What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မော်ဒယ်တွေ Runway ထက်မှာ မရယ်၊မပြုံးရတဲ့ အကြောင်းအရင်း

မော်ဒယ်တွေ Runway ထက်မှာ မရယ်၊မပြုံးရတဲ့ အကြောင်းအရင်း google

မော်ဒယ်တွေ Runway ထက်မှာ မရယ်၊မပြုံးရတဲ့ အကြောင်းအရင်း

Runway ထက်မှာ မော်ဒယ်တွေ အများကြီးနဲ့ လျှောက်ကြတဲ့ တကယ့် ဒိတ်ဒိတ်ကြဲထိပ်တန်း Model Show ပွဲ တွေကို ကြည့်ဖူးကြမှာပါ။

အဲ့ဒီပွဲတွေမှာ သေချာသတိထား ကြည့်မယ်ဆိုရင်တော့ လျှောက်လှမ်း (Runway) ထက် မှာ လျှောက်တဲ့ မော်ဒယ်တွေရဲ့ မျက်နှာထားတွေဟာ လုံးဝရုပ်တည်ကြီးတွေ ဖြစ်နေတာကိုတွေ့ရမှာပါ။

တည်နေတဲ့ မျက်နှာ ပေါ်မှာ ရယ်ခြင်း၊ပြုံးခြင်း လုံးဝကို ကင်းမဲ့ နေတာကို တွေ့ရမှာပါ။သူတို့တွေ ဘာလို့ Runway ထက်မှာ မရယ်ကြ၊မပြုံး ကြတာလဲ။

(1)No Smile Policy

မဟာဆန်ပြီး တည်ကြည်တဲ့ မျက်နှာပေးပုံစံမျိုးဟာ (၁၉)ရာစုလောက်တုန်းက အရမ်းကို နာမည်ကြီး ခဲ့ပါတယ်။

ရွှင်ပြ နေတဲ့ အပြုံးမျက်နှာမျိုးထက် ခေတ် စကားနဲ့ဆိုရင်တော့ ခပ်ချေချေ မျက်နှာပေးမျိုးကမှ မဟာဆန်တဲ့ပုံစံမျိုး ပေါက် စေတယ်လို့ လက်ခံယုံကြည်ထားကြလို့ပါ။

(၁၉)ရာစုလောက်တုန်းက တော်ဝင်မျိုးနွယ်တွေရဲ့ ပုံတူတွေတိုင်းဟာ အဲ့ဒီလို မျက်နှာထိမျက်နှာထားမျိုးပါ။

ဒါကြောင့် မာနကြီးတဲ့ ၊ ခပ်ချေချေ မျက်နှာထားမျိုးကသာ တည်ကြည်မှု၊အဆင့် အတန်း ရှိမှုကို ဖော်ပြတဲ့ သင်္ကေတတစ်ခုလို့ လက်ခံထားကြလို့ပါ။

ဒါကြောင့် Runway ထက်မှာ မော်ဒယ်တွေ က No Smile Policy ကို လက်ခံကျင့်သုံးကြတာပါ။

(2)“I Am Better Than You”

မျက်နှာပေါ်မှာ အပြုံးဆင်လိုက်တာဟာ သမရိုးကျ မျက်နှာမျိုး၊စကားပြောဖို့၊မိတ်ဖွဲ့ဖို့ လွယ်တယ်ဆိုတဲ့ သဘော ဆောင် ပါတယ်။

မော်ဒယ်တွေကတော့ Runway ထက်မှာဆိုရင် ဒါကို ပြောင်းပြန်လှန်ပစ်ရပါတယ်။

အပြုံးမျက်နှာနဲ့ သူူတို့ရဲ့ status ကိုမြှင့်တင်တာမျိုးမလုပ်ပဲ ကိုယ့်ကိုယ်ကို ထိန်းချုပ်မှုမြှင့်တင်ပြ သလို နောက်တစ်ခုက ဥရောပ အထက်တန်း လူဂုဏ်တန်တွေရဲ့ ပုံစံဖြစ်တဲ့ အမှုမထားတဲ့ ခပ်တည်တည် ပုံစံမျိုးပေါက်အောင် တမင်ထိန်းထားတာပါ။

