What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Blocks နဲ့ Patterns

ဘလောက်ဆိုတာက တကယ်တော့ ပက်တန်တစ်မျိုးပါပဲ။ ဘလောက်နဲ့ ပက်တန်တွေက အလျားနဲ့ အနံတို့သာ ရှိတဲ့ အ၀တ်စ ဧရိယာတွေကို

ကိုယ်လုံး ကိုယ်ထည် ထုထည်တစ်ခုအဖြစ် အလျား အနံ အမြင့် အတိုင်းအတာ ၃ ခု ဖြစ်သွားအောင် ရုပ်လုံးဖော်တာမှာ အခြေခံတွေ ဖြစ်ပါတယ်။
အစတွေကို ပုံစံအတိုင်း ဖြတ်ပြီး တစ်ခုနဲ့တစ်ခု တွဲချုပ်လိုက်တဲ့အခါ ချုပ်ပြီးသား အ၀တ်အစား ဖြစ်သွားတယ်လို့ ပြောလိုက်ရင် လွယ်လွယ်လေးလို့ ထင်စရာ ဖြစ်ပါတယ်။ အသင့်ဖြတ်ပြီးသား အစတွေကို အပ်ချုပ်စက်မှာ ထိုင်ချုပ်တတ်ရုံလောက်နိုင်တော့ ဖက်ရှင်ဒီဇိုင်နာလို့ မဆိုသာပါဘူး။ စတိုင်ကျဖို့ ပုံထွက်ကောင်းဖို့ ၀တ်ဆင်သူမှာ အံဝင်ခွင်ကျ အဆင်ပြေစေဖို့ စတာတွေ ထည့်စဉ်းစားပေးရတဲ့အခါကျတော့ နက်နဲတဲ့ပညာ ဖြစ်သွားတယ်။ အဲဒီလို နက်နဲနေလို့လည်း သင်ယူလို့ မပြီးဆုံးနိုင်အောင် ဖြစ်ကြရတယ်။

block


Blocks
******
block ကို sloper လို့လည်း ခေါ်ကြတယ်။ အဲဒါက pattern တစ်မျိုး ဖြစ်ပြီး အလျားနဲ့ အနံ အတိုင်းအတာ နှစ်မျိုးပါတဲ့ နမူနာပုံစံတစ်ခု ဖြစ်ပါတယ်။ ချုပ်မယ့် အ၀တ်အစားရဲ့ အခြေခံပုံစံ တစ်ခု ဖြစ်ပါတယ်။ ဘော်လီအင်္ကျီပုံ၊ စကပ်ပုံ စသဖြင့် ပုံဖော်ပေးထားတယ်။ အဲဒီပုံပေါ်မှာ အခြေပြုပြီး မွမ်းမံကြတယ်။ ပိုအသေးစိတ်တဲ့ ဒီဇိုင်းပုံ ဖြစ်အောင် လုပ်ကြတယ်။
ဘလောက်မှာ သုံးတဲ့ အရွယ်အစားတွေကsize တစ်ခု (ဥပမာ size 4 ) မှာ သတ်မှတ်ပြဋ္ဌာန်းထားတ့ ရင် ခါး တင် အတိုင်းအတာ သတ်မှတ်ချက်အရ ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒါမှ မဟုတ် စံပြုမယ့် မော်ဒယ်ရဲ့ ကိုယ်ခန္ဓာရဲ့ အတိုင်းအတာတွေအရ ပုံဖော်ပေးထားတယ်။ သူ့မှာ စတိုင်ထုတ်ဖို့အတွက် မှတ်သားပေးထားတဲ့ လိုင်းတွေ မပါဘူး။ ချုပ်သားအတွက်လည်း မပါဘူး။
ဒါပေမဲ့ ၀တ်ဆင်သူ သက်သာချောင်ချိမှု wearing ease အတွက်တော့ အခြေခံ သတ်မှတ်ချက် ပမာဏကို ထည့်ပေးထားတယ်။ ဒါပေမဲ့ ကိုယ်ကျပ်စတိုင် ချုပ်မယ်ဆိုရင်တော့ အဲဒီ ease ပမာဏက နည်းနေမယ်။ တကယ်လို့ အပေါ်ကနေ ထပ်ဝတ်မယ့် overcoat လိုဟာမျိုးဆိုရင်တော့ ease ပမာဏ များများထားတယ်။ ဒါမှလည်း အပေါ်က တစ်ထပ် ထပ်ဝတ်ရင် တအားကျပ် မနေမှာ ဖြစ်ပါတယ်။
ease အပြင် ဒေါက် dart တွေလည်း ဖော်ပြပေးထားတယ်။ ခါးနဲ့ ရင် တို့ကို ပုံဖော်ပေးဖို့ဆိုရင် ဒေါက်တွေ ပါမယ်။ အပေါ်ကနေ ထပ်ဝတ်မယ့် overcoat လိုဟာမျိုးဆိုရင်တော့ ဒေါက်ထည့်ဖို့ မလိုတာကြောင့် ပါမှာ မဟုတ်ဘူး။ ခပ်ချောင်ချောင်ပွပွ fitting လုပ်ရမှာ မဟုတ်လား။ ဒီတော့ ဒေါက် မလိုဘူး။

