What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပိုက်ဆံအများကြီးကုန်စရာမလိုဘဲ စတိုင်ကျစေဖို့ ဘာတွေသိထားရမလဲ

စတိုင်ကျသူဖြစ်ဖို့ ဒါလေးတွေသိထားရင်အိုခေပြီလေ။အကောင်းစား အဝတ်အစားတွေဝတ်မှ၊ Branded ဖိနပ်တွေစီးမှ၊ ဈေးကြီးတဲ့အိတ်တွေ ကိုင်မှ စတိုင်ကျလှပတာ မဟုတ်ပါဘူး။

စတိုင်ကျတဲ့ မိန်းကလေးဖြစ်ဖို့ဆိုတာ ဖက်ရှင်ကျကျဝတ်စားတတ်တဲ့ ဖက်ရှင်အမြင်ပဲလိုပါတယ်။ နောက်တစ်ခုကတော့ confidence ဆိုတဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့ပါပဲ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့ မိန်းကလေးဆိုတာ ဘယ်ချိန်ကြည့်ကြည့် မိတ်ကပ်မပါတာတောင် လှနေတာအမှန်ပါပဲ…ယောင်းယောင်းတို့ရေ။

စတိုင်ကျလှပသူတယောက်ဖြစ်ဖို့ ကောင်းပေ့ ညွန့်ပေ့ဆိုတာတွေ ဆင်ယင်စရာမလိုပါဘူးနော်။ ဒီအချက်ကလေးတွေ သိထားရင်လည်း စတိုင်ကျသူဖြစ်လာမှာပါ။

– စတိုင်ကျတဲ့ဖက်ရှင်ဖြစ်ဖို့ အရင်ဆုံးလိုအပ်တာကတော့ ကိုယ်နဲ့လိုက်ဖက်တဲ့ဖက်ရှင်ဖြစ်ရပါမယ်။ ပြောချင်တာက… ပေါ်သမျှ ခေတ်စားသမျှ Trend ဖြစ်တိုင်း မဝတ်သင့်ပါဘူး။ လတ်တလောခေတ်စားနေတဲ့ဖက်ရှင်က သူများနဲ့ ကြည့်ကောင်းချင်ကောင်းနေမှာဖြစ်ပေမယ့် ကိုယ်နဲ့ကျတော့ လိုက်ဖက်ချင်မှ လိုက်ဖက်တာမို့ပါ။ Megan ကတော့ အသစ်ထွက်သမျှ Trend တွေ နောက်မလိုက်စေချင်ပါဘူး။

– နောက်တခုက ကိုယ်သွားမယ့်နေရာနဲ့ လိုက်ဖက်မှုရှိရပါမယ်။ ဘုရားသွားတဲ့အခါ မြန်မာဝတ်စုံ အင်္ကျီလေးနဲ့ လုံချည်အတွဲအဆက်လေးကို ကျက်သရေရှိရှိဝတ်သင့်သလို ဘော်ဒါတွေ၊ချစ်ချစ်တွေနဲ့ လျှောက်လည်တဲ့အခါ ပေါ့ပါးပြီးသက်တောင့်သက်သာရှိတာမျိုး ရွေးသင့်ပါတယ်နော်။ ကိုယ်သွားမယ့်နေရာက ဘယ်နေရာလဲဆိုတာကိုလိုက်ပြီး သင့်တော်တဲ့ဖက်ရှင်ကို ရွေးတတ်ရင် ယောင်းဟာစတိုင်ကျသူတဦးဖြစ်လာမှာပါ။

– ပြီးတော့ ရာသီဥတုနဲ့ လည်း လိုက်ဖက်ဖို့ လိုပါတယ်နော်။မိုးရေစိုစွတ်စွတ်နဲ့ အေးတဲ့ရာသီမျိုးမှာ အတိုအပြတ်တွေ၊ စကဒ်တိုနန့်နန့်ခပ်ကားကားတွေက မသင့်တော်လှသလို ခေါင်းစွပ် hoody ဖက်ရှင်ကို ခရေစီဖြစ်တိုင်း နွေရာသီမှာပါဝတ်နေလို့လည်း အဆင်မပြေဘူးလေနော်။ တော်ကြာမိုးရွာနေတဲ့အချိန် စကဒ်တိုက လေတိုက်လို့လန်သွားမှဖြင့် (အမယ်လေး…မတွေးဝံ့ဘူး)မလန်းဘဲ ဂွမ်းနေမှာ။