အဲ့ဒီလို ရုပ် တည် တည် ခပ်ချေချေ မျက်နှာထားက “I Am Better Than You” Message ကို ပေးတာပါ။ ငါက နင့်ထက် ပိုတော်၊ပိုကောင်းတယ်ဆိုတဲ့ ဟန်နဲ့မာန်နဲ့ စတိုင်မျိုးကို ဖမ်းတာပါ။

(၃)မယိုင်နဲ့လွယ်တဲ့ Personality ကို ဖော်ပြ

ဒီ Runway ထက်မှာ လျှေက်နေတဲ့ သူတို့ရဲ့ စိတ်ခံစားချက်တွေကို သင့်အနေနဲ့လာပြီး ထိန်းချုပ် လို့ မရဘူး ဆိုတာကို ဖော်ပြတာပါ။

တစ်နည်းအားဖြင့်ဆိုရင်တော့ စင်ထက်က သူတို့ဟာ မယိုင်နဲ့လွယ်၊စိတ်ခံစားချက်က အတွင်းပိုင်းမှာ အ ရမ်း လှုပ်ရှားနေခဲ့ရင်တောင်မှ ထိန်းပြီး မယိုင်နဲ့လွယ်တဲ့ Personality ပိုင်ရှင် ဆိုတဲ့ ပုံစံပေါက်အောင် ဟန် လုပ် သရုပ်ဆောင်ကြတာပါ။

ခပ်တည်တည်ရုပ်တည်ပုံစံက မယိုင်နဲ့လွယ်တဲ့ Personality ဆိုတာကို ဖော်ပြစေတယ်လို့ ယုံကြည်တာကြောင့် မရယ်ကြ၊မပြုံးကြတာပါ။


(၄)Product အပေါ် အာရုံစိုက်မှုလျော့နိုင်လို့

ဒါကတော့ တကယ့်နာမည်ကြီး Brand တွေကနေ လုပ်တဲ့ Show ပွဲတွေမှာ သတိထားကြည့်ရင် တွေ့ရမှာပါ။

တစ် ခါ တလေ ကျရင် အရုပ်ကြီးတွေက လမ်းလျှောက်နေသလား လို့တောင် ထင်ရလောက်အောင် မျက်နှာထားတွေက ရုပ်သေ၊ရုပ်တည်ကြီးတွေ ဖြစ်နေတာကိုတွေ့ရမှာပါ။

မျက်နှာပေါ်မှာ အမူအရာ တွေထည့် နေရင် လူတွေက သူတို့ကြော်ငြာနေတဲ့ Brand (သို့) Product အပေါ် လူတွေက အာရုံစိုက်မှုလျော့သွားမှာ စိုးလို့ပါ။

ဒါကြောင့် ဒီဇိုင်နာ ဖန်တီး လိုက်တဲ့ အရာအပေါ်မှာ ပဲ လူတွေရဲ့ စိတ်အာရုံရှိနေအောင်၊မျက်နှာပေါ်မှာ အရယ်အပြုံးတွေ မထည့်တာပါ။


(၅)ယုံကြည်မှုရှိတာကို ဖော်ပြတာ

ဒါကတော့ ရှင်းပါတယ်။ဒီ runway ထက်မှာ လျှောက်နေတဲ့ သူတို့တွေက ကိုယ့်ကိုယ်ကို ဘယ်လောက် ယုံကြည် မှု ရှိတယ်ဆိုတာကို ပြတာပါ။

ခပ်တည်တည်နေတဲ့ မျက်နှာထားက မလိုလားအပ်တဲ့ လှောင်ပြောင် သရော်မှုတွေ ကိုပါ အလိုအလျောက်တားဆီးပြီးသား ဖြစ်သွားစေတဲ့ အတွက်ကြောင့် မရယ်ကြ၊မပြုံးကြတာပါ။

နောက်ထပ် ယုံကြည်မှုက သူတို့ ဝတ်ဆင်ထားတဲ့ အဝတ်အစားအပေါ် ဝတ်ထားရတဲ့ အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေတယ်ဆို တာကို ပြ တဲ့ အနေနဲ့ ရုပ်တည်ကြီးနဲ့ နေကြတာပါ။