 

 

Patterns
********
Pattern ကို ဒီဇိုင်း sketch ဆွဲထားတာအရ block ကို မွမ်းမံပြီး ပုံစံ ထုတ်ယူတယ်။ ဒီဇိုင်နာဖြစ်ဖြစ် pattern cutter ဖြစ်ဖြစ်က မွမ်းမံပေးတယ်။ block မှာ စတိုင်ဖမ်းဖို့ လိုင်းတွေ လိုအပ်သလို ထည့်ပေးတယ်။ စကပ်မှာ ခါးပတ်ကြိုး အလှတပ်တာမျိုးတွေ လှိုင်းတွန့်ထည့်တာမျိုးတွေ အိတ်ထောင်တွေ ထပ်တွန့်တွေ လိုအပ်သလို ထည့်မယ်။ လိုတိုးပိုလျှော့ လုပ်ရမယ့် နေရာတွေမှာ လိုအပ်သလို တိုးပေး လျှော့ပေးတယ်။
စိတ်တိုင်းကျ လုပ်ပြီးတဲ့အခါ pattern တွေ ရလာမယ်။ အဲဒီ pattern အပိုင်းအတိုင်း အထည်စကို အတိအကျ ဖြတ်တောက်မယ်။ ပြီးရင် အပိုင်းတွေကို ဆက်စပ်ပြီး ချုပ်မယ်။ အဲဒီလု ထိစပ်ဖို့အတွက် pattern တွေမှာ အမှတ်အသားတွေ မှတ်သားပေးထားတာကို notches လို့ ခေါ်ကြတယ်။ ဆိုင်ရာဆိုင်ရာ အမှတ် notch တွေ ထိစပ်ပေးပြီး အပိုင်းနှစ်စကို တွဲချုပ်ပေးကြရမှာ ဖြစ်ပါတယ်။ အဲဒီလို တွဲချုပ်တာမှာ တိတိကျကျ မှန်မှန်ကန်ကန် ဖြစ်ဖို့ ဂရုစိုက်ကြရတယ်။ လွဲချော်ရင် အ၀တ်အစား ရွှဲ့စောင်းနေတာ၊ လိန်နေတာ၊ လှိုင်းထနေတာ တွန့်နေတာတွေ ဖြစ်ကုန်လိမ့်မယ်။
အခုလို block ကနေ pattern အဖြစ် မွမ်းမံတဲ့အခါ pattern ကို စိတ်တိုင်းကျ ရသွားပြီဆိုရင် ချုပ်သားနေရာတွေကို ဖြည့်ထည့်ပေးလိုက်တယ်။
pattern ကို အပြစ်အနာကင်းကင်း စင်းလုံးချော ဖြစ်မဖြစ်ဆိုတာကို သိရဖို့ အပေါစား အ၀တ်စကို သုံးပြီး pattern တွေကို့ ပုံဖော်ဖြတ်တောက်တယ်။ အစမ်းချုပ်ကြည့်တယ်။ အဲဒီနမူနာကို toile တွိုင်လို့ ခေါ်ကြတယ်။ fitting မော်ဒယ်ကို ၀တ်ခိုင်းပြီး ပြင်ပေးဖို့ လိုအပ်တာ ရှိရင် ပြင်ပေးတယ်။ အဲဒီလို ပြင်ရတောတွေကို pattern မှာ လိုက်ပြင်ပေးတယ်။ ပြီးတဲ့အခါကျမှ တကယ့်နောက်ဆုံး pattern ကို ရရှိပါတော့တယ်။

အဲဒီ pattern ကို အခြေပြုပြီး အရွယ်အစား size နံပါတ်တွေအရ pattern တွေရအောင် grading လုပ်ကြမှာ ဖြစ်ပါတယ်။ 

ဒါမှမဟုတ် တစ်ဦးတစ်ယောက်ကို ချုပ်ဖို့အတွက် pattern ပြန်ဆွဲမှာ ဖြစ်ပါတယ်။

 

block to pattern

 

အရေးပါတဲ့ စီလိုဝက်ဒ် silhouette

ကိုယ်ခန္ဓာ ပုံပန်းသဏ္ဍာန် ၁၀ မျိုး

 

 

Read 2674 times
Rate this item
(0 votes)