What's new

×

Warning

JUser: :_load: Unable to load user with ID: 845


နေ့တိုင်း ကြည့်ကောင်းပြီးစတိုင်လ်ကျနေစေဖို့ အကြံပြုချက် ၃ ချက်

ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် နေ့တိုင်းစတိုင်လ်ကျပြီး

ကြည့်ကောင်းနေစေဖို့ အကူအညီဖြစ်မယ့် အကြံပြုချက် ၃ ချက်ကို ဖော်ပြပေးချင်ပါတယ်။

လူတစ်ယောက်နဲ့ တစ်ယောက်ဆုံကြတဲ့အခါ လူတော်တော်များများ အရင်ဆုံးသတိထားမိတတ်တာက တစ်ဖက်လူ ဝတ်ထားတဲ့အဝတ်အစားနဲ့ ပုံပန်းသွင်ပြင်ပါပဲ။ ဒါကြောင့် မော်ဒယ်တွေ၊ သရုပ်ဆောင်တွေမှမဟုတ်ဘဲ လူတိုင်းကိုယ့်ရဲ့ ကိုယ့်ကိုယ်ကိုယ် ကြည့်ကောင်းပြီး စတိုင်လ်ကျနေအောင် ဂရုစိုက်ဝတ်စားသင့်ပါတယ်။ ဒါကြောင့်ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် နေ့တိုင်းစတိုင်လ်ကျပြီးကြည့်ကောင်းနေစေဖို့ အကူအညီဖြစ်မယ့် အကြံပြုချက် ၃ ချက်ကို ဖော်ပြပေးချင်ပါတယ်။

(၁) အတိုင်းအတာ၊ ဆိုဒ်

ပိန်တဲ့လူပဲဖြစ်ဖြစ်၊ ဝတဲ့လူပဲဖြစ်ဖြစ် ၊ ဒါမှမဟုတ် ခန္ဓာကိုယ်အချိုးအစားပုံစံကျလှပတဲ့သူပဲဖြစ်ဖြစ် အရွေးမမှားနိုင်ဘဲ စတိုင်လ်ကျစေမှာကတော့ ကိုယ်နဲ့ ကွက်တိကျတဲ့ ဆိုဒ်မျိုးရှိတဲ့အဝတ်အစားတွေပါပဲ။ ခေတ်အလိုက် ခပ်ပွပွအဝတ်အစား တွေ၊ ဒါမှမဟုတ် ခပ်ကျပ်ကျပ်တွေကို ဖက်ရှင်အနေနဲ့ ဝတ်ဆင်တတ်ကြပေမယ့်  အဲဒီလိုအဝတ်အစားတွေက ပိန်တဲ့သူကို ပိုပိန်တယ်လို့ ထင်ရစေပြီး ဝတဲ့သူတွေကိုလည်း ပိုဝတယ်လို့ ထင်ရစေတာကြောင့် ကြည့်ကောင်းပြီး စတိုင်လ်ကျနေဖို့ အတွက်ဆိုရင် ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ ကွက်တိကျတဲ့ အတိုင်းအတာနဲ့ဆိုဒ်မျိုးရှိတဲ့ အဝတ်အစားတွေကို ရွေးချယ်တာ အကောင်းဆုံးပါပဲ။

(၂) အရောင်

လူတစ်ယောက်နဲ့ တစ်ယောက် အသားရောင်ချင်းမတူတဲ့အတွက် လိုက်ဖက်တဲ့အရောင်တွေကလည်း မတူညီနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်အသားအရောင်နဲ့လိုက်ဖက်မယ့် အရောင်ရှိတဲ့အဝတ်အစားတွေကိုရွေးချယ်ဝတ်ဆင်တတ်ဖို့လိုပါတယ်။ အဝါရောင်၊ အနီရောင်၊ အစိမ်းရောင်တို့လို ခပ်တောက်တောက်ပေါ်လွင်တဲ့အရောင်မျိုးတွေကို ရွေးချယ်မယ်ဆိုရင်တော့ ကိုယ်နဲ့လိုက်၊ မလိုက် ဂရုတစိုက်ကြည့်ပြီးမှ ရွေးချယ်သင့်ပါတယ်။ အဖြူရောင်၊ အနက်ရောင်နဲ့ ခပ်ဖျော့ဖျော့အရောင်တွေ ကတော့ လူတော်တော်များများနဲ့လိုက်ဖက်တဲ့အရောင်တွေပါပဲ။

(၃) လိုက်ဖက်မှု

ကိုယ်တွဲဖက်ပြီး ဝတ်ထားတဲ့ အဝတ်အစားတွေက တစ်ခုနဲ့တစ်ခုလိုက်ဖက်မှုရှိဖို့လည်း လိုပါတယ်။ လိုက်ဖက်တယ်ဆိုတဲ့ နေရာမှာ အရောင်အရရော၊ အဆင်အနေနဲ့ပါ တစ်ခုနဲ့တစ်ခုလိုက်ဖက်နေဖို့လိုပါတယ်။ နေ့စဉ်ဘဝမှာ ဝတ်ဆင်ဖို့အတွက် ဘယ်အရောင်တွေက လိုက်ဖက်မှုရှိပြီး ဘယ်လိုအဆင်တွေက တစ်ခုနဲ့တစ်ခုအဆင်ပြေနိုင်သလဲဆိုတာကို သိဖို့ ဖက်ရှင် ဒီဇိုင်နာတစ်ယောက်၊ ပညာရှင်တစ်ယောက်ဖြစ်ဖို့မလိုပါဘူး။ သင့်အနေနဲ့ ဝတ်စားပြီးတဲ့နောက် ကိုယ်လုံးပေါ် မှန်ရှေ့မှာ ရပ်လိုက်တဲ့အခါ သင့်ရဲ့သာမန်အမြင်မှာပဲ တစ်ခုခုက သီးခြားကြီးကွဲထွက်နေပြီဆိုရင် အဲဒီလို ကွဲထွက်နေတဲ့ အရာက လိုက်ဖက်မှုမရှိတော့ဘူးဆိုတာကို သိနိုင်ပြီး အဲဒီလိုကွဲထွက်နေတာက ကိုယ့်အကြိုက် ဟုတ်၊မဟုတ် ဆုံးဖြတ်ရမှာပဲ ဖြစ်ပါတယ်။

ထိုသို့ကွဲပြားခြားနားမှုအမျိုးမျိုးနှင့် အားလုံးအဆင်ပြေအောင် ရွေးချယ်နိုင်ဖို့အတွက်ကလည်း တော်တော်ခေါင်းရှုပ်ရတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် UCB မှာဆိုရင်တော့ သင့်ရွေးချယ်မှုများအတွက် ခေါင်းရှုပ်စရာ ခေါင်းကိုက်စရာအခြေအနေတွေကနေ ကင်းဝေးပြီး သင်နှင့် အလိုက်ဖက်ဆုံးသော Fashion ကို တစ်နေရာတည်းမှာဝယ်ယူနိုင်မှာဖြစ်ပါတယ်။

source:duwun

Read 1364 times
Rate this item
(0 votes)