What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဝတ်တစ်ထည်ကို မလျှော်ခင် ဘယ်နှစ်ကြိမ်ဝတ်နိုင်သလဲ?

လူတော်တော်များများက အဝတ်အစားဆိုရင် တစ်စုံတစ်ရာပေကျံသွားမှ လျှော်တာများပါတယ်။ ဒါမှမဟုတ်လည်း တစ်ခါဝတ်ပြီးတိုင်း တစ်ကြိမ်လျှော်တယ်။ တစ်ခါတစ်လေဆိုရင် ကိုယ်ကြိုက်တဲ့အဝတ်ဆို နေ့တိုင်းတောင် ဝတ်တတ်ကြပါတယ်။ဒါမှမဟုတ် ပျင်းတော့ တွေ့တဲ့ဒီအဝတ်ကိုပဲ အလွယ်တကူ ယူဝတ်လိုက်တာမျိုး ရှိပါတယ်။

ဒါပေမယ့် အဝတ်အစားတွေက တစ်မျိုးနဲ့တစ်မျိုး တာရှည်ခံမှုချင်း မတူညီကြပါဘူး။ တစ်ချို့တွေက လျှော်တာများရင် အရောင်ကျွတ်တာတို့၊ ဟောင်းလွယ်တာတို့ ဖြစ်တတ်ပါတယ်။ ဥပမာ- ဂျင်းဘောင်းဘီဆိုရင် လျှော်ဖန်များရင် နွမ်းပြီး ချောင်ကျလာတာတွေ ဖြစ်တတ်ပါတယ်။ တစ်ချို့အဝတ်တွေကျတော့ ခဏခဏလျှော်ပေးမှ သန့်ရှင်းပြီး ရောဂါပိုးတွေကင်းမှာပါ။ ဒါကြောင့် ဘယ်အဝတ်အစားတွေကို မလျှော်ခင် ဘယ်နှစ်ကြိမ်ပဲ ဝတ်သင့်တယ်ဆိုတာ ခွဲခြားသိထားဖို့လိုပါတယ်။

ဒါဆို ဘယ်လိုအဝတ်အစားတွေကို မလျှော်ခင် ဘယ်နှစ်ကြိမ်ပဲ ဝတ်သင့်သလဲ?

၁။ ဂျင်းဘောင်းဘီ/အင်္ကျီ = ၅ ကြိမ်
၂။ အတွင်းခံ Bra = ၃ ကြိမ် မှ ၄ကြိမ် (တစ်ထည်ကို တစ်ရက် ဝတ်ပြီးရင် နောက်တစ်ရက်ကို နောက်တစ်ထည်ဝတ်ပါ)
၃။ အတွင်းခံ ဘောင်းဘီ = ၁ ကြိမ်
၄။ ခြေအိတ် = ၁ ကြိမ် (ဝတ်ပြီးတိုင်းလျှော်သင့်ပါတယ်)
၅။ Stocking (အသားကပ်ဘောင်းဘီ) = ၁ ကြိမ်
၆။ T shirt = ၂ ကြိမ် (ဖြစ်နိုင်လျှင် ၁ ကြိမ်သာ ဝတ်သင့်ပါတယ်။ သင့်အသားရေနဲ့ နီးနီးကပ်ကပ်ထိတွေ့ပြီး ချွေးစုပ်ယူမှုအများဆုံးမို့ပါ။)
၇။ ဂါဝန် = ၃ ကြိမ်
၈။ ညအိပ်ဝတ် ဝတ်စုံ = ၃ ကြိမ် မှ ၄ ကြိမ်
၉။ အားကစား ဝတ်စုံ = ၁ ကြိမ်
၁၀။ ရေကူး ဝတ်စုံ = ၁ ကြိမ်
၁၁။ Jacket နဲ့ Blazer coat = ၅ ကြိမ် မှ ၆ ကြိမ်
၁၂။ Leather Jacket = လျှော်ရင် ပျက်စီးလွယ်တာမို့ မလျှော်ရအောင်ကို ဂရုတစိုက် ဝတ်သင့်ပါတယ်။
၁၃။ ရိုးရိုး အင်္ကျီထူ = ၂ လကို တစ်ကြိမ်
၁၄။ ရိုးရိုး ဘောင်းဘီ၊ စကပ် = ၃ ကြိမ်မှ ၄ ကြိမ်။
၁၅။ Suit = ၄ ကြိမ်
၁၆။ အိပ်ရာခင်း = ၂ ပတ် တစ်ကြိမ်။
၁၇။ ရေချိုးသဘတ် towel = မသုံးခင်နဲ့သုံးပြီး အချိန်ကို သေချာလှန်းပါ။ ခြောက်မှ သုံးပါ။
၁၈။ ပိုးသား အင်္ကျီ = ၅ ကြိမ် (ဖြစ်နိုင်လျှင် အခြောက်လျှော်ပါ)

တစ်ချို့အဝတ်အစားတွေရဲ့အတွင်းမှာ အဝတ်ရဲ့အမျိုးအစားနဲ့ လျှော်ပုံလျှော်နည်း စသည့် information တွေ ပါပါတယ်။ အဝတ်တွေ ဝယ်လာပြီးတဲ့အခါ အဲ့ဒါလေးတွေ ပါမပါ စစ်ဖို့မမေ့ပါနဲ့။ အပေါ်မှာ ပြောပြသွားတာတွေက တစ်ချို့ကိစ္စများ- ဥပမာ- ချွေးအရမ်းထွက်ထားလို့၊ ပေနေလို့၊ အစွန်းအထင်းတွေအတွက် မဟုတ်ပါ။ ထိုအခြေအနေမျိုးမှာတော့ လျှော်ကို လျှော်ရမှာပါ။ ပုံမှန်အခြေအနေမှာဆိုရင်တော့ ဖော်ပြပါစာရင်းလေးအတိုင်း လိုက်နာကျင့်သုံးမှသာ အဝတ်တွေလည်း မြန်မြန်မဟောင်းတော့သလို သန့်ရှင်းနေမှာ ဖြစ်ပါတယ်။
Source – Follow Her

Read 484 times
Rate this item
(0 votes)