(၆)အပြုံးက အဝတ်အစားတိုင်းနဲ့ မလိုက်ဖက်

မော်ဒယ်တွေက Runway Show တွေမှာဆိုရင် ဒီဇိုင်နာတွေက စိတ်ကူးဉာဏ် ကွန့်မြူး ထားတဲ့ ဝတ်စုံဒီဇိုင်း အမျိုး မျိုးကို ဝတ်ပြရတာပါ။

Runway မဟုတ်တဲ့ လက်တွေ့ပြင်ပမှာတော့ အပြုံးကို ဆောင်သင့်တယ်ဆိုပေမယ့် လဲ တစ်ခါ တလေကျတော့လဲ သူ့နေရာနဲ့သူ ချွင်းချက်တွေရှိပါတယ်။အထူးသဖြင့် မျက်နှာပေါ်က အပြုံးက ဒီဇိုင်နာ ဆင် ပေးလိုက် တဲ့ ဝတ်စုံတိုင်းနဲ့ လိုက်ဖက်ချင်မှ လိုက်ဖက်မှာပါ။

တကယ့်ကို Strong ဖြစ်တဲ့ ဒီဇိုင်းမျိုး၊နည်းနည်း အူကြောင် ကြောင် နိုင်တဲ့ ဝတ်စုံဒီဇိုင်းမျိုးဟာ အရယ်အပြုံးမရှိတဲ့ မျက်နှာမျိုးနဲ့ပဲ လိုက်ဖက်တဲ့ အတွက်ကြောင့်ပါ။

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

Runway ထက္မွာ ေမာ္ဒယ္ေတြ အမ်ားႀကီးနဲ႔ ေလွ်ာက္ၾကတဲ့ တကယ့္ ဒိတ္ဒိတ္ႀကဲထိပ္တန္း Model Show ပြဲ ေတြကို ၾကည့္ဖူးၾကမွာပါ။

အဲ့ဒီပြဲေတြမွာ ေသခ်ာသတိထား ၾကည့္မယ္ဆိုရင္ေတာ့ ေလွ်ာက္လွမ္း (Runway) ထက္ မွာ ေလွ်ာက္တဲ့ ေမာ္ဒယ္ေတြရဲ႕ မ်က္ႏွာထားေတြဟာ လုံးဝ႐ုပ္တည္ႀကီးေတြ ျဖစ္ေနတာကိုေတြ႕ရမွာပါ။

တည္ေနတဲ့ မ်က္ႏွာ ေပၚမွာ ရယ္ျခင္း၊ၿပဳံးျခင္း လုံးဝကို ကင္းမဲ့ ေနတာကို ေတြ႕ရမွာပါ။သူတို႔ေတြ ဘာလို႔ Runway ထက္မွာ မရယ္ၾက၊မၿပဳံး ၾကတာလဲ။

 

(1)No Smile Policy

မဟာဆန္ၿပီး တည္ၾကည္တဲ့ မ်က္ႏွာေပးပုံစံမ်ိဳးဟာ (၁၉)ရာစုေလာက္တုန္းက အရမ္းကို နာမည္ႀကီး ခဲ့ပါတယ္။

႐ႊင္ျပ ေနတဲ့ အၿပဳံးမ်က္ႏွာမ်ိဳးထက္ ေခတ္ စကားနဲ႔ဆိုရင္ေတာ့ ခပ္ေခ်ေခ် မ်က္ႏွာေပးမ်ိဳးကမွ မဟာဆန္တဲ့ပုံစံမ်ိဳး ေပါက္ ေစတယ္လို႔ လက္ခံယုံၾကည္ထားၾကလို႔ပါ။

(၁၉)ရာစုေလာက္တုန္းက ေတာ္ဝင္မ်ိဳးႏြယ္ေတြရဲ႕ ပုံတူေတြတိုင္းဟာ အဲ့ဒီလို မ်က္ႏွာထိမ်က္ႏွာထားမ်ိဳးပါ။

ဒါေၾကာင့္ မာနႀကီးတဲ့ ၊ ခပ္ေခ်ေခ် မ်က္ႏွာထားမ်ိဳးကသာ တည္ၾကည္မႈ၊အဆင့္ အတန္း ရွိမႈကို ေဖာ္ျပတဲ့ သေကၤတတစ္ခုလို႔ လက္ခံထားၾကလို႔ပါ။

