What's new

×

Warning

JUser: :_load: Unable to load user with ID: 845


H&M မှ စတိုးဆိုင်ပေါင်း ၂၅၀ ကို ပိတ်တော့မယ်

H&M သည် လာမယ့်နှစ်တွင် coronavirus ကူးစက်လာမှုနဲ့အတူ လူအများစုမှာ အွန်လိုင်းတွင်သာ ပိုပြီး ဝယ်ယူလာခြင်းကြောင့် စတိုးဆိုင် ၂၅၀ ကို ပိတ်တော့မယ်လို့ နယူးယောက် CNN မှတဆင့် သိရပါတယ်။

 

အဆိုပါ ကြာသပတေးနေ့ ကြေညာချက်အရ ကမ္ဘာတစ်ဝန်းရှိ H&M ဖက်ရှင် လက်လီအရောင်းဆိုင်များ ဆိုင်ပေါင်း ၅၀၀၀ ခန့် ရှိတဲ့ထဲက စတိုးဆိုင် ၂၅၀ ကို ပိတ်တာမို့ ရာခိုင်နှုန်းအားဖြင့် စတိုးဆိုင် စုစုပေါင်းရဲ့ ၅% ကို ပိတ်ပစ်တာ ဖြစ်ပါတယ်။

H&M is closing 250 stores - CNN

 

အဝတ်အထည်အရေအတွက် ၈၀ ရာခိုင်နှုန်းခန့် ရှိတဲ့ ယာယီစတိုးဆိုင်များ ပိတ်ပစ်ပြီးနောက် "ဝန်ဆောင်မှုပေးနေစဉ်ကာလအတွင်း အွန်လိုင်းတွင် ဝယ်သူများ ပို၍ များပြားလာတယ်" လို့ H&M က ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ဆွီဒင်အ‌ခြေစိုက် လက်လီအရောင်းလုပ်ငန်းကြီး H&M ဟာ စတိုးဆိုင်များ ပြန်ဖွင့်ခြင်းနဲ့ အွန်လိုင်းရောင်းအားတွင်လည်း အမြတ်အစွန်းများပြားခြင်းတို့ကြောင့် ဇွန်လမှသြဂုတ်လ တတိယသုံးလပတ်အတွင်း အချိန်ကြာတာနဲ့အမျှ ရောင်းအားလည်း ပုံမှန်ပြန်ဖြစ်သွားတယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။ သို့သော် စက်တင်ဘာလရောင်းအားမှာ လွန်ခဲ့သောတစ်နှစ်နဲ့ နှိုင်းယှဉ်ရင်တော့ ၅% ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။

 

"စိန်ခေါ်မှုများမှ လွန်မြောက်ဖို့ အလွန်ဝေးကွာနေသော်လည်း ကျွန်ုပ်တို့ရဲ့ အဆိုးဆုံးအခြေအနေကို နောက်မှာ ချန်ထားခဲ့ပြီဆိုတာ ကျွန်ုပ်တို့ ယုံကြည်ပါတယ်၊ ကျွန်ုပ်တို့အနေဖြင့် အကျပ်အတည်းမှ ပိုမိုသန်စွမ်းစွာဖြင့် ထွက်လာနိုင်ခဲ့ပါတယ်" ဟု CEO ဖြစ်သူ Helena Helmersson က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

 

Coronavirus ကြောင့် အွန်လိုင်းရှော့ပင်းလမ်းကြောင်းကို အရှိန်မြှင့်လိုက်ပြီဖြစ်ပါတယ်။ တကယ်တော့ ကူးစက်ရောဂါများ မပျံ့နှံ့မီအချိန်ထဲက လက်လီလုပ်ငန်းများကို အွန်လိုင်းရောင်းချခြင်းက အနှောက်အယှက် ပေးနေခဲ့ပြီး ဖြစ်ပါတယ်။

 

Zara နှင့် အခြားဖက်ရှင်အမှတ်တံဆိပ်များကို ပိုင်ဆိုင်သော H&M ပြိုင်ဘက် Inditex က ယခုနှစ်နဲ့ နောက်နှစ်တွင် စတိုးဆိုင်ပေါင်း ၁၂၀၀ ကျော်ကို ပိတ်ပစ်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

 

By Myanmar Textile & Garment Guide
Ref: edition.cnn.com

Read 891 times
Rate this item
(0 votes)