What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင်ကြိုက်နှစ်သက်တဲ့ အင်္ကျီအရောင်ကနေ သင့်ရဲ့စိတ်နေစိတ်ထားကို ပြောပြနေတဲ့ အကြောင်းများ

လူတိုင်း ထသွားထလာ ဝတ်ဆင်ကျတဲ့ အင်္ကျီအရောင်တွေရှိကျပါတယ်။ သင်ရွေးချယ်လိုက်တဲ့ အင်္ကျီအရောင်ဟာ အသက်၊ ရာသီဥတု၊ ဖက်ရှင်ရေစီးကြောင်း၊ ခံစားချက်နှင့် အခြားအရာတွေပေါ်မှာလည်းပဲ မူတည်နေပါတယ်။

ဒါပေမဲ့ ကျယ်ပြန့်လှတဲ့ လူဦးရေအများစုအတွက် အရင်ထဲက သီးခြား အရောင်တွေ အများအပြားရှိခဲ့တယ်။သင်ရွေးချယ်လိုက်တဲ့ အရောင်တွေကနေ သင့်ရဲ့စိတ်နေစိတ်ထားတွေကို ပြောပြနေတဲ့ အကြောင်းကို သင်သိလား? မသိသေးဘူးဆိုရင် ဘယ်လို အရောင်တွေကသင့်ရဲ့ စိတ်နေစိတ်ထားကို ဖော်ပြပေးလဲဆိုတာကို ပြောပြပေးပါမယ်။

1.အနီရောင်

1
အနီရောင်ကြိုက်နှစ်သက်တဲ့သူတွေဟာ လိုအင်ဆန္ဒနှင့် စိတ်အားထက်သန်မှု ပြင်းပြပြီး ဘယ်သူ့ကိုမှ လျှို့ဝှက်ချက် ထားလေ့မရှိဘူး။ တစ်ဦးတည်း ယှဉ်ပြိုင် လှုပ်ရှားတတ်ပြီး တက်တက်ကြွကြွ နေတတ်တဲ့သူ ဖြစ်တယ်။ အကယ်၍ သင်ဟာ အနီရောင်ကို နှစ်သက်စွဲလမ်းတဲ့သူဆိုလျှင် တစ်ဇွတ်ထိုးဆန်ဆန် ပြုလုပ်လေ့ရှိတယ်။ ထိုကဲ့သို့သော လူများဟာကြောက်ရွံ့မှုမရှိပဲ သူတို့တွေရဲ့အိပ်မက်ကို အကောင်ထည်ဖော်ဖန်တီးပြီး အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းတတ်သူဖြစ်တယ်။ မကြာခဏ ဒေါသထွက်လေ့ရှိတယ်။ အလွန်သစ္စာရှိပြီး ညီတူညီမျှ ဆက်ဆံတတ်သူဖြစ်ပါတယ်။

2.အပြာရင့်ရောင်

2
အကယ်၍ သင်ဟာအပြာရင့်ရောင်ကို ကြိုက်နှစ်သက်သူဆိုလျှင် သင်ဟာအခွင့်အရေးတွေကို အဆုံးအရှုံးမခံဘဲ မဆုတ်မနစ်ကြိုးစားတတ်သူဖြစ်တယ်။ တည်ငြိမ်အေးဆေးစွာ နေတတ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူ တစ်ဦးလည်းဖြစ်တယ်။

3.အဖြူရောင်

11
သင်ဟာ တစ်ခြားအရောင်တွေထက် အဖြူရောင်ကို နှစ်သက်တယ်ဆိုရင် သင်ဟာ နူးညံ့တဲ့စိတ်ထားပိုင်ဆိုင်တဲ့သူဖြစ်တယ်။ အဖြူရောင်ဟာ တည်ငြိမ်အေးချမ်းတဲ့ အရောင်ဖြစ်ပြီး လူတိုင်းရဲ့ အဝတ်ဗီရိုထဲမှာ အဖြူရောင်မရှိဘူးဆိုတာ ရှားလှပါတယ်။ အဖြူရောင်ကြိုက်နှစ်သက်သူတွေက အခွင့်အလမ်းတွေကို ရှာဖွေတတ်ပြီး နေရာတိုင်းမှာ အကောင်းမြင်စိတ် ထားတတ်တဲ့ သူတွေဖြစ်ပါတယ်။

