What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ယောက်ျားလေးတွေအတွက် အသုံးတည့်မယ့် ဖက်ရှင် လျှို့ဝှက်ချက် (၅) ခု

ဖက်ရှင်လို့ ဆိုလိုက်တာနဲ့ Brand နာမည်တွေကို ပြောတာ မဟုတ်ဘူးလို့ သိစေချင်ပါတယ်။ လိုက်ဖက်ပြီး ကြည့်ကောင်းအောင် ဝတ်တတ်တာကို ဖက်ရှင်လို့ ခေါ်ချင်ပါတယ်။ ဖက်ရှင်ကျဖို့ရာ တစ်ခါတလေမှာ ရိုးစင်းတဲ့ နည်းလမ်းလေးတွေက အလုပ်ဖြစ်ပါတယ်။ ဒီနည်းလမ်းလေးတွေကပဲ ဖက်ရှင်လျှို့ဝှက်ချက်ဖြစ်နေပြန်ပါတယ်။

 

(၁) Blazer တွေကို ချစ်ပါ

Suit လို ဝတ်စုံပြည့်ကြီးက အမြဲတမ်း ဝတ်လို့ကောင်းတာ မဟုတ်ပါဘူး။ နည်းနည်း ကြောင်ပါတယ်။ အလုပ်ခွင်မှာ ဖြစ်စေ ၊ အခမ်းအနားပွဲတက်ရာမှာ ဖြစ်စေ Suit အစား ဝတ်လို့ ပိုပြီး ပေါ့ပါးသက်သာတဲ့ ဖက်ရှင်က Blazer အင်္ကျီဖြစ်ပါတယ်။ Blazer တွေက ကြည့်လို့လည်း ကောင်းသလို ဝတ်ရတာလည်း စိတ်ဖိစီးမှု ပိုနည်းစေပါတယ်။

 

(၂) Shoes အစွမ်းကို သတိရပါ

Handmade Men Brown Oxford Formal Shoes Brogue Dress Shoes Leather Shoes

 

Shoes ဖိနပ်ကောင်းတစ်ရံဟာ သင့်ပုံပန်းသဏ္ဍာန်ကို အများကြီး ပြောင်းလဲပေးနိုင်ပါတယ်။ ဖိနပ်ကောင်းတစ်ရံဟာ ကြည့်ကောင်းခြင်းနဲ့ သက်တောင့်သက်သာ ရှိခြင်း အကြား ဟန်ချက်မျှစေဖို့ အကောင်းဆုံးလက်နက်ထဲမှာ ပါပါတယ်။ သွားမယ့်နေရာကို လိုက်ပြီး Leather Shoes တွေ ဝတ်သင့်သလို Sneaker တွေကိုလည်း မေ့ထားလို့ မရပါဘူး။

 

(၃) Hair Gel အစား Moisturizer သုံးပါ

 

Gel တွေဟာ အကောင်းဆုံး Hairstyle ပုံရဖို့ လူငယ်တွေ လက်စွဲပြုရတဲ့ Product တစ်ခု ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Gel သုံးတာဟာ လက်ဆမမှန်ဘဲ လိုတာထက် ပိုများသွားတတ်ပါတယ်။ နောက်တစ်ခုက Gel ဟာ ဆံပင်ရဲ့ သဘာဝအဆီတွေ ပျက်စီးစေပြီး ဦးရေပြားခြောက်သွေ့စေနိုင်ပါတယ်။ Moisturizer တွေကတော့ ဆံပင်ရဲ့ သဘာဝအဆီတွေ ကာကွယ်ပေးပြီး ဆံပင်ဒီဇိုင်းကိုလည်း ပိုပြီး သဘာဝဆန်ဆန် ပုံကျစေပါတယ်။

 

(၄) Fitting ကျတဲ့ ဘောင်းဘီတွေပဲ ဝတ်ပါ

Only & Sons Cropped Chino In Tapered Fit - Green

Good-Fitting ဖြစ်တဲ့ ဘောင်းဘီတွေကို လျှော့မတွက်ပါနဲ့။ Jeans ပဲ ဝတ်ဝတ် ၊ Chinos ဖက်ရှင်ပဲ ဝတ်ဝတ် ဘောင်းဘီခါးဆိုဒ်ဟာ ကိုယ်နဲ့ Fitting ကျနေဖို့ လိုပါတယ်။ ကြီးလွန်း၊ သေးလွန်းတာဟာ Good-Fitting ဖြစ်တာ မဟုတ်ပါဘူး။ ဖက်ရှင်ကောင်းတစ်ခုရဲ့ ရိုးရှင်းတဲ့ လျှို့ဝှက်ချက်တစ်ခုက Fit ဖြစ်ဖို့ ပါပဲ။

 

(၅) လိုက်ဖက်မှု ရှိပါစေ

Flannel and denim for the rain. Shirt: Jcrew Wallace & Barnes flannel Pants: 3sixteen ST-100xk Boots: Alden x Moulded Shoe plain toe boot Watch: Laco pilot watch Hat: 3sixteen cap . . . . . . #jcrew #wallaceandbarnes #3sixteen #alden #aldenarmy...

 

Match ဖြစ်ခြင်းဆိုတာ အဝတ်အစား ဝတ်တတ်သူတို့ ဦးစားပေးစဉ်းစားတဲ့အထဲမှာ ပါပါတယ်။ ခြေအိတ် ဝတ်မယ်ဆိုရင် အောက်က ဘောင်းဘီနဲ့ အရောင်ချင်း ဟပ်တာမျိုး ရွေးသင့်သလို ရာသီဥတုပေါ် လိုက်ပြီး အဝတ်အစား အရောင်တွေကို မျက်စိအေးအောင် ၊ အာရုံငြိမ်အောင် ရွေးသင့်ပါတယ်။

နွေရာသီမှာ ပေါ့ပါးတဲ့ ကာလာဖျော့တွေ ဝတ်သင့်ပြီး ဆောင်းတွင်းမှာ အရောင်ရင့်တွေ ရွေးဝတ်တာမျိုး လုပ်သင့်ပါတယ်။ တစ်ခါတလေမှာ အစိမ်းရင့်ရောင်လို ကုလားအုတ်ဖျော့ရောင်လို အပြာရောင်ပြေးလိုမျိုးတွေပါ ဝတ်ကြည့်သင့်ပါတယ်။ အောက်က ဝတ်တဲ့ ဘောင်းဘီလို Underwear ကတော့ ရိုးရှင်းပြီး မျက်စိမရှုပ်မယ့် ဒီဇိုင်းဖြစ်ဖို့ ဂရုစိုက်သင့်ပါတယ်။

 

By Myanmar Textile & Garment Guide

Source: kwee.co

Read 878 times
Rate this item
(0 votes)