What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အနောက်တိုင်းဝတ်စုံဝတ်ဆင်တဲ့အခါမှာ လွဲမှားတတ်တဲ့ အမှားများ

အနောက်တိုင်းဝတ်စုံဝတ်ဆင်တဲ့အခါမှာ လွဲမှားတတ်တဲ့ အမှားများ Google

တိုးတက်လာတဲ့ ခေတ်နဲ့ အညီ လူကြီးလူကောင်းဆန်တဲ့ အနောက်တိုင်းဝတ်စုံဝတ်စား ဆင်ယင်မှုဟာလည်း


အနောက်တိုင်းသားတွေသာမက နိင်ငံပေါင်းစုံက လူတော်တော်များဝတ်ဆင်လာတာကိုတွေ့ရပါတယ်။


ယောကျာ်းလေးတိုင်းမှာလည်း အနောက်တိုင်းဝတ်စုံတစ်စုံအနည်းဆုံးရှိတတ်ကြပါတယ်။


ပွဲတက်အခါမှာပဲဖြစ်ဖြစ် ရုံးတက်တဲ့အခါမှာပဲဖြစ်ဖြစ် အနောက်တိုင်းဝတ်စုံတွေကို ဝတ်ဆင်လေ့ရှိကြပြီး ဝတ်ဆင်တဲ့ အခါမှာလည်း ကိုယ်တိုင်သတိမထားမိတဲ့ အမှားလေးတွေရှိပါတယ်။ အာ့အမှားလေးတွေက ဘာတွေလည်းဆိုတာကို သတိထားလို့ရအောင် ဖော်ပြပေးလိုက်ပါ

တယ်။

အရောင်များမကိုက်ညီခြင်း


အကောင်းဆုံးကတော့ အနောက်တိုင်းဝတ်စုံတစ်စုံဝတ်ဆင်တော့မယ်ဆိုရင် အပေါ်က ကုတ်နဲ့ အောက်ကစတိုင်ဘောင်းဘီကို အရောင်တူတာကိုပဲဝတ်ဆင်သင့်ပါတယ်။ တချို့သောသူတွေက မိမိအရောင် တောက်ပအောင် အပေါ်တစ်ရောင် အောက်တစ်ရောင် အရောင်

တောက်တောက် တွေကရွေးချယ်တတ် ကြပါတယ်။ အဲ့ဒါကတော့ရွေးချယ်မှုအမှားပါ။ ထိုသို့ရွေးချယ်ခြင်းက သင့်ကိုလူကြားထဲမှာ ပြောင်စပ်စပ် ဖြစ်စေပြီး ကြည့်ရဆိုးစေပါတယ်။

ခန္ဓာကိုယ်နှင့် ကွက်တိမကျခြင်း


အနောက်တိုင်းဝတ်စုံတွေရဲ့သဘောသဘာဝဟာ ခန္ဓာကိုယ်နဲ့ တစ်သားတည်းဖြစ်နေမှသာ ကြည့်ကောင်းတာ

ဖြစ်ပါတယ်။ သင့်အနေနဲ့ အနောက်တိုင်းဝတ်စုံတစ်စုံ ဝယ်တော့မယ် ( သို့မဟုတ် ) ချုပ်တော့မယ်ဆိုရင်


ခန္ဓာကိုယ်နဲ့ တစ်သားတည်း ကွက်တိဖြစ်မဖြစ်သတိထားပါ။ ကြီးလွန်းတာကိုဝတ်ဆင်မိမယ်ဆိုရင် ပွပွယောင်းယောင်းနဲ့ အလွန်ကြည့်ရဆိုးစေပြီး သေးလွန်းတာကို ဝတ်ဆင်မိမယ်ဆိုရင်တော့ သင့်ကို သက်တောင့်သက်တာမဖြစ်စေဘဲ နေရခက်စေမှာပါ။

အောက်ခံရှပ်အင်္ကျီအရောင် ရွေးချယ်မှုမှားခြင်း


သင့်အနေနဲ့ အနောက်တိုင်းဝတ်ဆုံ ဝတ်ဆင်တဲ့ အခါမှာ အောက်ခံရှပ်အင်္ကျီအရောင်ကို ဂရုတစိုက် ရွေးချယ်ဖို့လိုပါတယ်။ အကယ်၍ သင့်သာ အပေါ်ကကုတ် အမဲကိုဝတ်ဆင်မယ်ဆိုရင် အောက်ခံတီရှပ်ကို


အဖြူ ၊ ကြက်သွေး ရောင် စတဲ့ အရောင်တွေကို ရွေးချယ်သင့်ပါတယ် အရောင်နုတာကို မရွေးချယ်သင့်ပါဘူး။


အပေါ်ကုတ်မိုးပြာရောင်ကိုဝတ်ဆင်မယ်ဆိုရင် အောက်ခံရှပ်ကို အဝါနု ၊ အဖြူ စတဲ့ အရောင်တွေကိုရွေးချယ်သင့်ပါတယ်။ သင့်ရဲ့ အောက်ခံရှပ် အရောင် ဟာ အပေါ်ကုတ်နဲ့ မလိုက်ဖက်ဘူးဆိုရင်


သင့်ကိုကြည့်ရဆိုးစေမှာပါ။

ခါးရှည်လွန်းတဲ့ ကုတ်ကိုဝတ်ဆင်ခြင်း


နောက်တိုင်းဝတ်စုံတစ်စုံမှာ အရေးကြီးဆုံးအပိုင်းကတော့ အပေါ်ကထပ်ဝတ်တဲ့ ကုတ်ပဲဖြစ်ပါတယ်။


လူအများစုဟာအနောက်တိုင်းဝတ်စုံ ဝတ်ဆင်တဲ့ အခါမှာ အပေါ်ကုတ်အရမ်းရှည်တာကို ဝတ်ဆင်မိတတ်ကြပါတယ်။အာ့လိုအပေါ်ကုတ် အရမ်းရှည်တာဟာ ခါးပတ်၊ ဘောင်းဘီတို့ကို မပေါ်လွင်စေဘဲ


သင့်ကိုပိုပုစေပါတယ်။ ဒါကြောင့် အနောက်တိုင်းဝတ်စုံဝတ်ဆင်တော့မယ်ဆိုရင် အပေါ်ကုတ်ရဲ့ အရမ်းရှည်နေလားဆိုတာကို သတိထားသင့်ပါတယ်။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 


 





Coat11

 





coat2

 





Coat

 





coat4

 




Myanmar Textile and Garment Directory

အဝတ်အစား ဆိုင်တွေကို သိချင်ရင်တော့

 

 
Read 3170 times
Rate this item
(0 votes)
Tagged under