What's new

×

Warning

JUser: :_load: Unable to load user with ID: 845


နေ့စဉ်နဲ့အမျှ စီးနေရတဲ့ ဒေါက်ဖိနပ်တွေရဲ့ နာကျင်မှုဒဏ်မှ ကင်းဝေးစေမယ့် နည်းလမ်းကောင်း(၁၃)ချက်

မိန်းကလေးအများစုအနေနဲ့ မင်္ဂလာဆောင်ပွဲတွေ၊ တစ်ခြားပွဲအခမ်းအနားတွေ သွားတဲ့အခါမှာ အရောင်တောက်ပတဲ့ အဝတ်စားတွေနဲ့ အလွန်ကောင်းမွန်တဲ့ ဒေါက်မြင့်ဖိနပ်တွေကို ဝတ်ဆင်ကြလေ့ရှိပါတယ်။

မြင့်မားတဲ့ဒေါက်မြင့်ဖိနပ်တွေဟာ သင့်ကို လှပကြော့ရှင်းစေသလို တဖက်မှာလည်း နာကျင်မှုဒဏ်တွေကို ခံစားရစေတယ်။ ဒီလို နာကျင်မှုဒဏ်တွေကို မခံစားရစေဖို့ နည်းလမ်းကောင်းတွေကို ဝေမျှပေးလိုက်ပါတယ်။

1. ဒေါက်မြင့်ဖိနပ်ကို ရေခဲသေတ္တာထဲမှာ ထားပါ

Put your high heels in the freezer min
ရေခဲသေတ္တာထဲမှာ မိနစ်၃ဝလောက် ဒေါက်ဖိနပ်ကို ထားထားပါ။ အေးစက်နေတဲ့ ဒေါက်ဖိနပ်ကို စီးလိုက်တဲ့အခါ သင့်ရဲ့ နွေးနေတဲ့ ခြေထောက်ပုံသဏ္ဍန် နဲ့ ဒီဖိနပ်နဲ့ လိုက်ဖက်မှုရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သတိပြုပါ။ သင်လည်းပဲ ရေအိတ်ကို ဖိနပ်အတွင်းမှာထည့်ပြီး ရေခဲသေတ္တာထဲမှာ ထားနိုင်ပါတယ်။ ဒီလိုအေးစက်နေတဲ့ ရေတွေက သင့်ဖိနပ်ကို အနည်းငယ် ဆန့်ထုတ်ပါလိမ့်မယ်။

2. Double တိပ်

Double sided tape min
သင်စီးမယ့်ဖိနပ် အောက်ခြေမှာ တိပ်ကို ကပ်ပါ။ ဒီနည်းလမ်းဟာ သင်ရဲ့ခြေထောက်တွေကို ကာကွယ်စောင့်ရှောက်ပေးလိမ့်မယ်။ ခြေချောင်းမှာ ဖြစ်တတ်တဲ့ အရည်ကြဉ်ဖုများနှင့် နာကျင်မှုကို တားဆီးပါလိမ့်မယ်။

သင်နှစ်သက်တဲ့ဖိနပ်ကနေ သင့်ရဲ့အကြောင်းတွေကို ပြောပြနေခြင်း

3.ကောင်းမွန်တဲ့ ခြေအိတ်ကို အသုံးပြုပါ

Use special high heel insoles min
ခြေချောင်းထိပ်လေးတွေနာကျင်မှုကို သက်သာစေဖို့ ဆီလီကွန်(သို့) ချည်သားနဲ့ ပြုလုပ်ထားတဲ့ ခြေအိတ်တွေကို အသုံးပြုဝတ်ဆင်ပါ။ အရည်ကြဉ်ဖု ဖြစ်ခြင်းနှင့် နာကျင်မှုဒဏ်ကို သက်သာစေမှာပါ။ ထိပ်ပွင့်ဒေါက်ဖိနပ်စီးမယ်ဆိုရင် ဆီလီကွန်နဲ့ လုပ်ထားတဲ့ ခြေအိတ်ကို ဝတ်ဆင်နိုင်ပါတယ်။ သင့်ရဲ့ခြေချောင်းတွေကို မမြင်နိုင်တဲ့အပြင် နာကျင်မှုဒဏ်မှလည်း ကင်းဝေးစေပါတယ်။

4. ရေဓာတ်ပြန်လည် ဖြည့်တင်းပေးတဲ့ ခရင်မ်

Hydrating cream min
ဒေါက်မြင့်ဖိနပ်စီးတဲ့အခါ ပွတ်တိုက်မှုဒဏ်တွေ၊ အရည်ကြဉ်ဖုတွေ နှင့် ဖိနပ်သစ်စီးတဲ့အခါ တင်းကျပ်ပြီး ပေါက်ပြဲမှု ဒဏ်တွေ ရရှိစေတယ်။ ဒါကြောင့် ရေဓာတ်ပြန်ဖြည့်ပေးတဲ့ ခရင်မ်ကို အသုံးပြုပါ။

5. ကလေးပေါင်ဒါ

Baby powder min
ကလေးပေါင်ဒါဟာ ပွတ်တိုက်မှုဒဏ်မှ ရရှိလာတဲ့ ဒဏ်ရာအသေးအဖွဲများ နှင့် ခြေထောက်ကထွက်တဲ့ ချွေးအနံ့အသက်တွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

