What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဝတ်လျှော်နည်း လျို့ဝှက်ချက်များ

အဝတ်လျှော်နည်း လျို့ဝှက်ချက်များ google

အဝတ်လျှော်နည်း လျို့ဝှက်ချက်များ

အဝတ်လျှော်တဲ့ အလုပ်ကို အများစုက မနှစ်မြို့ကြပါဘူး။ သို့ပေမယ့် ဒီအလုပ်အတွက် အရင်ကထက် ပိုပြီး အဆင်ပြေစေမယ့် နည်းလမ်းတွေနဲ့ လွယ်ကူသက်သာစေမယ့် နည်းလမ်း တချို့ရှိနေပါတယ်။
 မိမိဂျင်းဘောင်းဘီ အလှမပျက်အောင်၊ အဝတ်လျှော်စက်လည်း သန့်ရှင်းအောင်၊ အနံ့ဆိုးတွေလည်း ပျောက်ကင်းအောင် ဘယ်လို လုပ်ရမယ် စသည်စသည်ဖြင့် နည်းလမ်းတွေ ရှိပါတယ်။

အဲဒါတွေကို မိမိတို့ရဲ့ အရိုးရှင်းဆုံး အိမ်သုံးပစ္စည်းတွေနဲ့ ဆောင်ရွက်နိုင်တာ အံ့သြဖို့ကောင်းပါတယ်။

အဝတ်လျှော်ဖွတ်မှုဆိုင်ရာ သိသင့်တဲ့ အချက်များ

မိမိဂျင်းဘောင်းဘီကို အမြဲသစ်လွင်အောင်ထားပါ။

ဂျင်းဘောင်းဘီကို ဇလုံတစ်ခုအတွင်း ရေတစ်ခွက်နဲ့ ဆားတစ်ခွက်နဲ့အတူ စိမ်ပါ။

ဆားက ဂျင်းရဲ့အရောင်ကို မြဲမြံစေပြီး အရောင်မြိန်တာ နှေးကွေးစေပါလိမ့်မယ်။ သို့မဟုတ်လျှင် အဲဒီအစား ဘောင်းဘီကို ပလတ်စတစ်ထဲ ထည့်ပြီး ရေခဲသေတ္တာထဲ အအေးခံနိုင်ပါတယ်။

ဂျင်းဘောင်းဘီကို ရေခဲသေတ္တာထဲ အအေးခံတာဟာ အနံ့ဆိုးတွေ ဖယ်ရှားနိုင်ကြောင်း Levi’s ကုမ္ပဏီရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ရေအေးအသုံးပြုပါ

ရေအေးက အဝတ်စကျုံ့တာ ကာကွယ်နိုင်တယ်။ မီးပူမတိုက်ပါနဲ့။ အခြောက်မှုတ်စက် အသုံးပြုပါ။
 သင့်အဝတ်အစားတွေကို စိုစိုပြေပြေ ကျော့ကျော့မော့မော့ဖြစ်အောင်  ထိန်းသိမ်းပေးပါတယ်။

ညစ်ပတ်နေတဲ့ အဝတ်လျှော်စက် သန့်စင်ဖို့အတွက် ပလုတ်ကျင်းရည်ကို အသုံးပြုပါ။ 
ဘာမှမရှိတဲ့ အဝတ်လျှော်စက်ထဲ ပလုတ်ကျင်းရည် ၁/၂ ခွက်ထည့်ပါ။ 
စက်ကို လည်ပတ်စေခြင်းအားဖြင့် ပိုးသတ်ပေးပြီး လတ်ဆတ်၊ သန့်စင်စေပါတယ်။

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

အဝတ္ေလွ်ာ္တဲ့ အလုပ္ကို အမ်ားစုက မႏွစ္ျမဳိ႕ၾကပါဘူး။ သုိ႔ေပမယ့္ ဒီအလုပ္အတြက္ အရင္ကထက္ ပိုျပီး အဆင္ေျပေစမယ့္ နည္းလမ္းေတြနဲ႔ လြယ္ကူသက္သာေစမယ့္ နည္းလမ္း တခ်ဳိ႕ရွိေနပါတယ္။


