What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ ္ဘာဈေးအကြီးဆုံး အမျိုးသား အတွင်းခံများ

ကမ ္ဘာဈေးအကြီးဆုံး အမျိုးသား အတွင်းခံများ google

ဒီနေ့မှာတော့ textile ပရိတ်သတ်ကြီးအတွက် ကမ ္ဘာဈေးအကြီးဆုံး ယောကျာ်းလေးအတွင်းခံ များကို ဖော်ပြပေးချင်ပါတယ်။


ယောကျာ်းလေးတစ်ယောက် တစ်နေကုန် တက်ကြွစွာ လှုပ်ရှားသွားလာနိုင်ဖို့ ခန္ဓာကိုယ်တစ်ခုလုံး မှာ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေကလည်း သက်တောင့်သက်သာ ရှိဖို့လိုအပ်ပါတယ်။

အထူးသဖြင့် လူတစ်ဦးသက်တောင့်သက်သာရှိမှု မရှိမှုဆိုတာကလည်း ဝတ်ဆင်ထားတဲ့ အတွင်းခံနဲ့လည်းသက်ဆိုင်ပါတယ်။ အကယ်၍ဝတ်ဆင်ထားတဲ့ အတွင်းခံကသာ သင့်ကို သက်တောင့်သက်သာ မဖြစ်စေဘူးဆိုရင် တနေကုန်လှုပ်ရှားရာမှာ

စိတ်အနှောက်ယှက်ဖြစ်စေပါတယ်။

အခုဆိုရင် မယုံနိုင်စရာကောင်းလောက်အောင် ဈေးကြီးလွန်းတဲ့ ယောကျာ်းလေးအတွင်းခံလေးတွေ


ဖော်ပြပေးလိုက်ပါတယ်။

Lacoste Men’s Underwear Cotton Stretch Briefs

Lacoste တံဆိပ် အတွင်းခံဘောင်းဘီဟာဆိုရင် ၉၅ ရာခိုင်နှုန်းခန့်ကို ဝါဂွမ်းစစ်စစ်နဲ့ပြုလုပ်ထားတာပါ။


ဝတ်လိုက်တဲ့အခါ အရေအပြားနဲ့ ထိတွေ့ မှုကောင်းပြီး အေးမြစေပါတယ်။ သူရဲ့ဈေးနှုန်း ဟာတစ်ထည်ကို


အမေရိကန် ဒေါ်လာ ၄၅ လောက်ရှိပါတယ်။

Tani Swisstouch Boxer Brief

ဒီအတွင်းခံလေးကိုတော့ ဆွတ်ဇလန် နိုင်ငံကထုတ်တာပါ။

ဝတ်ဆင်တဲ့သူကို သက်တောင့်သက်သာရှိစေပြီး စိတ်ကျေနပ်မှုပေးစွမ်းနိုင်ပါတယ်။ အတွင်းခံလေးရဲ့ ဈေးနှုန်းကတော့ တစ်ထည်ကို အမေရိကန် ဒေါ်လာ ၆၀ လောက်ရှိပါတယ်။


Figro No.1 Exclusive Boxer Biefs

ဒီအတွင်းခံလေးကတော့ Calvin Klein’s ထုတ်ထားတဲ့ အမျိုးအစားလေးတစ်ခုပါ။ ဒီဇိုင်းပိုင်းမှာလည်းသေသပ်ပြီး ဝတ်ရတာလည်းသက်တောင့်သက်သာအလွန်ရှိစေပါတယ်။


သူရဲ့ဈေးနှုန်းလေးကတော့ အမေရိကန် ဒေါ်လာ ၁၀၀ ဖြစ်ပါတယ်။

Yunisu Men Men’s Summer New Painted Sexy Underwear Sexy Fashionable Flat-Angle Underwear Boxer Briefs

ဒီအတွင်းခံလေးကတော့ အလွန်ဈေးကြီးတဲ့ အတွင်းခံလေးတစ်ခုပါ။ ဒီဇိုင်းပိုင်းမှာတော့ နွေရာသီပုံစံလေးပါ။


အသွင်အပြင်ပိုင်းမှာလည်း sexy အလွန်ကျပါတယ်။ အရောင်မျိုးစုံနဲ့ ထုတ်လုပ်ထားပြီး သူရဲ့ ဈေးနှုန်းလေးကတော့


တစ်ထည်ကို အမေရိကန်ဒေါ်လာ ၄၀၄ ဖြစ်ပါတယ်။

Versace Barocco Animalier Brief


ဒီအတွင်းခံလေးကတော့ ဖက်ရှင်ပိုင်းကိုပိုဦးစားပေးထုတ်ထားပါတယ်။

သူရဲ့ ဒီဇိုင်းလေးကတော့ ရေကူးကန်တွေမှာလုပ်တဲ့ ပါတီ (သို့မဟုတ်) ကမ်းခြေတွေမှာဝတ်တဲ့အခါဖက်ရှင်ကျစေပါတယ်။


ဒီအတွင်းလေးရဲ့ဈေးနှုန်းကတော့ တစ်ထည်ကို အမေရိကန် ဒေါ်လာ ၁၅၀ ရှိပါတယ်။

Cashmere Men’s Brief by Nice Laundry


ဒီအတွင်းခံလေးကိုတော့ ၁၀၀ရာခိုင်နှုန်းအရည်အသွးကောင်းမွန်တဲ့ သိုးမွှေကို အသုံးပြုထားပါတယ်။


ထုတ်လုပ်တဲ့အခါမှာလည်းကျွမ်းကျင်သူတွေနဲ့ သာထုတ်လုပ်ပြီး အရေအတွက်နဲ့အကန့်အသတ်နဲ့ သာ ထုတ်လုပ်ထားပါတယ်။

ဒီအတွင်းခံလေးရဲ့ထူးခြားချက်လေးကတော့ ၂၄ ကီလို ရှိတဲ့ ရွှေတွေကို ရွှေပန်းထိုးထားပြီး သူရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀၀ ပဲဖြစ်ပါတယ်။

ဒီအတွင်းခံလေးကတော့ ဈေးအကြီးဆုံး အတွင်းခံလေးဆိုလည်းမမှားပါဘူး။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 






ဖော်ပြပေးလိုက်ပါတယ်။


 under1


 


 

 


 


 under2


 


 


 under3


 


 


 under4


 


 


 


under5


 


 


under6


 


 


 

Myanmar Textile and Garment Directory

စက်ချုပ်သင်တန်းတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒါလေးနှိပ်ကြည့်ပါ

Read 2779 times
Rate this item
(1 Vote)
Tagged under