What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မင်္ဂလာဆောင်တော့မှာလား

မင်္ဂလာဆောင်တော့မှာလား google

၃နာရီလောက်ပဲကြာတဲ့ မင်္ဂလာပွဲလေး တစ်ပွဲပြီးဖို့ နောက်ကွယ်မှာ စီစဉ်စရာတွေများလှပါတယ်

ဒါကြောင့် အချိန်ကာလအလိုက် ကြိုပြီး စီစဉ်ရမယ့် အချက်လေးတွေ တက်နိုင်သလောက်လေး မျှဝေပေးလိုက်ပါတယ်နော်

၆လ အလို

၁. Date မသတ်မှတ်ရသေးရင် သတ်မှတ်ပါ

    ချစ်သူ၂ဦး ယူမယ့် နှစ် / လ ဆုံးဖြတ်ပါ။
   ရက်ကောင်းရက်မြတ်ရွေးထားပါ။
   ဗေဒင်ဝါသနာပါရင် မေးထားပါ။
  ရက် ၃ ၊ ၄ ရက် ရာထားပါ။

၂.  Hotel (သို့) ခန်းမ(သို့) ဘုန်းကြီးကျောင်း Booking လုပ်ပါ။

    Date ကိုသေချာသတ်မှတ်ပြီးပြီဆိုရင်တော့ Booking လုပ်ထားပါ။

    မသေချာသေးဘူးဆိုရင်တော့  booking ပဲလုပ်ထားပြီး  deposit ပေးစရာမလိုသေးပါဘူး။

    Confirm ဖြစ်ပြီဆိုမှ (deposit) စရံသွားချပေးပါ။

 

၃. လှချင်တဲ့ သတိုးသမီးများ ဝိတ်လျှော့ချင်ရင်၆ လ အလိုမှာ gym ဆော့ဖို့ အချိန်ကောင်းကောင်းမှီပါသေးတယ်နော်။


   ရက်အရမ်းနီးလာမှ အစားမစားပဲ ဝိတ်လျှော့တဲ့နည်းကို မလုပ်စေချင်ပါဘူး။ စိတ်ရောလူရောပင်ပန်းပါတယ်။

   ကိုယ့်မှာလုပ်စရာ စီစဉ်စရာတွေ များနေတဲ့အတွက် ပိုပြီးတော့ အဆင်မပြေပါဘူး

 

၎. အသားအရည်အလှအပအတွက် အခုကတည်းက စပြီး ဂရုစိုက်ဖို့လိုပါပြီ။ Spa တွေ ပုံမှန်ပြန်သွားပါ။


၅. မင်္ဂလာဝတ်စုံအတွက် ကိုယ်က ပိုးစစ်ချိတ်ကို order ပေးပြီးခတ်ခိုင်းချင်ရင် ၆ လအလိုမှာ designer နဲ့သေချာတိုင်ပင်ပြီး အပ်ထားပါ။


  ပိုးစစ်ချိတ်၁ထည် ပြီးဖို့ ၁လခွဲ/၂လ ကြာပါတယ်။ ခုချိန်အပ်ထားမှ designer က ၃ လအလိုမှ စပြီး ဝတ်စုံ အေးဆေးဖန်တီးချုပ်လုပ်လို့ရမှာပါ။

 

 

၃ လအလို
——————

၁. Wedding Dress စပြီး စီစဉ်ပါ။


  Designer နဲ့အပ်ဖို့စိတ်ကူးရှိရင် ၃လ ကြိုအပ်ပါ။ Designer ကို အရောင်နဲ့ ဒီဇိုင်း သေချာတိုင်ပင်ပါ။

  အရံတွေနဲ့ ၂ဖက်မိဘ အတွက်တွေလည်း စီစဉ်ပေးရမယ်ဆိုရင် ၃လလောက်ကြိုလုပ်ထားတာ စိတ်အေးရတာပေါ့။

  အရံတွေကို အမှန်တကယ်အားပြီး အချိန်ပေးနိုင်တဲ့ သေချာတဲ့သူကိုသာရွေးပါ။

  ဝတ်စုံချုပ်ပြီးမှ လူပြောင်းသွားရင် ပိုပြီးအလုပ်ရှုပ်ပါလိမ့်မယ်။

 

၂. Pre Wedding ရိုက်မယ်စိတ်ကူးထားရင် ၃ လအလိုမှာ ရိုက်ထားသင့်ပါပြီ။ နီးမှဆိုရင် stress များပြီး စိတ်မောရပါတယ်။

   ဒီထက်စောရင်လည်း ပိုကောင်းပါတယ်။ ဒါမှ ကိုယ့်အကြိုက်ဆုံးပုံတွေ သေချာ ရွေးလို့ရတာပေါ့။

  မင်္ဂလာပွဲမှာ အလှထားမယ့် ပုံကြီးသေချာရွေးပါ။ တကယ်လို့ မကြိုက်ခဲ့ရင်တောင်မှ အချိန်လိုသေးတာမို့ ပြန် ပြင်ထုတ်နိုင်ပါသေးတယ်

 

၃. Make up ဆရာ ရွေးပါ။ လိမ်းမယ့် ရက်/ နေရာ ကို သေချာ booking လုပ်ပါ။ Deposit(စရံ) ပေးထားပါ။

 

၎.ဓါတ်ပုံဆရာ ရွေးပါ။ Date နဲ့ နေရာ ကို Booking လုပ်ပါ။ Deposit (စရံ) ပေးထားပါ။

 

၅. အခမ်းအနားမှူး bookingလုပ်ပါ။ မရတက်လို့ ကြိုပီး booking လုပ် စေ ချင်ပါတယ်။ စရံပေးထားပါ။

 

၂လ အလို
——————
၁. ဖိတ်စာ အတွက် လူနာမည်တွေ ချရေးပါ။ သေချာစဉ်းစားပြီး ရေးသင့်ပါတယ်။ မတွေ့တာကြာပီဖြစ်တဲ့ မိတ်ဆွေအရင်းတွေကို ဖိတ်ဖို့ ကျန်ခဲ့တတ်လို့ပါ။

 ၃. ဖိတ်စာရိုက်ပါ
    ၁လအလိုမှ လုပ်လည်းရတယ်ဆိုပေမယ့် ပြီးထားတော့ စိတ်အေးရတာပေါ့။

 

စာရှည်သွားပြီးဖြစ်တဲ့အတွက် နောက်ကျန်တဲ့ ရက်၊လတွေကို နောက်ရက်တွေ့ တင်ပေးပါမယ်ရှင့်

 

Source : ROYAL KANOK - silk, fabric & designer

Myanmar Textile and Garment Directory

အဝတ်အစား ဆိုင်တွေကို သိချင်ရင်တော့

Read 3014 times
Rate this item
(0 votes)
Tagged under