4.ခရမ်းရောင်

2
ခရမ်းရောင်ဟာ အနီနဲ့အပြာကို ရောစပ်ထားတဲ့ အရောင်ဖြစ်တယ်။ ခရမ်းရောင်နှစ်သက်တဲ့သူတွေက တစ်စုံတစ်ခုပေါ်မှာ စိတ်ခံစားမှုလွယ်တဲ့သူတွေဖြစ်တယ်။ သူတို့က လူတွေအားလုံးကို လွှမ်းမိုးနိုင်ပြီးတော့ သူတို့ရဲ့ စိတ်ကိုမြင်နိုင်ဖို့ အတွက် ခန့်မှန်းရခက်ပါတယ်။ယေဘုယျအားဖြင့် စိတ်ဝင်စားဖို့ကောင်းတဲ့ လူတွေဖြစ်ပြီး ပေါင်းသင်းဆက်ဆက်ဆံရေးကောင်းတဲ့သူတွေဖြစ်တယ်။

5.ပန်းရောင်

4
ပန်းရောင်ဟာ နူးညံ့ပြော့ပြောင်းပြီး အေးချမ်းလှတဲ့ အရောင်ဖြစ်တယ်။ ပန်းရောင်ကြိုက်နှစ်သက်တဲ့သူတွေဟာ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့သူဖြစ်တယ်။ သနားကြင်နာတတ်ပြီး တစ်ယောက်ထဲ အေးအေးဆေးဆေး နေထိုင်တတ်သူတွေဖြစ်ပါတယ်။

6.အစိမ်းရောင်

5
အစိမ်းရောင်နှစ်သက်သူတွေက လျှို့ဝှက်ဆန်းကြယ်ပြီး ချစ်စရာကောင်းတဲ့သူတွေဖြစ်ပါတယ်။ အဲ့လိုမျိုးလူတွေဟာ ယုံကြည်ချက်ပြင်းထန်ပြီး သြဇာအာဏာကြီးမားတဲ့သူတွေဖြစ်တယ်။ အမြဲမြဲလိုလို ယုံကြည်ချက်တွေ ခိုင်မာအောင်လို့ သူတို့ကိုယ်သူတို့ နည်းလမ်းတွေရှာဖွေတတ်တယ်။

7.အဝါရောင်

6
အဝါရောင်မြတ်နိုးသူတွေဟာ ရင်းနှီးခင်မင်တတ်ပြီး အေးအေးချမ်းချမ်းနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတဲ့သူတွေ ဖြစ်ကျတယ်။ လွတ်လပ်စွာနေထိုင်တတ်ပြီး ဆက်ဆံရေးကောင်းမွန်တဲ့သူတွေလည်းဖြစ်ကျတယ်။

8.အပြာနုရောင်

7
အပြာနုရောင်ကို ကြိုက်နှစ်သက်တဲ့သူတွေဟာ သူတို့ရဲ့ ဗီရိုထဲမှာ များသောအားဖြင့် အပြာနုရောင်ကအများဆုံးပါပဲ။ အပြာနုရောင်ကို နှစ်သက်တဲ့သူတွေဟာ တောင်းဆိုချက်တွေ မျှော်လင့်ချက်တွေ အများကြီးမရှိဘူး။ လူအများနဲ့ ရောရောနှောနှော နေတတ်လေ့ရှိကျတယ်။

9.အနက်ရောင်

10
အနက်ရောင်ဟာ ဆွဲဆောင်မှုအရှိဆုံး အရောင်ဖြစ်ပြီး လူတိုင်းနဲ့ လိုက်ဖက်တဲ့အရောင်လည်း ဖြစ်တယ်။ အနက်ရောင်ကို နှစ်သက်တဲ့သူတွေဟာ အလွန်လျှို့ဝှက်တတ်ပြီး သဘာဝကို ဆန့်ကျင်တတ်တဲ့သူတွေလည်းဖြစ်တယ်။ စတိုင်ကျပြီး ဆွဲဆောင်မှုရှိသူတွေဖြစ်ပါတယ်။

10.မီးခိုးရောင်

9
မီးခိုးရောင်ကို ကြိုက်နှစ်သက်သူတွေဟာ မကြာခဏ ကြောက်ရွံ့စိုးရိမ်တတ်ပြီး ပုန်းလျှိုးကွယ်လျှိုး နေတတ်ကျတယ်။ ဒါပေမဲ့ အလုပ်တစ်ခုကို လုပ်ရာမှာသေချာအာရုံစိုက် ကြိုးစားတဲ့သူတွေဖြစ်တယ်။ သူတို့ဟာ ကြွားဝါတတ်သူတွေလည်းမဟုတ်သလို ခံစားချက်တွေကိုလည်းမျိုသိပ်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောတတ်သူတွေဖြစ်တယ်။
အခုပြောပြပေးလိုက်တဲ့ အရောင်တွေထဲက ကိုယ်ကြိုက်နှစ်သက်တဲ့အရောင်နဲ့ ကိုယ့်ရဲ့စိတ်နေစိတ်ထားက ဘာလဲဆိုတာ သိပြီးလောက်ပြီပေါ့နော်။

 

TDA

Read 6859 times
Rate this item
(4 votes)