 မိမိဂ်င္းေဘာင္းဘီ အလွမပ်က္ေအာင္၊ အဝတ္ေလွ်ာ္စက္လည္း သန္႔ရွင္းေအာင္၊ အနံ႔ဆုိးေတြလည္း ေပ်ာက္ကင္းေအာင္ ဘယ္လုိ လုပ္ရမယ္ စသည္စသည္ျဖင့္ နည္းလမ္းေတြ ရွိပါတယ္။

အဲဒါေတြကို မိမိတုိ႔ရဲ႕ အရုိးရွင္းဆုံး အိမ္သုံးပစၥည္းေတြနဲ႔ ေဆာင္ရြက္ႏုိင္တာ အံ့ၾသဖို႔ေကာင္းပါတယ္။

အဝတ္ေလွ်ာ္ဖြတ္မႈဆုိင္ရာ သိသင့္တဲ့ အခ်က္မ်ား

မိမိဂ်င္းေဘာင္းဘီကို အျမဲသစ္လြင္ေအာင္ထားပါ။

ဂ်င္းေဘာင္းဘီကို ဇလုံတစ္ခုအတြင္း ေရတစ္ခြက္နဲ႔ ဆားတစ္ခြက္နဲ႔အတူ စိမ္ပါ။

ဆားက ဂ်င္းရဲ႕အေရာင္ကို ျမဲျမံေစျပီး အေရာင္ျမိန္တာ ေႏွးေကြးေစပါလိမ့္မယ္။ သို႔မဟုတ္လွ်င္ အဲဒီအစား ေဘာင္းဘီကို ပလတ္စတစ္ထဲ ထည့္ျပီး ေရခဲေသတၱာထဲ အေအးခံႏိုင္ပါတယ္။

ဂ်င္းေဘာင္းဘီကို ေရခဲေသတၱာထဲ အေအးခံတာဟာ အနံ႔ဆုိးေတြ ဖယ္ရွားႏုိင္ေၾကာင္း Levi’s ကုမၸဏီရဲ႕ ေျပာဆိုခ်က္အရ သိရပါတယ္။

ေရေအးအသုံးျပဳပါ

ေရေအးက အဝတ္စက်ဳံ႕တာ ကာကြယ္ႏုိင္တယ္။ မီးပူမတုိက္ပါနဲ႔။ အေျခာက္မႈတ္စက္ အသုံးျပဳပါ။
 သင့္အဝတ္အစားေတြကို စိုစိုေျပေျပ ေက်ာ့ေက်ာ့ေမာ့ေမာ့ျဖစ္ေအာင္  ထိန္းသိမ္းေပးပါတယ္။

ညစ္ပတ္ေနတဲ့ အ၀တ္ေလွ်ာ္စက္ သန္႔စင္ဖုိ႔အတြက္ ပလုတ္က်င္းရည္ကို အသုံးျပဳပါ။
ဘာမွမရိွတဲ့ အဝတ္ေလွ်ာ္စက္ထဲ ပလုတ္က်င္းရည္ ၁/၂ ခြက္ထည့္ပါ။
စက္ကို လည္ပတ္ေစျခင္းအားျဖင့္ ပိုးသတ္ေပးျပီး လတ္ဆတ္၊ သန္႔စင္ေစပါတယ္။

 

Bags လြယ္အိတ္ဆုိင္ ၆၉၂ ဆုိင္ကိုရွာရန္ ႏွိပ္ပါ။

 

Credit :Trend Myanmar

 

Myanmar Textile and Garment Directory

အဝတ္အစား ဆိုင္ေတြကို သိခ်င္ရင္ေတာ့

Read 5281 times
Rate this item
(0 votes)
Tagged under