What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မိုးရာသီမှာ စတိုင်ကျစေဖို့ ဆောင်သင့် ရှောင်သင့်တဲ့ အချက်တွေ

မိုးဆိုတာမျိုးက အပြင်ထွက် သွားလာနေတုန်းလည်း ရွာတတ်တာမို့ အ၀တ်အစားတွေ ရေစိုတာနဲ့ ၊ လေတိုက်လို့ လန်ကုန်တာနဲ့ ဖရိုဖရဲတွေဖြစ်ပြီး ဘယ်လိုမှ ဖက်ရှင်မကျတော့ပါဘူး။

မိုးထဲလေထဲ ဖက်ရှင်ကျဖို့ထက် ကိုယ်သွားမယ့် နေရာကို ဖြောင့်ဖြောင့်တန်းတန်း ရောက်ဖို့က ပိုအရေးကြီးတယ် မဟုတ်လား။ ဒါပေမယ့် မိုးဘယ်လောက်ရွာနေပါစေ .. ဖက်ရှင်ကျနေအောင် ကြိုတင်ပြင်ဆင်သွားလို့ ရပါတယ်။ ဒီအချက်လေးတွေကို လိုက်နာရုံပါပဲနော်။

(၁) အရောင်နုနုတွေကို ရှောင်ပါ

white min


အထူးသဖြင့် ဘောင်းဘီတို့ စကတ်တို့ကို အရောင်နုတာ မ၀တ်ပါနဲ့။ အရောင်နုတဲ့ အ၀တ်အစားတွေဟာ မိုးရေစိုပြီး ကွက်နေရင် ကြည့်ရဆိုးသလို ရေစိုနေတုန်း တခြားစွန်းတတ်၊ ကွက်တတ်တဲ့ ဟာတွေနဲ့ ထိသွားရင်လည်း အစွန်းက မပျောက်တော့ဘဲ စွဲနေတတ်ပါတယ်။

လုံလုံခြုံခြုံလေးနဲ့ စတိုင်ကျအောင် ဝတ်ဆင်နိုင်မယ့် ဖက်ရှင်

(၂) အတို (ဒါမှမဟုတ်) အကပ် ကို ၀တ်ပါ

jean min


စကတ်၊ ဘောင်းဘီအရှည် ၊ အပွ တွေက မိုးရွာရင် စိုလွယ် ကပ်လွယ်တာကြောင့် နေရထိုင်ရ သက်တောင့်သက်သာ မဖြစ်တာကို ခံစားရပါတယ်။ မိုးရွာ ထဲ ပေါ့ပေါ့ပါးပါး သွားလာနိုင်ဖို့ အတို၊ အကပ် ဘောင်းဘီ ၊ စကတ် တွေ ကို ရွေးဝတ်ဖို့ အကြံပေးချင်ပါတယ်။

(၃) သားရေ အသုံးအဆောင်တွေကို ခဏသိမ်းထားလိုက်ပါ

leather min


သားရေနဲ့ ပြုလုပ်ထားတဲ့ အ၀တ်အထည်၊ အိတ်၊ ဖိနပ်တွေက မိုးရေနဲ့ ထိရင် ပျက်စီးသွားနိုင်တာကြောင့် ဒီအချိန်မှာ သူတို့ကို သိမ်းထားတာ အကောင်းဆုံးပါ။

(၄) accessories ပါးပါးလေးတွေ ၀တ်ဆင်ပါ

acc min


နားကပ်အသေးလေးတွေ၊ လည်ဆွဲ ပါးပါးကပ်ကပ်လေးတွေ၊ ရိုးရှင်းတဲ့ လက်ဝတ်ရတနာလေးတွေက မိုးရာသီနဲ့ လိုက်ပါတယ်။ ဒီအချိန်မှာ လည်ဆွဲအရှည်၊ နားဆွဲအရှည်တွေနဲ့ လက်ဝတ်ရတနာတွေ အများကြီးမ၀တ်တာ အကောင်းဆုံးပါ။

(၅) အရမ်းထူတာတွေကို ရှောင်ပါ

jacket min


ထူတဲ့ အ၀တ်တွေက ရေတိုက်ရိုက်မစိုရင်တောင် စိုထိုင်းထိုင်းဖြစ်နေတတ်တာကြောင့် ဂျင်းဘောင်းဘီဆိုရင်လည်း ဂျင်းအပါးလေးတွေကို ရွေးဝတ်ပါ။ အပေါ်ဝတ် အင်္ကျီတွေကိုလည်း သိပ်မထူတာလေးတွေ ၀တ်ပါ။

(၆) အရောင် စိုစို တောက်တောက်လေးတွေဝတ်ပါ

bright colour min
ရာသီဥတုက မှုန်မှိုင်းနေတော့ အရောင်စိုစိုတောက်တောက်လေးတွေ ၀တ်ရင် စိတ်ကို တက်ကြွစေမှာမို့ပါ။ အညိုတို့ အနက်တို့ ၀တ်ချင်ရင်တောင် အညိုစိုစို ၊ အနက်စိုစိုကို ရွေးဝတ်ပါ။

 

Source:aunty may

Read 1121 times
Rate this item
(1 Vote)