ဒါေၾကာင့္ Runway ထက္မွာ ေမာ္ဒယ္ေတြ က No Smile Policy ကို လက္ခံက်င့္သုံးၾကတာပါ။

 

(2)“I Am Better Than You”

မ်က္ႏွာေပၚမွာ အၿပဳံးဆင္လိုက္တာဟာ သမ႐ိုးက် မ်က္ႏွာမ်ိဳး၊စကားေျပာဖို႔၊မိတ္ဖြဲ႕ဖို႔ လြယ္တယ္ဆိုတဲ့ သေဘာ ေဆာင္ ပါတယ္။

ေမာ္ဒယ္ေတြကေတာ့ Runway ထက္မွာဆိုရင္ ဒါကို ေျပာင္းျပန္လွန္ပစ္ရပါတယ္။

အၿပဳံးမ်က္ႏွာနဲ႔ သူူတို႔ရဲ႕ status ကိုျမႇင့္တင္တာမ်ိဳးမလုပ္ပဲ ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္မႈျမႇင့္တင္ျပ သလို ေနာက္တစ္ခုက ဥေရာပ အထက္တန္း လူဂုဏ္တန္ေတြရဲ႕ ပုံစံျဖစ္တဲ့ အမႈမထားတဲ့ ခပ္တည္တည္ ပုံစံမ်ိဳးေပါက္ေအာင္ တမင္ထိန္းထားတာပါ။

အဲ့ဒီလို ႐ုပ္ တည္ တည္ ခပ္ေခ်ေခ် မ်က္ႏွာထားက “I Am Better Than You” Message ကို ေပးတာပါ။ ငါက နင့္ထက္ ပိုေတာ္၊ပိုေကာင္းတယ္ဆိုတဲ့ ဟန္နဲ႔မာန္နဲ႔ စတိုင္မ်ိဳးကို ဖမ္းတာပါ။

 

(၃)မယိုင္နဲ႔လြယ္တဲ့ Personality ကို ေဖာ္ျပ

ဒီ Runway ထက္မွာ ေလွ်က္ေနတဲ့ သူတို႔ရဲ႕ စိတ္ခံစားခ်က္ေတြကို သင့္အေနနဲ႔လာၿပီး ထိန္းခ်ဳပ္ လို႔ မရဘူး ဆိုတာကို ေဖာ္ျပတာပါ။

တစ္နည္းအားျဖင့္ဆိုရင္ေတာ့ စင္ထက္က သူတို႔ဟာ မယိုင္နဲ႔လြယ္၊စိတ္ခံစားခ်က္က အတြင္းပိုင္းမွာ အ ရမ္း လႈပ္ရွားေနခဲ့ရင္ေတာင္မွ ထိန္းၿပီး မယိုင္နဲ႔လြယ္တဲ့ Personality ပိုင္ရွင္ ဆိုတဲ့ ပုံစံေပါက္ေအာင္ ဟန္ လုပ္ သ႐ုပ္ေဆာင္ၾကတာပါ။

ခပ္တည္တည္႐ုပ္တည္ပုံစံက မယိုင္နဲ႔လြယ္တဲ့ Personality ဆိုတာကို ေဖာ္ျပေစတယ္လို႔ ယုံၾကည္တာေၾကာင့္ မရယ္ၾက၊မၿပဳံးၾကတာပါ။

 

(၄)Product အေပၚ အာ႐ုံစိုက္မႈေလ်ာ့ႏိုင္လို႔

ဒါကေတာ့ တကယ့္နာမည္ႀကီး Brand ေတြကေန လုပ္တဲ့ Show ပြဲေတြမွာ သတိထားၾကည့္ရင္ ေတြ႕ရမွာပါ။

တစ္ ခါ တေလ က်ရင္ အ႐ုပ္ႀကီးေတြက လမ္းေလွ်ာက္ေနသလား လို႔ေတာင္ ထင္ရေလာက္ေအာင္ မ်က္ႏွာထားေတြက ႐ုပ္ေသ၊႐ုပ္တည္ႀကီးေတြ ျဖစ္ေနတာကိုေတြ႕ရမွာပါ။

