What's new

×

Warning

JUser: :_load: Unable to load user with ID: 845


H&M မှ ဆိုင်ပေါင်း ၁၇၀ ကျော်ပိတ်သိမ်းမည်

တစ်ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာရောဂါကြောင့် စီးပွားရေး ကျဆင်းမှုအပြီး ဆက်လက်တောင့်ခံနိုင်ရန် ဖက်ရှင်ပိုင်းဆိုင်ရာ လုပ်ငန်းစုဖြစ်တဲ့ H&M အနေနဲ့ ၎င်းတို့ရဲ့ ဆိုင်ပေါင်း ၁၇၀ ကို ပိတ်သိမ်းဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

 

ဆွီဒင်ရဲ့ လက်လီ အရောင်းဆိုင်ဖြစ်တဲ့ H&M မှ ဇွန်လ ချုပ်စာရင်းမှာ အဝတ်အထည် ရောင်းအား အဆမတန် ကျဆင်းနေသည်ကို သိရပြီး ထိုသို့ ဖြစ်ရခြင်းမှာ ကိုဗစ်ကြောင့် ပိတ်သိမ်းခံထားရတာကြောင့်ဖြစ်ပြီး Lockdown ကြောင့်လို့ပြောလို့ရပေမယ့် အတိအကျ မပြောနိုင်သေးပါဘူး။

 

ဘာကြောင့်ဆို H&M ဟာ ပြီးခဲ့တဲ့ ဇွန် လက နိုင်ငံအသီးသီး အစိုးရများမှ Lockdown ဖြေလျော့တဲ့ အချိန်မှာ ဆိုင်တွေကို ဖွင့်နိုင်သလောက်ပြန်ဖွင့်ပြီး ဝယ်ယူသူတွေအတွက်ဖွင့်ပေးခဲ့ပါသေးတယ် ကိုဗစ်အေးကာလမို့ လူဝင်တာ မရှိပါဘူးတဲ့။

 

ပြောရရင်တော့ အခုချိန်ထိ ၎င်းတို့လုပ်ငန်းစုအနေနဲ့ ဆိုင်တွေ ဘယ်လောက်ထိ ပိတ်ရမယ်ဆိုတာ တိတိကျကျမပြောသေးပါဘူး လက်တလောမှာတော့ အင်္ဂလန်မှာ ရှိတဲ့ ဆိုင်ပေါင်း ၃၀၀ ကို ဆိုင်တွေစိစစ်လျော့ချမယ်သိရပါတယ်။

 

H&M အနေနဲ့ ဆိုင်ပေါင်း ၅၀၀၀ ကျော် ကမ္ဘာနဲ့ တစ်ဝှမ်းရှိတယ်သိရပြီး ၎င်းတို့နည်းတူ ဆွီဒင် အဝတ်အထည် ကုန်အမှတ်တံဆိပ်များဖြစ်တဲ့ Weekday, Monki, Cos နဲ့ Arket တို့လည်းပဲ ကိုဗစ်ကြောင့်ဆိုင်တချို့ပိတ်သိမ်းရမယ်သိရပါတယ်။

 

H&M ရဲ့ အမှုဆောင်ချုပ် Helena Helmersson ပြောကြားချက်အရ သူတို့ ဝန်ထမ်းတွေက အလုပ်ကို အာရုံစိုက်သူတွေပါ ၎င်းတို့အနေနဲ့ ဝန်ထမ်းများအားပြန်လည် အလုပ်ပေးဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။အခုချိန်မှာ ဆိုင်ခန်းက တောင့်မခံနိုင်ပေမယ့် H&M အနေနဲ့ နောက်နှစ် ကိုဗစ်ကိစ္စတွေပြီးတာနဲ့ အဝတ်အထည်ဆိုင် ၁၃၀ လောက်ကို ကမ္ဘာ့နေရာ အသီးသီးမှာ ပြန်လည်ဖွင့်လှစ်မယ်သိရပါတယ်။

 

<<< Zawgyi >>>

 


-------------------------------------------------

 


 


 


 


 


 


 

Ref : Fashion Forum 

Read 1850 times
Rate this item
(0 votes)
Tagged under