– ကိုယ်နဲ့သက်တောင့်သက်သာဖြစ်တဲ့ဖက်ရှင်ကို ရွေးချယ်ပါ။ ဘာလို့လဲဆိုတော့ ပွဲတက်တာပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့လျှောက်လည်တာ မုန့်စားတာတွေပဲဖြစ်ဖြစ်လုပ်တဲ့အခါ အဝတ်အစားကြောင့်စိတ်အနှောင့်ယှက်ဖြစ်ရတာမျိုး၊ စိတ်ကကိုယ့်အဝတ်အစားပေါ်ပဲ ရောက်နေရတာမျိုးဖြစ်နေရရင် ဘယ်လိုလုပ်စတိုင်ကျနိုင်တော့မလဲနော်။

– နောက်ဆုံးအချက်အနေနဲ့ကတော့ – ကိုယ်နဲ့သက်တောင့်သက်သာဖြစ်တဲ့ဖက်ရှင်ကို ရွေးချယ်ပါ။ ဘာလို့လဲဆိုတော့ ပွဲတက်တာပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့လျှောက်လည်တာ မုန့်စားတာတွေပဲဖြစ်ဖြစ်လုပ်တဲ့အခါ အဝတ်အစားကြောင့်စိတ်အနှောင့်ယှက်ဖြစ်ရတာမျိုး၊ စိတ်ကကိုယ့်အဝတ်အစားပေါ်ပဲ ရောက်နေရတာမျိုးဖြစ်နေရရင် ဘယ်လိုလုပ်စတိုင်ကျနိုင်တော့မလဲနော်။

– နောက်ဆုံးအချက်အနေနဲ့ ပြောရရင်တော့ ကိုယ်ဝတ်ထားတဲ့အဝတ်အစားအပေါ် စိတ်ကျေနပ်မှု ရှိနေပါစေ။ ယောင်းတို့တော့ ဖြစ်ဖူးလားမသိဘူး။ တစ်ခါတလေကိုယ်အရမ်းကြိုက်တဲ့ဖက်ရှင်ဆိုပြီး ဝတ်လိုက်ပေမယ့် တစ်နေကုန်စိတ်က မကြည်မလင်နဲ့ အလိုမကျဖြစ်ရတာမျိုး။ Megan ကတော့ ဖြစ်ဖူးတယ်။ ကြိုက်လို့ဝတ်ပေမယ့် ဒီဖက်ရှင်က ကိုယ့်စိတ်ထဲမှာ သက်တောင့်သက်သာနဲ့ စိတ်သက်သာမှုမရှိဘူး..ပြောရမယ်ဆို စိတ်ကျေနပ်မှုမဖြစ်ဘူးပေါ့ကွာ..အဲ့လိုမျိုး။ ကိုယ့်အဝတ်အစားကြောင့် ကိုယ်ရဲ့ စိတ်က နေလို့အဆင်မပြေဘူးဆိုရင်တော့ စတိုင်ကျကျ လန်းနေနိုင်တော့မှာ မဟုတ်ဘူးလေနော်။

တကယ်တမ်းက စတိုင်ကျဖို့ဆိုတာ ပိုက်ဆံတွေများကြီး အကုန်ခံ shoppingတွေထွက်ပြီး ဈေးကြီးတဲ့အဝတ်အစားတွေ ဝယ်ဝတ်စရာမလိုပါဘူးနော်။ ဒီအချက်ကလေးတွေ ကို သိထားပြီဆိုရင် ကိုယ့်မှာရှိတာလေးတွေနဲ့ စတိုင်ကျကျနဲ့ လှပအောင် ဘယ်လိုဝတ်ကြည့်မလဲဆိုတာ ပေါက်သွားပြီဟုတ်။

source:forher myanmar

Read 1442 times
Rate this item
(1 Vote)