မ်က္ႏွာေပၚမွာ အမူအရာ ေတြထည့္ ေနရင္ လူေတြက သူတို႔ေၾကာ္ျငာေနတဲ့ Brand (သို႔) Product အေပၚ လူေတြက အာ႐ုံစိုက္မႈေလ်ာ့သြားမွာ စိုးလို႔ပါ။

ဒါေၾကာင့္ ဒီဇိုင္နာ ဖန္တီး လိုက္တဲ့ အရာအေပၚမွာ ပဲ လူေတြရဲ႕ စိတ္အာ႐ုံရွိေနေအာင္၊မ်က္ႏွာေပၚမွာ အရယ္အၿပဳံးေတြ မထည့္တာပါ။


(၅)ယုံၾကည္မႈရွိတာကို ေဖာ္ျပတာ

ဒါကေတာ့ ရွင္းပါတယ္။ဒီ runway ထက္မွာ ေလွ်ာက္ေနတဲ့ သူတို႔ေတြက ကိုယ့္ကိုယ္ကို ဘယ္ေလာက္ ယုံၾကည္ မႈ ရွိတယ္ဆိုတာကို ျပတာပါ။

ခပ္တည္တည္ေနတဲ့ မ်က္ႏွာထားက မလိုလားအပ္တဲ့ ေလွာင္ေျပာင္ သေရာ္မႈေတြ ကိုပါ အလိုအေလ်ာက္တားဆီးၿပီးသား ျဖစ္သြားေစတဲ့ အတြက္ေၾကာင့္ မရယ္ၾက၊မၿပဳံးၾကတာပါ။

ေနာက္ထပ္ ယုံၾကည္မႈက သူတို႔ ဝတ္ဆင္ထားတဲ့ အဝတ္အစားအေပၚ ဝတ္ထားရတဲ့ အတြက္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ရွိေနတယ္ဆို တာကို ျပ တဲ့ အေနနဲ႔ ႐ုပ္တည္ႀကီးနဲ႔ ေနၾကတာပါ။

 

(၆)အၿပဳံးက အဝတ္အစားတိုင္းနဲ႔ မလိုက္ဖက္

ေမာ္ဒယ္ေတြက Runway Show ေတြမွာဆိုရင္ ဒီဇိုင္နာေတြက စိတ္ကူးဉာဏ္ ကြန႔္ျမဴး ထားတဲ့ ဝတ္စုံဒီဇိုင္း အမ်ိဳး မ်ိဳးကို ဝတ္ျပရတာပါ။

Runway မဟုတ္တဲ့ လက္ေတြ႕ျပင္ပမွာေတာ့ အၿပဳံးကို ေဆာင္သင့္တယ္ဆိုေပမယ့္ လဲ တစ္ခါ တေလက်ေတာ့လဲ သူ႔ေနရာနဲ႔သူ ခြၽင္းခ်က္ေတြရွိပါတယ္။အထူးသျဖင့္ မ်က္ႏွာေပၚက အၿပဳံးက ဒီဇိုင္နာ ဆင္ ေပးလိုက္ တဲ့ ဝတ္စုံတိုင္းနဲ႔ လိုက္ဖက္ခ်င္မွ လိုက္ဖက္မွာပါ။

တကယ့္ကို Strong ျဖစ္တဲ့ ဒီဇိုင္းမ်ိဳး၊နည္းနည္း အူေၾကာင္ ေၾကာင္ ႏိုင္တဲ့ ဝတ္စုံဒီဇိုင္းမ်ိဳးဟာ အရယ္အၿပဳံးမရွိတဲ့ မ်က္ႏွာမ်ိဳးနဲ႔ပဲ လိုက္ဖက္တဲ့ အတြက္ေၾကာင့္ပါ။

  

Credit း AM

Myanmar Textile and Garment Directory

စက္ခ်ဳပ္သင္တန္းေတြကို စိတ္ဝင္စားတယ္ဆိုရင္ေတာ့ ဒါေလးႏွိပ္ၾကည့္ပါ

 

Read 1470 times
Rate this item
(0 votes)
Tagged under