What's new

×

Warning

JUser: :_load: Unable to load user with ID: 845


H&M က ထွက်ရှိမည့် ဒီဇိုင်နာ Sandra Mansour ရဲ့ ဖက်ရှင် ဒီဇိုင်းများ


H&M အနေနဲ့ ဖက်ရှင် ဒီဇိုင်နာ ဖြစ်သူ Sandra Mansour မှဖန်တီးတဲ့ ထသွားထလာ ဖက်ရှင်ဒီဇိုင်းအလန်းတွေ ကို ၎င်းတို့ရဲ့ Online Web မှာ သြဂုတ်လ ၆ ရက်နေ့မှ စတင်ကာ အမျိုးသမီး တွေ အကြိုက် ဖက်ရှင် ဒီဇိုင်းကို ထုတ်လုပ်ရောင်းချမယ်သိရပါတယ်။

 

 

ဘေရွတ်အခြေစိုက် ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Sandra Mansour ဟာ သူမရဲ့ စိတ်ခံစားချက်ကို ဖော်ဆောင်သွားပြီး ဖက်ရှင်ဒီဇိုင်းများဖန်တီးတာ ဖြစ်ပြီး ဖန်တီးမှု့ လူငယ်ဆန်ဆန် ချစ်စရာကောင်းတဲ့ ခပ်ဖောင်းဖောင်း ဂါဝန်လေးတွေရယ် ၊ အသားအိအိ အဝတ်အထည်လေးတွေရယ်ပါ။

 

 

လူငယ် ဈေးကွက်ကို အဓိကထားရည်ရွယ်ထားပြီး ဆယ်ကျော်သက် တွေနဲ့ ငယ်ရွယ်တဲ့ အသက် အပိုင်းအခြား အရွယ်မှ လူများအကြိုက် ဒီဇိုင်းဆွဲထားပုံပါ ခေါင်းစွပ် အနွေးထည် တွေ တီရူပ်တွေကို စကပ်နဲ့ တွဲပေးထားသလို ချီဖွန် ဂါဝန် အဖောင်းလေးကိုလည်း ဘွတ်ဖိနပ်နဲ့ မော်ဒယ်လေးကတွဲဝတ်ပြထားပါသေးတယ်။

 

 

Fleur du Soleil ဆိုကာ ၎င်း Collection ကိုနာမည်ပေးထားပြီး သဘာဝတရားကြီးရဲ့ အလှအပနဲ့ နေကြာ ပန်းတွေရဲ့ အလှကို ပုံဖော်ဖန်တီးထားတယ်သိရပါတယ်။ကာလာတွေကို မီးခိုးဖြူရောင် ၊ ဆင်စွယ်ရောင်နဲ့ အနက်ရောင်ကို ထည့်သွင်းပုံဖော်ထားပါတယ်။၎င်း H&M အဝတ်အစားဖက်ရှင်ဟာ သဘာဝတရားကနေ မှီညမ်းစိတ်ကူးပုံဖော်ထားတယ်သိရပါတယ်။

 

 

ခပ်မှိုင်းမှိုင်းအရောင်နဲ့ ဇာတွေအပြင် အဝတ်အစား ကို အနုပညာဆန်ဆန် ဖန်တီးထားတာမို့ ကဗျာ ဆရာ တွေ နဲ့ ပန်းချီသမားတွေကတော့ ကျန်းသေ ပေါက် အကြိုက်တွေ့စေမှာပါ။ဈေးနှုန်းတွေကတော့ အမေရိကန် ဒေါ်လာ ၂၀ ကနေ အမေရိကန် ဒေါ်လာ ၄၀ ကျော်လောက်ရှိနိုင်တယ်သိရပါတယ်။

 

sandra mansour x hm

 

Ref : Harpers Bazaar

Read 878 times
Rate this item
(0 votes)
Tagged under