက်ရှင်ရှိုးမှာ အသေးဆုံး အိတ်ကလေးက အကြီးမားဆုံး သတင်း တစ်ခု ဖြစ်သွားခဲ့တယ်။

ဖက်ရှင်ရှိုးလျှောက်ကြတာမှာ Jacquemus Mini Le Chiquito ဆိုတဲ့ အိတ်ကလေးက မြင်ရသူတို့ အသည်းယားမိစေတယ်။ အရှည်းက ၂ လက်မ မပြည့်ဘူး။ ATMကတ်ထက်တောင် ပိုသေးနေတယ်။ လက်ဝါးထဲထည့်ပြီး ဆုပ်ကိုင်ထားလို့ ရနေစေတယ်။
Le Chiquito က ပြီးခဲ့တဲ့နှစ်ကလည်း အသေးစား လက်ကိုင်အိတ်ကလေးတွေ ချုပ်လုပ် ရောင်းချခဲ့ဖူးတယ်။ အဲဒီအိတ်ကအရည် ၄ လက်မပဲ ရှိတယ်။ အနံက ၂လက်မခွဲပဲ ရှိတယ်။ လက်လီအရောင်းဖြင့် ရောင်းချတာမှာ တစ်အိပ်ကို အမေရိကန်ဒေါ်လာ ၅၀၀ ဖြင့် ရောင်းတယ်။ အွန်လိုင်း အရောင်းဆိုင်တွေမှာ တင်ရောင်းခဲ့တာ ပစ္စည်းပြတ်လပ်တဲ့အထိ ဖြစ်ခဲ့တယ်။
Chiquito

 

အဲဒီလောက် သေးတဲ့အိတ်ထဲ ဘာများ ထည့်ပြီး သယ်လို့ ရနိုင်မှာလဲလို့ မေးစရာ ရှိတယ်။ ဈေးနှုန်းက အကြောင်း မဟုတ်ပါဘူးလို့ Le Mini Chiquito ကုမ္ပဏီမှ ပြောကြားခဲ့တယ်။ လူတွေက ကြိုက်တယ်ဆိုရင် ၀ယ်ကြတာပဲတဲ့။ အဲဒီ အိပ်ထဲ ဘာထည့်သယ်သလဲဆိုတော့ အိတ်ပိုင်ရှင်ရဲ့ ဂုဏ်ကျက်သရေကို ထည့်သယ်ထားပါတယ်လို့ အရွှတ်အနောက် ပြောသူလည်း ရှိတယ်။
အသက် ၂၉ နှစ်သာ ရှိသေးတဲ့ Simon Porte ထူထောင်ထားတဲ့ ပြင်သစ် ဖက်ရှင် အမှတ်တံဆိပ် Jacquemus က မကြာသေးခင်ကမှ ကျင်းပပြီးစီးခဲ့တဲ့ ပါရီ ဖက်ရှင်ရှိုးမှာ မနှစ်ကထက် ထက်ဝက်ပိုသေးတဲ့ လက်ကိုင်အိတ်ကို လျှောက်လမ်းပေါ် ပွဲထုတ် ပြသခဲ့တာ ဖြစ်ပါတယ်။

Chiquito 3

Simon Porte က အခုလို လက်ကိုင်အိတ်အသေးလေးတွေကို ဒီဇိုင်းထုတ်ပြီး ချုပ်လုပ်ရောင်းချလေ့ရှိသူ ဖြစ်နေပါပြီ။ mini bag မီနီအိတ် မဟုတ်ဘဲ အရမ်းသေးတဲ့ မိုက်ခရိုအိတ် micro bag လို့ ဖက်ရှင်လောကမှာ အမျိုးအစား သတ်မှတ်ပေးထားကြပါတယ်။

Chiquito 2

micro bag 2

 

Read 1110 times
Rate this item
(1 Vote)