What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိစေဖို့ ဖက်ရှင်လမ်းညွှန်ချက်များ

ချစ်စရာကောင်းတဲ့ ညီမလေးတွေ ကလေးဆန်တဲ့ cute fashion တွေချည်းပဲ ၀တ်မနေဘဲ တခါတလေမှာတော့ မမတွေလို တည်ငြိမ်ရင့်ကျက်တဲ့ classic fashion မျိုး ၀တ်ဆင်ကြည့်သင့်ပါတယ်။ မမတို့လို တည်တည်ငြိမ်ငြိမ်နဲ့ အထာကျဖို့ classic fashion ကို ဘယ်လိုဆင်မြန်းရမလဲ ဆိုတာလေး ပြောပြချင်ပါတယ်။

(၁) အ၀တ်အစား

blouse with pant min

အ၀တ်အစားဝတ်ရာမှာ အတတ်နိုင်ဆုံး ရိုးရှင်းပြီး အရည်အသွေးကောင်းတာကို ရွေးချယ်ရမှာပါ။ အတွန့်အဖတ်တွေ များလွန်းတဲ့ အ၀တ်အထည်တွေနဲ့ အပေါက်အပြဲ ပါတာတွေ၊ bling bling ဖြစ်လွန်းတာတွေ၊ အရမ်းတို ဟိုက်တာတွေ ကို လုံးဝမရွေးပါနဲ့။ ပြီးတော့ တစ်ခါတည်း အရောင်သုံးမျိုးနဲ့အထက် တွဲဝတ်တာမျိုး မလုပ်ပါနဲ့။ အရောင်လွင်တာလေးတွေဝတ်ချင်တယ်ဆိုရင် Pastel Colour လေးတွေလည်း ၀တ်လို့ရပါတယ်။ တစ်ကိုယ်လုံး တစ်ရောင်တည်း ၀တ်မယ်ဆိုရင်တော့ ရပါတယ်။

(၂) အိတ်

shoulder bag min

မမတို့လို တည်ငြိမ်တဲ့ အလှကိုလိုချင်ရင် ဆယ်ကျော်သက်ဆန်တဲ့ ချိန်းကြိုးလေးတွေပါတဲ့ အိတ်သေးသေးလေးတွေ မရွေးပါနဲ့။ Shoulder bag ပြောင်တွေကို ရွေးပါ။ အနက်ရောင် shoulder bag တစ်လုံးရှိရင် မမ ဆန်လို့ရပါပြီနော်။ ပြီးရင် လက်ပွေ့အိတ် အပြားလေးတွေကိုလည်း ရွေးနိုင်ပါတယ်။

(၃) ဖိနပ်

shoes min

ထိပ်ပိတ်ရှူး ဖိနပ်လေးတွေကတော့ အသင့်တော်ဆုံးပါပဲ ။ ဆန်းပြားတာကိုမှ ကြိုက်တယ်ဆိုရင်တော့ leather sandals လေးတွေကို ရွေးချယ်နိုင်ပါတယ်။

(၄) နာရီ နဲ့ ရိုးရှင်းတဲ့လက်ဝတ်ရတနာ

watches min

အရင်က နာရီကိုဈေးကြီးပေးဝယ်ဖို့ မစဉ်းစားခဲ့ဖူးဘူးဆိုရင် အခု စဉ်းစားလိုက်ပါတော့။ brand ကောင်းကောင်းနာရီတစ်လုံးနဲ့ သေးငယ်ရိုးရှင်းတဲ့ လက်ဝတ်ရတနာလေးတွေက classic fashion အတွက် အကောင်းဆုံး accessories တွေပါပဲ။

သင့်ကို ငယ်ရွယ်တဲ့ပုံပေါက်ပြီး ပေါ်လွင်စေမယ့် ဖက်ရှင်အကြံပြုချက်တွေ

(၅) သဘာဝဆန်တဲ့မိတ်ကပ်

makeup min

အ၀တ်အစား၊ ဖိနပ်၊ အိတ်နဲ့ accessories တွေက တည်ငြိမ်နေမှတော့ မိတ်ကပ်ကလည်း သဘာဝဆန်ဆန်လေးဖြစ်ရတော့မှာပေါ့။ အိုင်းရှဲဒိုး အရောင်တောက်တောက်ကြီးတွေ မခြယ်ပါနဲ့။ အညိုရောင်၊ ရွှေရောင်တို့ကို သုံးပါ။ နှုတ်ခမ်းနီကို Nude color လေးတွေ ဆိုးပါ။ ဆွဲဆောင်မှုရှိတဲ့ ပုံစံရချင်ရင်တော့ နှုတ်ခမ်းနီ အနီရဲရဲ ဆိုးနိုင်ပါတယ်။ လက်သည်းတွေကိုလည်း crazy color နဲ့ အနက်ရောင် လုံးဝမဆိုးပါနဲ့။

(၆) ဆံပင်ပုံစံ

hair style min

trend နဲ့လိုက်တဲ့ အရောင်တွေ ၊ အရမ်းဂေါ်လွန်းတဲ့ ပုံစံတွေ ဖြစ်နေလို့ မရဘူးနော်။ ဆံပင်တွေကို ဒီတိုင်းချထားတာမျိုး၊ ထိပ်မှာ စုထုံးထားတဲ့ ပုံစံမျိုးလေးတွေဆို ရိုးရိုးလေးနဲ့ လှနေမှာပါ။
မမ ဆန်ချင်တဲ့ ညီမလေးတွေ ဒီလောက်ဆို အရမ်းတွေ မမနဲ့တူ သွားပါပြီလို့။

 

Source:aunty may

Read 1575 times
Rate this item
(1 Vote)