6. သင့်ရဲ့ခြေချောင်းကို တိပ်နဲ့ ကပ်ပေးပါ

Adhesive tape for your toes min
ခြေထောက်က အာရုံကြောဖိအားတွေကို လျှော့ချရန်အတွက် ဒုတိယနှင့် တတိယ ခြေချောင်းကို ကပ်ပေးပါ။ ဒီခြေချောင်း ၂ချောင်းဟာ နာကျင်မှုဒဏ်ကို ဖြစ်ပေါ်စေနိုင်တာကြောင့်ပါ။

7. ဒေါက်ဖိနပ်ကို ချွတ်မထားပါနဲ့

Dont take off your heels min
ဒေါက်မြင့်ဖိနပ်စီးလိုက်လို့ ရရှိလာတဲ့ နာကျင်မှုဒဏ်တွေကို ခဏတာ သက်သာစေဖို့ အမျိုးသမီးတိုင်းလိုလို ဖိနပ်ကို ချွတ်ထားလေ့ရှိတတ်ကြတယ်။ ဒါပေမဲ့ ချက်ခြင်းဆိုသလို သင့်ရဲ့ခြေထောက်တွေ ရောင်ရမ်းလာပါလိမ့်မယ်။ ဖိနပ်ချွတ်လိုက်ပြီး ပြန်စီးတဲ့အခါမှာ နာကျင်မှုဒဏ်ကို ပိုခံစားရမှာပါ။

8. ကြိုတင်ဝတ်ဆင်ပါ

Put on your heels at home min
ဒေါက်ဖိနပ်များကို ကိုယ်သွားမယ့်နေရာသို့ မစီးခင် တစ်ပတ်အလိုလောက် အိမ်မှာ ကြိုတင်ဝတ်ဆင်ပါ။ ဒါမှသာ ဖိနပ်က အနည်းငယ်ဆန့်သွားပြီး သက်တောင့်သက်သာစီးနိုင်မှာဖြစ်ပါတယ်။

9. ချွေးနံ့ပျောက်ဆေး (roll-on)

Deodorant min
roll-on ကို ဖိနပ်မဝတ်ဆင်ခင်မှာ နာကျင်စေပြီး ထိခိုက် ပွန်းရှစေနိုင်တယ်လို့ ထင်ရမယ့် နေရာများသို့ လိမ်းပေးပါ။

10. မရပ်ပစ်လိုက်နဲ့

Dont stop min
အကယ်၍ နာကျင်မှုဒဏ်တွေရခဲ့ရင်တောင် တဖြည်းဖြည်းအချိန်ယူပြီး လျှောက်သင့်ပါတယ်။ ဒီတိုင်းရပ်နေမယ်ဆိုရင် နာကျင်မှုပိုမို ဖြစ်ပေါ်စေပါလိမ့်မယ်။

11. Foot care လုပ်ဖို့မမေ့သင့်ဘူး

Dont forget about proper foot care min
ဒေါက်မြင့်ဖိနပ်ကြောင့် အသားရေကြမ်းတမ်းပြီး အက်ကွဲကြောင်းဒဏ်တွေ၊ နာကျင်မှုဒဏ်တွေလည်း ပိုမိုဆိုးဝါး လာနိုင်ပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ foot care လုပ်ပေးပါ။

12. မှန်ကန်တဲ့ ဒေါက်မြင့်ဖိနပ်ကို ရွေးချယ်ပါ

Choose the right heel min
အရမ်းမြင့်လွန်းတဲ့ ဖိနပ်တွေကို တခါမှ မစီးဖူးဘူးဆိုရင်တော့ ဖိနပ်ဝယ်တဲ့အခါမှာ မြင့်လွန်းတဲ့ဒေါက်တွေကို မဝယ်ပါနဲ့။ နာကျင်မှုဒဏ်ကို ပိုမိုခံစားရလိမ့်မယ်။ ဒါကြောင့် ပထမဆုံးစီးတဲ့အခါ ဒေါက်သေးသေးလေးတွေကိုပဲ ရွေးချယ်ပါလို့ အကြံပြုချင်တယ်။

13.အရေးပေါ်ကိရိယာ

Emergency kit min
တကယ်လို့ ဒေါက်ဖိနပ်အသစ်ကို စီးတဲ့အခါမှာ သက်တောင့်သက်သာမရရှိနိုင်ဘူးလို့ ထင်မယ်ဆိုရင် ပိုက်ဆံအိတ်ထဲမှာ အနာကပ်ပလာစတာနှင့် နာကျင်မှုကို သက်သာစေမယ့်အရာတွေကို ဆောင်ထားသင့်ပါတယ်။ ဖိနပ်ကနေရရှိတဲ့ နာကျင်မှုဒဏ်တွေကို ကယ်တင်ပေးပါလိမ့်မယ်။
ဒီနည်းလမ်းတွေက ပျိုမေတို့အတွက် အသုံးဝင်ပြီး နာကျင်မှုဒဏ်တွေကို သက်သာပျောက်ကင်းစေနိုင်မယ်လို့ ထင်ပါတယ်။

 

Author:TDA

Read 3295 times
Rate this item
(1 Vote)