What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရှောင်ကြဉ်သင့်သည့် ဒီဇိုင်းများ

ရှောင်ကြဉ်သင့်သည့် ဒီဇိုင်းများ google

        လူတစ်ဦးနဲ့တစ်ဦး ခန္ဓာကိုယ်တည်ဆောက်ပုံချင်း မတူနိုင်တာကြောင့် အဝတ်အစားရွေးချယ်တဲ့အခါလည်း သူများနဲ့လှတိုင်း၊ အဆင်ပြေတိုင်း အဲ့ဒီ ဒီဇိုင်းဟာ ကိုယ်နဲ့အဆင်မပြေနိုင်ပါဘူး။

ဒါ့ကြောင့် လူတိုင်းနဲ့ လိုက်ဖက်မှု နည်းလွန်းလှတဲ့ အဝတ်စားဒီဇိုင်းတွေကို ခုလို ဖော်ပြပေးလိုက်ပါတယ်။

၁။အတွန့် အထပ်တွေနဲ့ ချုပ်လုပ်ထားတဲ့ ဘောင်းဘီ

        ဒီလိုအတွန့် အထပ်တွေပါတဲ့ ဘောင်းဘီတွေကိုဝတ်ဆင်လိုက်ရင် အမြင်မှာ လေးလံပြီး အရပ်ပုသွားသလို ခံစားရပါတယ်။ ခေတ်နောက်ပြန်သလို၊ ခေတ်နောက်ကျသလိုအမြင်မျိုးရစေနိုင်ပါတယ်။

1

 

၂။အရမ်းတိုနံ့ နံ့ ဆန်တဲ့ မီနီစကတ်

        မီနီစကတ်တွေကို ခြေတံသွယ်ပြီးရှည်တဲ့သူတွေ ဝတ်ဆင်ရင် အရမ်းလိုက်ဖက်ပါတယ်။ မီနီစကတ်က ဒူးအပေါ်ထက်ဝက်ကျော်လောက်တိုနေရင်တော့ မဝတ်တာ အကောင်းဆုံးပါပဲ။

 

2

 

၃။ လိမ္မော်ရောင် အဆင်

        အဝတ်အစားကို လိမ္မော်ရောင်ဝတ်ရင် အမြင်တောက်ပြောင်စေမှာမဟုတ်ပါဘူး။ အမြင်စူးစေမှာပါ။ လိမ္မော်ရောင် တွဲဖက် အဆင်တန်ဆာတွေကတော့ အထာကျပြီး အမြင်ဆန်းစေပါတယ်။

 

3

 

၎။ ကန့် လန့် အစင်းကြောင်း

        ကန့် လန့်  အစင်းကြောင်းအင်္ကျီတွေကဒေါင်လိုက်အစင်းကြောင်းတွေနဲ့ ဆန့် ကျင်ဘက်အမြင်ကိုရစေပါတယ်။ ကန့် လန့် စင်းအကျီ င်္တွေကိုဝတ်ဆင်ရင် လူကောင်ပိုကြီးပိုဝနေတဲ့ အမြင်ကိုရစေပါတယ်။

 

4

 

၅။ ဒေါက်ဖိနပ်နဲ့ ဘောင်းဘီအတို

        နိုင်ငံခြားဘားတွေ၊ ကလပ်တွေကစားပွဲထိုးအမျိုးသမီးတွေ ဝတ်လေ့ဝတ်ထရှိတဲ့ပုံစံပါ။ ဘောင်းဘီအတိုဝတ်ဖို့ စိတ်ကူးထားရင်တော့ စလစ်ပါဖိနပ် ဒါမှမဟုတ် ဖိနပ်အထူတွေနဲ့  တွဲဖက်ဝတ်ဆင်ပါ။

5

 

၆။ အကြပ်လွန် အကျီ င်္

        အရမ်းကြပ်တဲ့ အကျီ င်္တွေကဝတ်ရတာသက်တော့သက်သာမရှိသလိုဖက်ရှင်လဲမကျပါဘူး။ နဂိုရှိရင်းထက် ၁၀ပေါင် ပိုများနေတယ်လို့ တောင်ထင်ရပါတယ်။

 

၆

 

၇။ ခြေအိတ်ရှည် နဲ့ ကြိုးသိုင်းဖိနပ်

        ခြေအိတ်ရှည်ကို ကြိုးသိုင်းဖိနပ်နဲ့ တွဲဝတ်ဖို့ လုံးဝမသင့်တော်ပါဘူး။

 

7

 

၈) အသားကပ်ဘောင်းဘီ

        အသားကပ်ဘောင်းဘီကိုအတွင်းခံအနေနဲ့ ဝတ်ဆင်ကြတာများပါတယ်။ ဒီတော့ အသားကပ်ဘောင်းဘီကိုအပေါ်မှာဘာမှာအထပ်ပဲဝတ်ဆင်ရင်တော့ အရမ်းကြည့်ရဆိုးပါတယ်။

 

8

 

၉) ချည်ကတ္တီပါ ဘောင်းဘီရှည်

        ချည်ကတ္တီပါ ဘောင်းဘီရှည်ကပွရောင်းနေတတ်ပြီးလမ်းလျှောက်ရင် ပွတ်တိုက်မိတဲ့ အသံအမြဲထွက်နေတတ်ပါတယ်။ ဒီတော့ ဒီလိုဘောင်းဘီမျိုးကိုမဝတ်ဆင်တာပိုကောင်းပါတယ်။

 

9

 

Source:အလှအပနှင့် ကျန်းမာရေး

Read 2975 times
Rate this item
(0 votes)
Tagged under