What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမြဲတမ်းစတိုင်ကျစေဖို့ ပြောင်းလဲသင့်တဲ့ ပုံစံတွေ

လူတစ်ယောက်က ရုပ်မလှရင်တောင် ဖက်ရှင်ကျကျနဲ့ဝတ်စားတတ်ရင် တော်တော်လေးကြည့်ကောင်းပြီး စမတ်ကျနေပါတယ်။ ဒီလိုစတိုင်လ်ရှိပြီး စမတ်ကျဖို့ဆိုတာ အ၀တ်အစားအကောင်းကြီးတွေဝတ်မှ Branded တွေဝတ်မှ မဟုတ်ပါဘူး။ ကိုယ်တတ်နိုင်သလောက် ကိုယ့်မှာရှိတာလေးတွေနဲ့ ပိုပြီးလှသွားအောင်၊ ပိုပြီးစမတ်ကျသွားအောင် ဝတ်စားတတ်ဖို့ပဲလိုတာပါ။

အဝတ်အစားဝယ်တဲ့အခါမှာ ကိုယ့်အတွက်မလိုအပ်တဲ့၊ ကိုယ်ဝတ်နေကျမဟုတ်တဲ့ ဖက်ရှင်မျိုးတွေကို အများကြီးမဝယ်ပါနဲ့။ ကိုယ်ဝတ်နေကျပုံလေးတွေကိုပဲ ပိုလှသွားအောင်၊ ပိုပြီးဖက်ရှင်ကျသွားအောင် ဘယ်လိုတွေဝတ်ရမလဲဆိုတာကိုပဲ စဉ်းစားပါ။
စမတ်ကျချင်ရင်တော့ သူများဝတ်တိုင်းလိုက်မဝတ်ပဲ ကိုယ်နဲ့လိုက်မလိုက်ကို အရင်ကြည့်ပါ။ ကိုယ်နဲ့မလိုက်တဲ့ဖက်ရှင်တစ်ခုဟာ ဘယ်လောက်ပဲဈေးကြီးနေပါစေ ကြည့်ရတာအဆင်မပြေပါဘူး။ ဝတ်ပြီးသားတွေကို မဝတ်ချင်လို့၊ ရိုးသွားလို့ဆိုပြီး ချောင်ထိုးထားတာမျိုးတွေ မလုပ်ပါနဲ့။ ရိုးသွားလို့မဝတ်ချင်ရင် Youtube က ဗီဒီယိုလေးတွေကိုကြည့်ပြီး ဒီဇိုင်းတစ်မျိုးထွင်ကြည့်ပါ။ ပိုက်ဆံမကုန်ပဲဖက်ရှင်ကျအောင်၊ ပိုက်ဆံမကုန်ပဲ အဝတ်အစားအသစ်ရအောင် ဒီလိုလေးတွေလည်း လုပ်တတ်ဖို့လိုပါတယ်။

clothes cut min


အဓိကကတော့ ဘယ်လိုဖက်ရှင်မျိုး၊ ဘယ်လိုအဝတ်အစားမျိုးပဲဝတ်ဝတ် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေဖို့ပါပဲ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေတဲ့သူတစ်ယောက်ဟာ ကြည့်လိုက်တာနဲ့တင် အရမ်းသိသာပါတယ်။ သူများထက်လည်း တစ်ပန်းသာပါတယ်။ ဒါကြောင့် ဘယ်လိုအဝတ်အစားမျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုအရောင်မျိုးပဲဖြစ်ဖြစ် ငါနဲ့လိုက်ပါ့မလား၊ ငါနဲ့ဆို အဆင်ပြေပါ့မလားဆိုတဲ့ စိတ်တွေကို ဖျောက်ပစ်ပါ။ ဒီစိတ်တွေရှိနေသရွေ့တော့ ဘယ်လိုနေနေ စမတ်ကျတဲ့သူတစ်ယောက် ဖြစ်လာမှာမဟုတ်ပါဘူး။

pink fashion min


ကိုယ့်ဆီကနေ အနံ့ဆိုးတွေနဲ့ ချွေးနံ့တွေမထွက်အောင်လည်း အထူးဂရုစိုက်ပါ။ ဖက်ရှင်ကျကျဝတ်စားထားပြီး ကိုယ်နံ့ဆိုးတွေထွက်နေမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုလျော့နည်းလာသလို၊ လူအများကြားမှာလည်း ကိုယ့်ကိုသူများက ရှုံ့ချတာမျိုးတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် ရေမွှေးအမြဲဆွတ်ပါ။ ကိုယ်ကချွေးနံ့ထွက်တတ်တဲ့သူဆိုရင် အိတ်ထဲမှာ ရေမွှေးပုလင်းလေးကို သွားလေရာဆောင်သွားပါ။ စတိုင်လ်ရှိပြီး စမတ်ကျနေစေဖို့ ဒီအချက်ကလည်း အရမ်းကိုအရေးကြီးပါတယ်နော်။

perfume min

တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိစေဖို့ ဖက်ရှင်လမ်းညွှန်ချက်များ

 

Source:my news

Read 1153 times
Rate this item
(1 Vote)