What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ယောက်ျားလေးတွေအတွက် လူငယ်ဆန်ဆန်နဲ့ ဖက်ရှင်ကျစေမယ့် Flannel shirt တွေအကြောင်း

ပေါ့ပေါ့ပါးပါးနဲ့ ဝတ်ရတာ သက်တောင့်သက်သာရှိတဲ့ Flannel shirtတွေကိုမှ သဘောကျပါတယ်ဆိုတဲ့ ကောင်လေးတွေ ရှိကြလား ?

ကာလာစုံ ဒီဇိုင်းစုံနဲ့ Flannel shirtတွေက‌ လူငယ်ဆန်ပြီး Stylishဖြစ်တာကြောင့်လဲ အခုချိန်ထိ Timelessပြီး အကြိုက်တွေ့နေကျတာ ဆန်းတော့မဆန်း ပါဘူးနော်။ Flannel shirtတွေ အကြောင်းပြောတော့မယ်ဆိုရင်တော့ အရင်ဆုံး Flannel တွေရဲ့ Golden era လို့ပြောရမယ့် 90's ကာလတွေကို မေ့ထားလို့မရသလို ‌အကွက်စုံနဲ့ Flannelတွေကို ပေါ့ပေါ့ပါးပါး Jean pant တွေနဲ့ တွဲဝတ်တဲ့ပုံစံကလည်း 90's Fashionတေ‌ွရဲ့ တစိတ်တပိုင်းပါဘဲနော်။


ဒီလို အထွေထူး ကြိုးပမ်း Style စရာမလိုဘဲ ရိုးရိုးလေးဝတ်ရုံနဲ့ အထာကျတာက Flannelတွေရဲ့ အားသာချက်ဖြစ်ပြီးတော့ Flannel တွေနဲ့ ကိုယ်ပိုင်စတိုင်တခုကို ဘယ်လို ဖန်တီးရမလဲ မသိသေးတဲ့ကောင်လေးတွေအတွက်တော့ ဒီတခါ Blog ကနေ အလွယ်ကူဆုံးနဲ့ Try ကြည့်လို့ရမယ့် Look တချို့ကို ပြောပြပေးသွားပါမယ်။

 

(၁)လူကောင်သေးပြီး ပိန်တဲ့ကောင်လေးတွေ အတွက်တော့ Skinny Pant တွေကို Flannel shirtနဲ့ ပေါ့ပေါ့ပါးပါးတွဲဖက်လိုက်ပြီး Simple and Stylish lookမျိုးဖန်တီးတာက အသင့်တော်ဆုံးပါဘဲ။ ဒီလို Lookမျိုးမှာ ခါးပတ်တွေက မရှိမဖြစ်လိုအပ်သလို ပိုအထာကျဖို့ Chain Accessories တွေရဲ့ အကူညီကို ရယူကြည့်ပါနော်။

Flannel_.JPG

 

(၂) ကောင်မလေးတိုင်း ကြွေဆင်းသွားမယ့် Boyfriend material lookမျိုးTryကြည့်ချင်ရင်တော့ Black Tee တထည်ကို ခပ်မိုက်မိုက် Trousers pantနဲ့ တွဲစပ်လိုက်ပြီး Flannel shirt နဲ့သာ Layering လုပ်ကြည့်လိုက်ပါ။ ပိုပြီး အထာကျဖို့တော့ Watch , Belts တို့လို Men Accessories တွေ အသုံးပြုနိုင်ပြီး old skool Sneaker ‌တွေကလဲ perfect matchပါဘဲနော်။

flannel2_.JPG

 

(၃) 90's ကာလတွေမှာ ခေတ်စားခဲ့တဲ့ White top + Jean အတွဲစပ်မှာ Flannel shirtတွေကို ပေါင်းထည့်ပြီး ဝတ်ကြည့်တာက‌တော့ အရပ်ရှည်ရှည် လူကောင်ထွားတဲ့ ဆယ်ကျော်သက်ကောင်လေးတွေအတွက် အသင့်တော်ဆုံးပါဘဲနော်။ ‌Effortless Stylish ဖြစ်သလို Flannel shirt ကာလာတောက်တောက်လေးတွေရွေးဝတ်ပြီးတော့လဲ လူငယ်ဆန်ဆန် အထာကျကြည့်ပါနော်။

flannel3_.JPG

 

(၄) Flannel shirtတွေကို ဒီတိုင်းရိုးရိုးကြီး ဝတ်ရတာပျင်းလာပြီဆိုရင်တော့ အပေါ်ကနေ Leather jacket ခပ်မိုက်မိုက် တထည်သာ ကောက်စွပ်လိုက်ပါနော်။ ပြီးတော့ Bad Boy Vibe မျိုးနဲ့ ပိုအထာကျချင်ရင်တော့ ‌Flannel အောက်ကနေ All black look ဖန်တီးသင့်ပြီး Bootsတွေနဲ့တော့ အလိုက်ဖက်ဆုံးပါဘဲနော်။

flanne4_.JPG

 

(၅) Streetဆန်ဆန် fashion vibe မျိုးကို သဘောကျတဲ့ ကောင်လေးတွေအတွက်တော့ Tee နဲ့ baggy jean တွဲဖက်ထားတဲ့ look မျိုးမှာ Flannel တစ်ထည်ကောက်စွပ်လိုက်တာက ဟိတ်ဟန်မများဘဲ အထာကျမယ့် နည်းတမျိုးပါဘဲ။ ပိုပြီး Street ဆန်ချင်ရင်တော့ Sneaker အလန်းစားတရံသာ ပေါင်းစပ်ဖို့ လိုပါလိမ့်မယ်နော်။

flannel5_.JPG

 

(၆) Jean pant တွေ ဝတ်ရတာ သိပ်မကြိုက်တဲ့ ကောင်လေးတွေဆိုရင်တော့ Chino Pant , Style pant တွေကို ကိုယ့်စိတ်ကြိုက်ရွေးချယ်ပြီး ပေါ့ပေါ့ပါးပါး Flannel shirtတွေနဲ့ တွဲလိုက်ပါနော်။ အဖြူရောင် Shirt top ကို Flannelနဲ့ layeringလုပ်တာက Uniqueအဖြစ်ဆုံး အတွဲစပ်ဆိုတာ သိထားဖို့ လိုပါမယ်နော်။

flannel6_.JPG

 

 

(၇) ဝတ်နေကျ Flannel look တွေ ပိုအထာကျဖို့ Style upgrade လုပ်ဖို့ စဉ်းစားနေရင်တော့ Beanie hat တစ်လုံးလောက် ဆောင်ထားသင့်တယ်နော်။ သိပ်မရင်းနှီးသေးတဲ့ Stylingအတွဲစပ်ပေမယ့် ထူးခြားပြီး Stylishဖြစ်နေမှာမလို့ တခါလောက်တော့ Try ကြည့်ဖို့ အကြံပေးပါရစေ။

 

flannel7_.JPG

 

 

MyanmarTextile&GarmentGuide

#fashionblog

Read 1888 times
Rate this item
(0 votes)